Sunday, May 27, 2018

ထိုင်းအလုပ်ရှင်နဲ့အလုပ်သမားကြားနာလည်မှုလွှဲမှားရာမှ အလုပ်သမားများလူစုလူဝေးဖြစ်




ဘန်ကောက်၊22.5.2017

အလုပ်နာချိန်ကိစ္စရပ်နှင့်ပက်သက်ပြီ  ဘန်ကောက်မြို့နယ် စူစဝပ် ၇၂လမ်းရှိထိုင်းမာစတာပက်အမည်ရှိ ဆာလာအိတ်စက်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများသည် ယနေ့ နံနက် ၈နာရီအချိန်
ခန့်တွင် တောင်းဆိုဆန္ဒပြမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းအလုပ်သမားများထံကသိရသည်။

ယခု ၂၁ရက်နေ့မှစတင်၍ အလုပ်ရှင်ဖြစ်က အလုပ်နားချိန်နဲ့ပက်သက်ပြီ စည်းကမ်းချက်အသစ်ထုတ်ပြန်ခဲ့ရာ အလုပ်သမားများဘက်က  အဆိုပါစည်းကမ်းချက်အပေါ်လိုက်နာရန် အဆင်မပြေရာမှစ၍ တောင်းဆိုဆန္ဒပြမှုဖြစ်ခဲ့ရာ အလုပ်သမားများကဆန္ဒပြမြန်မာအလုပ်သမားများက အလုပ်သမားသံအရာရှိဦးစန်းမောင်ထံဆက်သွယ်အကူညီတောင်းခံခဲ့ကြောင်းသိရသည်။


“ယခင်က ၁နာရီအလုပ်နားရတယ် အခုက အလုပ်နားရတဲ့ ၁နာရီကို နာရီဝတ်ခွဲပြီးနားခိုင်တယ် ၊အဲဒီနားချိန်ကလွဲလို့အခြားအချိန်ဆို အပေါ့အလေးသွားတာနဲ့ရေထွက်သောက်တာကအစခွင့်မပြုဘူးဆိုတော့ ကျွန်တော်တို့အလုပ်သမားတွေရေရည်ဘယ်လိုအလုပ်လုပ်နိုင်မှာလဲ အခြားကိစ္စတွေလည်းပါတာပေါ့ ” အဆိုပါစက်ရုံမှာလုပ်သက်၂နှစ်ရှိပြီးဖြစ်တဲ့ ကိုမျိုးအောင်ကပြောပါတယ်။

အလုပ်သမားသံအရာရှိဦးစန်းမောင်ဦး၏လမ်းညွှန်ချက်ဖြင့် မဟာချိုင်မြို့အခြေစိုက်အလုပ်သမားကွန်ရက်(MWRN)ဥက္ကဌဦးအောင်ကျော်၊ပြည်ပအလုပ်ကိုင်ရှာဖွေးရေးအေဂျင်စီများအဖွဲ့ချုပ်(MOEAF)ဘန်ကောက်ရုံးမှတာဝန်မှူး ဦးသောင်းထူးတို့ကသွားရောက်ဖြေရှင်းခဲ့ကြောင်းသိရသည်။




ထို့နောက် အလုပ်သမားသံအရာရှိစေလွှတ်ခဲ့သည့် ကိုယ်စာလှယ်အဖွဲ့သည် ထိုင်းအလုပ်ကိုင်ရှာဖွေရေးရုံး (ကျဟာငန်)၊အလုပ်သမား ကာကွယ်ရေးဌာန(ဆဝါဒီကန်)၊နယ်မြေခံရဲတပ်ဖွဲ့ အလုပ်ရှင်နဲ့အလုပ်သမားကိုယ်စာလှယ်၁၀ဦးတို့ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ကြရာ အလုပ်သမားများဘက်ကတောင်းဆိုသည့် အလုပ်နားချိန်အပါဝင်အချက် ၇ချက်ကို တို့ကိုအလုပ်ရှင်ဘက်မှလိုက်လျောမှုပြုခဲ့ကြောင်းသိရသည်။

“ဒီနေ့သွားရောက်ဖြေရှင်းတဲ့အခါမှာ အလုပ်ရှင်နဲ့အလုပ်သမားကြားနာလည်းမှုလွဲတာတွေလွဲတာတွေကြောင့်ပါ၊ အလုပ်ရှင်ဘက်ကလည်း ဥပဒေကိုလိုက်နားတာတွေရှိသလို အချို့ကိစ္စတွေမှာလွဲချော်နေတာလေတွေလည်းရှိပါတယ်၊ဒါပေမယ့် အလုပ်သမားတွေဘက်ကလည်းအချို့ကိစ္စတွေမှာသက်သေပြမှုအားနည်းတာတွေလည်းတွေ့ရပါတယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုအလုပ်ဖြုတ်တယ်ဆိုတော့ သက်သေပြခိုင်းတော့မပြနိုင်တာမျိုးတွေ နောက်ပြီးအလုပ်သမားတွေပြောကြတဲ့ ခေတ္တခဏအိမ်ပြန်တဲ့အခါ ပိုက်ဆံ ၁၀၀၀ဖြက်တာတွေက အစအကုန်လုံးညှိနှိုင်းလို့အဆင်ပြေသွားတယ်”လို့ အလုပ်သမားကွန်ရက် (MWRN)ဥက္ကဌဦးအောင်ကျော်ကပြောသည်။

အလုပ်ရှင်ဘက်က ဆန္ဒပြအလုပ်သမားများအနေဖြင့် ယနေ့အလုပ်မဆင်းရသည်တိုင် တစ်ရက်တာလုပ်အားခပေးသလို ဆန္ဒပြအလုပ်သမားများထဲမှာ ညအချိန်အလုပ်ဝင်ရသူများလည်းပါဝင်နေသဖြင့် အဆိုပါအလုပ်သမားများကိုလည်း အနားယူနိုင်ရန်ပုံမှန်အလုပ်ဆင်းချိန်ည၈နာရီအစား ည၁၁နာရီမှ ဆင်းနိုင်ရန်အလုပ်ရှင်ဘက်မှဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

Subscribe Us