Thursday, March 15, 2018

အယ်ဒီတာအာဘော်



မြန်မာနိုင်ငံအရပ်ရပ်မှ အလုပ်လုပ်နိုင်စွမ်းရှိသည့် အလုပ်သမားများသည် မိမိတို့၏ ဘဝအနာဂတ်များ
ထုဆစ်ပုံဖော်ရန် အိမ်နီးချင်းနိုင်ငံများနှင့်နိုင်ငံရပ်ခြာများသို့ နည်းလမ်းအမျိုးမျိုးဖြင့်သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံသားအများဆုံး အလုပ်သွားရောက်လုပ်ကိုင်သည့်နိုင်ငံတို့မှာ ထိုင်းနှင့် မလေးရှားနိုင်ငံ တိုံ့ဖြစ်ပါသည်။

၁၉၉၀ပြည့်နှစ်မှစတင်၍ အလုပ်လုပ်နိုင်စွမ်းရှိသည် မြန်မာနိုင်ငံသားများသည် အိမ်နီးချင်းထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းများဖြင့် စတင်ဝင်ရောက်ခဲ့ရာမှ၂၀၀၄ခုနှစ်မှစတင်၍ မြန်မာနှင့်ထိုင်းနိုင်ငံတို့မှ MOUစာချုပ်ချုပ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ တရားဝင်နည်းလမ်းဖြင့် သွားရောက်အလုပ်လုပ်ကိုင်နိုင်ခဲ့ကြပါသည်။ ထို့သို့သွားရောက်အလုပ်လုပ်ကိုင်ရာတွင် ဘဝတိုးတတ်ရာလမ်းကြောင်ပေါ်သို့ရောက်ရှိခဲ့သူများရှိသလို လှေလှော်ရင်တတ်ကျိုးခဲ့ရသူများလည်းရှိကြပါသည်။ ၂၁၀၅ခုနှစ် ILOအဖွဲ့ကြီး၏ သတင်းထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံသို့ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားပေါင်း ၂.၆သန်းခန့်အလုပ်လုပ်ကိုင်နေကြကြောင်းသိရသည်။



ဥပဒေလိုက်နာဘေးကင်းကွာ

အချို့အချို့သော မြန်မာနိုင်ငံသားလူပွဲစားများ၏ လုပ်ရပ်သည် အမတန်စပ်ဆုပ်ရွံ့ရှာဖွယ်ရာပင်ကောင်းလှပါသည်. ၎င်းတို့သည် နယ်များမှ ဗဟုသုတမကြွယ်ဝသူများကို အထူးပစ်မှတ်ထားပြီး မက်လုံးများစွာပေး၍ စည်းရုံးသိမ်းသွင်းပြီးနောက် အလုပ်သမားများကို ရန်ကုန်မြို့သို့ခေါ်ဆောင်လာခဲ့ပြီး ရန်ကုန်မြို့ရှိ မလနရုံး၌ PJအမျိုးစားပက်စပိုစ့်စာအုပ်များကို ပြုလုပ်ပေးပြီးနောက် အလုပ်သမားများကို နယ်စပ်သို့ခေါ်ဆောင်လာပြီးခဲ့ကြပြီး (Border Pass )များနှင့် တဘက်နိုင်ငံသို့ခေါ်ဆောင်းခဲ့ကြပါသည်။

(Border Pass )ဆိုသည်မှာ မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ နယ်စပ်ဂိတ်များဖွင့်ထားသည့်မြို့သို့ ၇ရက်ခန့်သွားလာနေထိုင်နိုင်သည့် အစိမ်းရောင်ကဒ်ပြားလေးပင်ဖြစ်ပါသည်။

ထို့ကဒ်ပြားများကို အလုပ်သမားများကိုပြုလုပ်ပေးပြီးတဘက်နိုင်ငံသို့ခေါ်ဆောင်းသွားကြခြင်းဖြစ်သည်။ တဖက်နိုင်ငံသို့ရောက်ရှိပါက ပွဲစားများသည် ၎င်းတို့အဆက်သွယ်များနှင့် အလုပ်သမားများကို အဆင့်ဆင့်ပို့ဆောင်ကြပါသည်။

ထို့သို့နည်းလမ်းဖြင့် ထိုင်းနိုင်ငံသို့ရောက်ရှိလာသည့်အလုပ်သမားများမှ မြန်မာနိုင်ငံ၌ရှိစဉ်ပွဲစားများပြောသည်အခြေနေများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ကို ရောက်ရှိမှပင်သိရှိသည့်အခါ မည်သူကိုအကူညီတောင်းလို့တောင်းရမည်မသိနှင့် အခက်ခဲများစွာတွေ့ကြုံရပါတော့သည်။

ထို့သို့တရားမဝင်နည်းလမ်းများဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများသည်
လူကုန်းကူခံရခြင်းများနှင့် အဓမ္မလိင်လုပ်သမားများအဖြင့်ခိုင်စေခံရခြင်းများကြုံတွေ့နိုင်သည်။တရားမဝင်နည်းလမ်းများနှင့်ဝင်ရောက်လာသူများအနေဖြင့်နောက်ဆက်တွဲကြုံတွေ့နိုင်သည်များမှာ လမ်းခုလပ်၌ ထိုင်းအာဏာပိုင်များဖမ်းစီးရမိပါကကြီးလေးသည့်ပြစ်ဒဏ်များကိုခံကြရမှာဖြစ်သလို၊အကယ်၍ လုပ်ငန်းခွင်များသို့ရောက်ရှိသည့်အခါအဓမ္မလုပ်အားခိုင်စေခြင်းများ လုပ်အားခေါင်းပုံဖြက်ခံရခြင်းများကိုလည်းမလွဲမသွေကြုံတွေ့ကြသည့်အခါ တရားမဝင်အလုပ်သမားများဖြစ်၍ အကူညီလိုအပ်ပါကလည်း အာဏာပိုင်များသို့ဆက်သွယ်အကူညီတောင်းခံရင်မလွယ်ကူခြင်းများလည်းကြုံတွေ့နိုင်ပါသည်။


သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်လိုသော မြန်မာနိုင်ငံသားများအနေဖြင့် တရားမဝင်သော လမ်းကြောင်းများ၊ (Border Pass )ဖြင့်သွားရောက်အလုပ်လုပ်ကိုင်ခြင်း၊ ပွဲစားများ (Broker)
များ၏ပြောစကား များအား နားယောင်၍ PV (သို့) PJ စာအုပ်များတွင် အလည်အပတ်ဗီဇာ(Visit Visa ) များဖြင့် လာရောက် ခြင်းများအားမပြုလုပ်ကြပါရန်နှင့် တရားဝင် MOU စနစ်ဖြင့်သာသွားရောက် အလုပ်
လုပ်ကိုင် ကြပါရန်အလေးနက်တိုက်တွန်းအပ်ပါသည်။

ထိုင်းနိုင်ငံသို့ရောက်ရှိလာကြသည့် မြန်မာအလုပ်သမားများသည် အခက်ခဲများတွေ့ကြုံရပါက ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးသို့ ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်အကူညီတောင်းခံနိုင်ပါသည်။


 ၀၉၄၈၈၄၅၄၈၄
၀၉၉၀၅၉၂၃၅၂
 ၀၆၅၂၂၀၆၉၅၁
၀၆၅၂၂၀၆၉၅၂
၀၆၅၂၂၀၆၉၅၃

Subscribe Us