Sunday, May 27, 2018

ကဘီမြို့တွင် MoU လုပ်သားတဦး သေနတ်နှင့် ပစ်ခတ်ခံရမှုအား MOEAF မှ သွားရောက် ကူညီဆောင်ရွက်ပေးနေ



မေ ၂၇ ဘန်ကောက်

မေလ၂၆ရက်နေ့ညက ထိုင်းနိုင်ငံတောင်ပိုင်း ကဘီမြို့ (Krabi) ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင်
အလုပ်ချိန်ပြင်ပတွင် လောင်းကစားလုပ်ကြရာမှ စကားများ ရန်ဖြစ်ပြီး သေနတ်နှင့် ပစ်ခတ်မှုတခုဖြစ်ပွား
၍ MoU လုပ်သားတဦးသေဆုံးခဲ့ပါသည်။

အခင်းဖြစ်ပွား၍ သတင်းရလျှင်ရခြင်း သက်ဆိုင်ရာမြန်မာအေဂျင်စီနှင့် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAFCall Centre မှ တာဝန်မှူးတို့သည် အလုပ်သမားသံအရာရှိထံသတင်းပို့၍ ကဘီမြို့သို့ ညတွင်းခြင်း ထွက်ခွါခဲ့ပါသည်။ကဘီရဲစခန်းတွင် အလုပ်သမားများနှင့်အတူ အမှုဖွင့်တိုင်ကြားခြင်း၊တရားခံဖမ်းမိနိုင်ရေးအတွက် ကဘီရဲဌာန၊.ကဘီမြို့ပရဟိတ အသင်းမှ ဦးမှတ်ကြီး၊ ကိုမျိုးချစ်တို့နှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။


အခင်းဖြစ်ပွားပုံမှာ သေဆုံးသူမောင်ကျော်လင်းသည်  ကုမ္ပဏီတူ မြန်မာအလုပ်သမားများ၊ ထိုင်းအလုပ်ကြပ်အပါအဝင်ထိုင်းလူမျိုး ၄ဦးနှင့် အတူ တောက်ကွန်းပါးခေါ် ထိုင်း ၆ကောင်ဂျင်ပုံစံမျိုး လောင်းကစားကို စုပြီးကစားနေကြကြောင်း၊ ကစားရာမှ အလျော်အစားကိစ္စနှင့် ဒိုင်ဖြစ်သူ ထိုင်းအလုပ်ကြပ်နှင့် စကားများရန်ဖြစ်ရာမှ ကိုယ်ထိလက်ရောက်မှု ဖြစ်ကြကြောင်း၊ မြန်မာ လုပ်သားများက ဝိုင်းဝန်းဖြန်ဖြေကြစဉ် ထိုင်းအလုပ်ကြပ်ဖြစ်သူဖိကွန်းဆိုသူမှ အခန်းထဲမှ ယင်းပိုင်ဆိုင်သော သေနတ်ကိုယူ၍ မောင်ကျော်လင်းအား လိုက်လံရှာဖွေ၍ ပစ်ခတ်ပြီး ကားမောင်း၍ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါသည်။ ပစ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့မှ အလုပ်လာရောက်လုပ်ကိုင်သော မေ ာင်ကျော်လင်း MB 311225 ၏ကျောဘတ်မှကျည်ဝင်၍ ရင်ညွန့်အထက် နှလုံးကိုဖောက်သည့်ဒဏ်ရာနှင့် ည၉း၂၀နာရီအချိန်တွင် ပွဲခြင်းပြီး သေဆုံးခဲ့ပါသည်။

ကဘီရဲတပ်ဖွဲ့အနေဖြင့်လည်း တရားခံဖမ်းမိနိုင်ရေးအတွက် အပူတပြင်း ကြိုးစားဆောင်ရွက်နေကြောင်းနှင့် သက်ဆိုင်ရာအေဂျင်စီ နှင့် MOEAF အနေဖြင့် ကျန်ရှိသော လုပ်သားများ၏လုံခြုံရေး၊အခွင့်အရေးများ အပြည့်အဝရရှိရေး၊ အမှုမှန်ဖော်ထုတ်နိုင်ရေး၊ အသုဘကိစ္စ ဆောင်ရွက်နိုင်ရေး တို့အတွက် အစစတာဝန်ယူ ဆောင်ရွက်နေကြကြောင်း ကနဦးသတင်းရရှိပါသည်။  ။

MOEAF ပြန်ကြားရေးကော်မတီ

Subscribe Us