Friday, May 25, 2018

အချိန်မီချုပ် အစုတ်သက်သာ



ရွှေ့ပြောင်းအလုပ်သားများ ဆိုသည်မှာ  မိမိတို့ဘဝ တိုးတက်မြင့်မားရန်   ရေကြည်ရာ မြက်နုရာ
ရွှေ့ပြောင်းရင်းသွားလာကြသူများလို့ခေါ်ဆိုပါသည်။ လွန်ခဲ့သည်နှစ်ပေါင်း၂၀ကျော်ကတည်းက
 မြန်မာလုပ်သားများစွာသည် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်မှုစတင်ခဲ့ရာမှ ၂၀ဝ၃ ခုနှစ်တွင်
 နှစ်နိုင်ငံအစိုးရ သဘောတူညီမှု MOUစနစ်ဖြင့် တရားဝင်အလုပ်သမားများဝင်ရောက်ခဲ့ ယခုအခါ
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာအလုပ်သမားစုစုပေါင်း လေးသန်းခန့်ရှိသည်ဟု ဆိုကြသည်။

မြန်မာအစိုးရမှ ထိုင်းနိုင်ငံမှာအလုပ်လုပ်နေသည့် သန်းချီရှိသည့် မြန်မာအလုပ်သမားများအရေးကိစ္စ
နှင့်ပက်သက်၍ ဆောင်ရွက်ရန် အလုပ်သမားသံအရာရှိတစ်ဦးကို ၂၀၀၃ခုနှစ်တွင် စတင်ခန့်အပ်ခဲ့ရာ
ယမန့်နှစ်မှ စတင်၍ အလုပ်သမားသံအရာရှိ ၅ဦးထိတိုးမြှင့်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။


အလုပ်သမားအရေးအတွက်နှင့်အလုပ်သမားသံအရာရှိဦးရေးတို့မမျှတသော်လည်း အလုပ်သမားသံ
အရာရှိများအနေဖြင့် ထိုင်းနှိင်ငံနေရာအသီးသီးရှိ လူမှုကူညီရေးအဖွဲ့စည်းတို့နှင့်ချိတ်ဆက်၍ ထိုင်း
နိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကိစ္စကိုဖြေရှင်းဆောင်ရွက်လျက်ရှိသလို အခါအားလျော်စွာ
အလုပ်သမားသံအရာရှိများကိုယ်တိုင် နယ်မြေအသီးသီးသို့သွားရောက်၍ အလုပ်သမားအရေးဖြေရှင်း
ဆောင်ရွက်မှုများရှိသလို အလုပ်သမားသံအရာရှိရုံးသို့အကူညီလာရောက်တောင်းခံသည် အလုပ်သမား
များအရေးကိစ္စကိုလည်း အလေးထားဆောင်ရွက်မှုများပေးလျက်ရှိတယ်လို့အလုပ်သမားရေးဆောင်ရွက်
သည့်လူမှုအဖွဲ့စည်းများနှင့်အလုပ်သမားများထံက သိရပါတယ်။။

ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမားများအရေးကိစ္စအတွက် မြန်မာနိုင်ငံတော်အစိုးရကိုယ်စာလာရောက်၍ အလုပ်သမား
အရေးဆာင်ရွက်နေသည့် အလုပ်သမားသံအရာရှိများအနေဖြင့် မြန်မာနဲ့ထိုင်းနှစ်နိုင်ငံ၏ချစ်ကြည်ရေးကိုရှေ့ရှု၍
သက်ဆိုင်ရာနိုင်ငံမှပြဋ္ဌာန်းထားသည့် ဥပဒေများစည်းမျဉ်းစည်းကမ်းကြားမှ အလုပ်သမားအရေးဆောင်ရွက်ပေး
လျက်ရှိတယ်လို့သိရပါတယ်။

ယနေ့အချိန်၌ ထိုင်းနိုင်ငံနေရာအသီးသီးရှိ အဖွဲ့စည်းအသီးသီးတို့သည် မြန်မာအလုပ်သမားများအရေးကိစ္စနဲ့
ပက်သက်၍ အလုပ်သမားသံအရာရှိများနဲ့လက်တွဲဆောင်ရွက်လျက်ရှိသလို အလုပ်သမားများကိုသုံး၍
ကိုယ်ကျိုးစီးပွားရှာစားနေသည့်  တရားမ၀င်အဖွဲ့စည်းအချို့လည်းရှိသည်။

တရားဝင်အဖွဲ့စည်းအချို့ အလုပ်သမားများကို ဥပဒေဆိုင်ရာအသိပညာပေးမှုများအပြင် အလုပ်သမားများ၏
ရပိုင်ခွင့်အခွင့်ရေးကိစ္စတို့ကိုလည်း လိုက်လံကူညီမှုများပြုလုပ်ဆောင်ရွက်လျက်ရှိရာ အလုပ်သမားများအနေဖြင့်
ဥပဒေဆိုင်ရာအသိပညာတို့ကို လေ့လာခွင့်ရသဖြင့် ရွှေ့ပြောင်းသွားလာမှုနဲ့ လုပ်ငန်းခွင်ဘေးကင်လုံခြုံရေးတို့ကို
များစွာအထောက်ကူပြုတာတွေ့ရပါတယ်။


တဖက်ရှိ တရားမ၀င်အဖွဲ့စည်းအချို့ကလည်း စဉ်စားဆင်ခြင်းနိုင်စွမ်းနည်းပါးသည့်အလုပ်သမားများကိုအသုံးချ၍
မြန်မာနဲ့ထိုင်း နှစ်နိုင်ငံအစိုးရချင်း ချစ်ကြည်ရေးပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့်  သွေးထိုးလှုံ့ဆော်သည့် အဖျက်
မှောက်လုပ်ငန်းအမျိုးမျိုးတို့ကို အချိန်ကာလကြာရှည်စွာ ပြုလုပ်ခွင့်ရနေသည့်အပေါ် နှစ်နိုင်ငံအစိုးရ၏ တရားဥပဒေစိုးမိုး
မှုအပေါ် မေးခွန်းထုတ်စရာကောင်းလှပါသည်။


၎င်းတရားမ၀င်အဖွဲ့စည်းအချို့က တရားဥပဒေလမ်းကြောင်းမှဖီဆန်ပြီး  စဉ်စားဆင်ခြင်နိုင်စွမ်းအားနည်းသည့်
အလုပ်သမားများကို အလုပ်သမားတစ်ယောက်၏ရပိုင်ခွင့်အခွင့်ရေးများ ဥပဒေနည်းလမ်းတကျ ဖြေရှင်းဆောင်ရွက်
မှုပြုလုပ်တတ်စေရန် အသိပညာပေးရမည့်အစား  အလုပ်သမားများကို ဆန္ဒပြခိုင်းခြင်း ၊စက်ရုံအလုပ်ရုံများမှ အပြင်သို့
ခိုးထုတ်ခြင်း၊ခေါ်ထုတ်လာသည့် အလုပ်သမားများ၏ အေဂျင်စီများကို အကြပ်ကိုင်ငွေတောင်းခံမှုတို့ကို လုပ်ဆောင်လျက်
သည်မှာ နှစ်နိုင်ငံအစိုးရ၏ တရားပဒေစိုးမိုးမှုအပေါ်စိန်ခေါ်သည့်လုပ်ရပ်များဖြစ်သည် မြန်မာနဲ့ထိုင်းအစိုးရအနေဖြင့်
အပ်နှင့်ထွင်းရမည့်ကိစ္စ ပုဆိန်နှင့်ပေါက်ရမည့်အခြေနေသို့ မရောက်ရှိမီ်  သွေးထိုးလှုံ့ဆော်နေသည့် အဖွဲ့စည်းအချို့ကို
အချိန်မီ လိုအပ်သည့် အရေးယူမှုများပြုလုပ်သင့်ပါကြောင်းလေးစားစွာဖြင့်တင်ပြအပ်ပါသည်။

Subscribe Us