Friday, March 16, 2018

ထိုင်းနိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်လိုသူများသိမှတ်ဖွယ်ရာ


ထိုင်းနိုင်ငံရှိ အလုပ်ရုံစက်ရုံများ၌ အလုပ်သမားအများပြားလိုအပ်လျက်ရှိနေသလို လာရောက်အလုပ်လုပ်ကိုင်ရာတွင်လည်း လူတန်းစားပေါင်းစုံမှသွားရောက်အလုပ်လုပ်ကိုင်ရန်အခွင့်လမ်းများစွာရှိရာ မြန်မာနိုင်ငံသားအများစုသည် ပြည်ပနိုင်ငံများသို့သွားရောက်အလုပ်လုပ်ကိုင်ရန် ရွေးချယ်မှုအများစုံနိုင်ငံတစ်ဖြစ်ပါသည်။ ထို့သို့ သွားရောက်အလုပ်လုပ်ကိုင်ရာတွင် မြန်မာအလုပ်သမားများအနေဖြင့် အထူးစဉ်စားရမည့်အချက်မှာလုပ်ငန်ခွင်ဘေးအန္တရာယ်ကင်းရှင်းမှု ရသင့်ရထိုက်သည့် လုပ်ခလစာများနှင့် အလုပ်သမားအခွင့်ရေးများရရှိရန်နှင့် လုံခြုံစိတ်ချစွာနေထိုင်နိုင်ရန်တို့သည်အထူးအရေးကြီးလှပါသည်။


အကယ်၍ထိုင်းနိုင်ငံသို့လာရောက်အလုပ်လုပ်ကိုင်လိုပါက တရားဝင်နည်းလမ်းများဖြင့်သာ လာရောက်ကြရန် အထူးသတိပေးလိုပါသည်။

အထူသဖြင့်နယ်ဘက်မှ အလုပ်သမားများသည် ပွဲစားများ၏ စကားကိုအမတန်အယုံလွယ်ကြသဖြင့် တရားမဝင်နည်းလမ်းများဖြင့် တဖက်နိုင်ငံသို့ရောက်ရှိလာပြီးနောက်ဒုက္ခမျိုးစုံကြုံတွေ့ရပြီး ငွေလည်းရှုံးလူလည်းဒုက္ခပင်လယ်ဝေခဲ့ရသူများယနေ့ထိပင်ရှိနေကြပါသည်။မြန်မာအလုပ်သမားများစုသည် ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်လိုပါက ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်တော့မည်ဆိုပါက ထိုင်းနိုင်ငံသားများ၏ ယဉ်ကျေးမှုဓလေ့စရိုက်များနှင့်ပက်သက်၍ကြိုတင်လေ့လာရန်လည်း အရေးကြီးပါသည်။ သို့မှသာ မိမိရောက်ရှိနေသည့် အရပ်ဒေသရှိ အိမ်ရှင်နိုင်ငံသားများနှင့်ဆက်ဆံရေးပြေပြစ်မှာဖြစ်ပါသည်။

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခြင်းပါက မိမိနေထိုင်ရာ မြို့နယ်များမှာဖွင့်လှစ်ထားသည့် အလုပ်သမားဝန်ကြီးဌာနခွဲတစ်ခုဖြစ်သည့်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာလည်း ထိုင်းနိုင်ငံသို့အလုပ်သမားပို့ဆောင်းပေးနေသည့်အေဂျင်စီများနှင့်အလုပ်ကိုင်များကိုသွားရောက်လေ့လာနိုင်သလို၊တိုင်းနဲ့ပြည်နယ်အသီးသီး၌အခါအားလျှော်စွာကျင်းပပြုလုပ်သည့် အလုပ်ကိုင်ပြပွဲများသို့သွားရောက်လေ့လာနိုင်ပါသည်။ထို့အပြင်Facebookအသုံးပြုသူများအနေဖြင့် Safe Migration စာမျက်နှာမှာလည်းဝင်ရောက်လေ့လာနိုင်ပါသည်။

ထို့နောက် မိမိသဘောကျနှစ်သက်သည့်အလုပ်ကိုင်အမျိုးစားနှင့်အေဂျင်စီကိုဆက်သွယ်ဆောင်းရွက်ပြီးပါက ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေးအတွက် MOUစနစ်ဖြင့် သွားရောက်ရမည့် လုပ်ငန်စဉ်အဆင့်ဆင့်တို့ကိုဖော်ပြပေးလိုက်ပါတယ်။ မိမိဆက်သွယ်ထားသည့် အေဂျင်စီမှ ရှေးဦးစွာ ပက်စပိုစ့်စာအုပ်ရိုက်ပေးခြင်း၊ရန်ကုန်မြို့ရှိ မြောက်ဒဂုံရှိ ပင်လုံသင်တန်းကျောင်းနှင့် ဘာအံမြို့ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမြို့နယ်ရုံးတို့မှာ အလုပ်ရှင်နှင့်အလုပ်သမားတို့စာချုပ်ချုပ်ဆိုခြင်းတို့ကို
ဆက်လက်ပြုလုပ်ကြရမှာဖြစ်ပါတယ်၊ အဲဒီနောက်မှတော့ အလုပ်သမားများအနေဖြင့် ရန်ကုန်မြို့ရှိ ရန်ကင်းသင်တန်းကျောင်းနှင့် မြဝတီမြို့ရှိ ကျောက်လုံးကြီးစခန်းတို့၌ အလုပ်သမားသက်သေခံကဒ်ထုတ်ယူခြင်းတို့ကိုဆောင်ရွက်ပြီးပါက မိမိလျှောက်ထားသည့် အလုပ်ရုံးသို့သွားရောက်ခွင့်ရရှိပြီးဖြစ်ရာ ယခုအဆင့်ထိ ဝန်ဆောင်ခမှာ အစိုးရသက်မှတ်ဈေး မြန်မာကျပ်ငွေတစ်သိန်းငါးသောင်းတိတိကို မြန်မာအေဂျင်စီသို့ပေးရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံသို့ရောက်ရှိပြီးပါက နေထိုင်ခွင့်ဗီဇာ၂နှစ်စာနှင့်ဝပ်ပါမစ်ပြုလုပ်ရာတွင်ကုန်ကျစရိတ်မှာ ထိုင်းဘတ်ငွေလေးထောင်ခန့် ကုန်ကျမှာပြီးပြီး အဆိုပါကုန်ကျငွေကို မိမိဘက်ကကျခံရမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီးနောက် အခက်ခဲများကြုံတွေ့ရပါက ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးသို့အောက်ဖော်ပြပါဖုန်းနံပါတ်များအပြင် အလုပ်သမားသံအရာရှိရုံး၏ Facebookစာမျက်နှာများဖြစ်သည့်
LA-Thailandသို့လည်းဆက်သွယ်အကူညီတောင်းခံနိုင်ပါသည်။

ဦးစန်းမောင်ဦး - ၀၉၄၈၈၄၅၄၈၄ ၊ ဦးဦးခင်မောင် - ၀၉၉၀၅၉၂၃၅၂၊ဦးမျိုးထက်သူ (ရနောင်း) - ၀၆၅၂၂၀၆၉၅၁ ၊ ဦးနိုင်မင်းသူ (ချင်းမိုင်) - ၀၆၅၂၂၀၆၉၅၂ ၊ ဦးအောင်ခင်မြင့် (မဲဆောက်) - ၀၆၅၂၂၀၆၉၅၃


ပွဲစားများ (Broker) ၏စကားကို ယုံကြည်ကြပြီး တရားမဝင်နည်းလမ်းမှတဆင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်ကိုင်ကြသူများအနေဖြင့် အလုပ်သမားအခွင့်ရေး၊လူ့အခွင့်ရေးချိုးဖောက်ခံရခြင်း၊ အဓမ္မလုပ်အားခိုင်စေးခံရခြင်း၊ လိင်ပိုင်ဆိုင်ရာအမြတ်ထုတ်ခံရခြင်းနှင့် လူကုန်ကူးခံရခြင်းတို့ကိုမလွဲမသွေတွေ့ကြုံရမည်ဖြစ်၍ တရားဝင်နည်းလမ်းဖြစ်သည့် MOUစနစ်ဖြင့်သာ ထိုင်းနိုင်ငံသို့လာရောက်အလုပ်လုပ်ကိုင်ကြပါရန်
အထူးမေတ္တာရပ်ခံလိုက်ပါတယ်။

အလုပ်သမားဟစ်တိုင်

Subscribe Us