Thursday, July 12, 2018

ယနေ့မီးလောင်မှုဖြစ်ပွားသည့် ကြက်သားစက်ရုံ၌ မြန်မာအလုပ်သမားများမရှိကြောင်းသိရ



၁၂.၇.၂၀၁၈၊ နခွန်ရပ်စီမာ

ယနေ့ မီးလောင်းမှုဖြစ်ပွားသည့် ထိုင်းနိုင်ငံ၊ နခွန်ရပ်စီမာပြည်နယ်၊ကိုရတ်မြို့နယ်    ကြက်သားစက်ရုံတွင် ထိုင်းအလုပ်သမား ၅၀၀ခန့်ဝင်ရောက်အလုပ်လုပ်ကိုင်လျက်ရှိပြီး  မြန်မာအလုပ်သမားများမရှိကြောင်း မြို့တော်ဘန်ကောက်ရှိ အလုပ်သမားသံအရာရှိရုံး၏ဆက်သွယ်ပြောကြားချက်အရသိရသည်။

ဒေသစံတော်ချိန် ၁၀ နာရီဝန်းကျင်တွင်ထိုင်းနိုင်ငံ၊ နခွန်ရပ်စီမာပြည်နယ်၊ကိုရတ်မြို့နယ် စက်မူဇုန်ရှိ ကြက်သားစက်ရုံ၌ မီးဖိုဆောင်မှတဆင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးစက်ရုံဝန်ထမ်းအချို့မှ မီးဖိုဆောင်အတွင်းရှိ ဓာတ်ငွေ့အိုးများအားစက်ရုံအတွင်းမှအချိန်မီသယ်ထုတ်နေရာပြောင်းရွေ့နိုင်ခဲ့ခြင်းကြောင့် ပေါက်ကွဲမှုမဖြစ်ပွားခဲ့ခြင်းဖြစ်ကာမီးလောင်မှုကြောင့် တန်ဖိုးငွေဘတ် ၁၀ ကျော်တန်ဖိုးရှိပစ္စည်းများပျက်ဆီးဆုံးရှုံးခဲ့ရကြောင်းထိုင်းနိုင်ငံရှိသတင်းဌာနများမှဖော်ပြချက်အရသိရသည်။


“စက်ရုံမီးလောင်းမှုဖြစ်တယ်ဆိုတဲ့သတင်းအချက်လက်တွေ ကျနော်တို့ထံရောက်လာတာနဲ့ ကျနော်တို့အလုပ်သမားတွေပါရှိရင် အချိန်နဲ့တပြေညီအကူညီပေးနိုင်မို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန(DOE)ရုံချုပ်
ကိုဆက်သွယ်စုံစမ်းကြည့်တဲ့အခါ မြန်မာအလုပ်သမားမရှိဘူးဆိုတာသိရတယ်”လို့ အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောပါသည်။

အခင်းဖြစ်မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်စခန်းမှမီးငြိမ်းသတ်ယာဉ်များအပါအဝင် အခြားမြို့နယ်မီးသတ်စခန်းအသီးသီးမှမီးငြိမ်းသတ်ယာဉ် ၂၀ စီးဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြရာ ၃ နာရီအကြာတွင်မီးငြိမ်းသတ်နိုင်ခဲ့ပြီး လက်ရှိ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်းထိုင်းနိုင်ငံရှိသတင်းဌာနများမှဖော်ပြချက်အရသိရသည်။

Subscribe Us