Sunday, May 27, 2018

ထိုင်းလုပ်ငန်းရှင် ထံ အထောက်အထားစာအုပ်နှင့်ရရှိမည့်လစာ တောင်းသည့် မြန်မာအလုပ်သမားကို ပစ္စည်းခိုးသည်ဟုစွပ်စွဲကာ ဖမ်းခိုင်း




၁၅.၅.၂၀၁၈၊ ဘန်ကောက် |အလုပ်သမားဟစ်တိုင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနီးရှိ စူခူဝီ ၂၆လမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ဖြစ်သူက မြန်မာအလုပ်သမား တစ်ဦး၏ အထောက်အထားစာရွက်များ၊သိမ်းထားပြီး လုပ်ခလစာမပေးသည့် အတွက် ရရှိမည့် လစာ နှင့်အထောက်အထားများတောင်းရာတွင် ယင်းအလုပ်သမား ကို ထိုင်းလုပ်ငန်းရှင် ပစ္စည်းခိုးယူမှုဖြင့်ရဲစခန်း သို့တိုင်းကြားကာ ဖမ်းခိုင်းခဲ့ကြောင်း သိရသည်။

အလုပ်ရှင်ထံမှ ဘတ်ငွေ၇၀၀၀ခန့်လုပ်အားခမရရှိသလို အလုပ်သမား၏သက်သေခံစာရွက်စာတမ်းကို
လည်းသက်တမ်းတိုးပေးမည်ဟုပြောဆိုသိမ်းဆည်းထားသဖြင့် အလုပ်သမားက လုပ်အားခပေးမည့်ရက်နှင့်သက်သေခံစာရွက်စာတမ်းများသက်တမ်းတိုးရန်သွားရောက်ပြောဆိုသည့်အခါ အကြောင်းအမျိုးမျိုးပြပြီး
မကြာခဏရွှေ့ဆိုင်ကြောင်းကို အလုပ်သမားဖြစ်သူ ကိုဆန်လေကပြောသည်။


“ခရမ်းရောင်စာအုပ်သက်တမ်းကကုန်တော့မယ် နောက်ပြီး လုပ်အားခတွေလည်းမပေးဘူး ဘယ်လိုမှပြောလို့မရတာနဲ့စိတ်ဆိုးပြီး အလုပ်မှာရှိတဲ့ ကားသော့ခတ်တဲ့သော့ကလောက်တစ်ချောင်းကျနော်ယူလာခဲ့တယ် ယူလာတယ်ဆိုတာလည်းဖုန်းဆက်ပြော လိုက်တယ်ကျနော်စာအုပ်နဲ့လုပ်အားခပြန်ပေးရင်ကျနော်ဒီသော့ ခလောက်ကိုပြန်ပေးမယ်လို့ပြောတယ် ညကျတော့ထိုင်းရဲနှစ်ယောက်နဲ့လာဖမ်းခိုင်တယ်”လို့ အဖမ်းခံရသူ ကိုဆန်လေကပြောသည်။

အလုပ်ရှင်ဖြစ်သူက ထိုင်းရဲနှင့်ဖမ်းခိုင်သဖြင့်အချုပ်ထဲ သို့ရောက်ရှိနေသူ ကိုဆန်လေ၏အစ်ကိုတော်စပ်သူမှ ထိုင်းနိုင်ငံဆိုင်ရာဘန်ကောက်မြို့ မြန်မာသံရုံးအလုပ် သမားသံအရာရှိထံသွားရောက်အကူညီတောင်းခံကြောင်းသိရသည်။

“အလုပ်ရှင်ဖြစ်သူကိုဖုန်းဆက်ပြီးအကျိုးကြောင်းပြောဆိုတာ ရဲစခန်းမှာလာရှင်းဆိုတာနဲ့ ကျနော်တို့ရဲစခန်းကိုလိုက်သွားတယ် ရဲစခန်းရောက်တော့ တာဝန်ရှိသူနဲ့ကျနော်တို့တွေ့တဲ့အခါ ကောင်လေးကပစ္စည်းခိုးသွားလို့အမှုဖွင့်ထားတာလွှတ်လို့မရဘူးပေါ့ဗျာ ဒါဆိုလည်း အလုပ်ရှင်ကိုလည်းလုပ်အားခမပေးတာရယ် စာအုပ်သိမ်းဆည်းထားတွေကိုအမှုဖွင့်လိုပါတယ်ပြောမှ ကောင်လေးကိုချက်ချင်းပြန်လွှတ်ပေးလိုက်တာ”ဖြစ်ကြောင်းအလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောသည်။

ထိုင်းအစိုးရမှ ယမန်နှစ်က ထုတ်ပြန်ထားသည့် အလုပ်ရှင်အလုပ် သမားဥပဒေသစ်အရ အလုပ်ရှင်ဖြစ်သူကအလုပ်သမားတစ်ဦး ၏ အထောက်ထားစာရွက်စာတမ်းများသိမ်းဆည်းထားပါက ထောင်ဒဏ်၆လနှင့်ငွေဒဏ်၁သိန်းဘတ်ကိုကျခံရမှာဖြစ်ကြောင်းဥပဒေသစ်ထုတ်ပြန်ထားရှိသောလည်း မြန်မာအလုပ်သမားများအနေဖြင့် အထောက်ထားစာရွက်စာတမ်းသိမ်းဆည်းခံထားရခြင်းနှင့်လုပ်အားခလစာပုံမှန်မရရှိမှုများကို ကြုံတွေ့နေကြကြောင်း အလုပ်သမားရေး ရာကူညီမှုအဖွဲ့စည်းများထံကသိရသည်။

Subscribe Us