Monday, January 08, 2018

ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်ကြသော မြန်မာရွှေ့ပြောင်း အလုပ်သမား အပါအဝင် နိုင်ငံခြားသား အလုပ်သမားများ သိသင့်သော အချက်များ



ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော နိုင်ငံခြား အလုပ်သမားများ အမျိုးအစားနှင့် အခြေအနေ

၁။ ဝန်ကြီး အဖွဲ့မှ ပြဌာန်းထားသော ဥပဒေအရ ထိုင်းနိုင်ငံတွင် ယာယီနေထိုင် ခွင့် ပေး၍ အလုပ်လုပ်ခွင့်ရသော ထိုင်းနိုင်ငံအတွင်း (တရားမဝင် ခိုးဝင်လာပြီး ပြစ်ဒဏ်လျှော့ပေါ့ပေးသည့် မြန်မာ လာအို ကမ္ဘောဒီယား လူမျိုး နိုင်ငံခြား အလုပ်သမားများ အုပ်စု ဤ အလုပ်သမားများ အုပ်စုသည် ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်လာကြပြီး မိမိတို့ နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရန် စောင့်ဆိုင်းနေသော ကာလအတွင်း ထိုနိုင်ငံခြား အလုပ်သမားများအား ကိုယ်ရေး မှတ်ပုံတင် ထောက်ခံသည့် စာရွက်စာတမ်း ( T.R . 38/1) ရရှိစေရန် နိုင်ငံခြား အလုပ်သမားများ အုပ်ချုပ်ရေးဌာန တွင် ကိုယ်ရေး မှတ်တမ်း မှတ်ပုံတင်ရမည်။ ထို့အပြင် ကျန်းမာရေး ဆေးစစ်၍ လူထု ကျန်းမာရေး ဝန်ကြီးဌာန မှ ကျန်းမာရေး အာမခံတောင်းခံပြီး အလုပ်ရှာဖွေ ခန့်အပ်ရေး ဌာနတွင် အလုပ်လုပ်ခွင့် တောင်းခံရမည်။


ဤ အဆင့် ၃ဆင့် ပြီးမှသာထိုနိုင်ငံခြား အလုပ်သမား ပြစ်ဒဏ်လျှော့ချ၍ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ရန် ယာယီနေထိုင်ခွင့် ရမည်ဖြစ်သည်။

၂။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် ရရှိသောနိုင်ငံသား စီစစ်ပြီးသော မြန်မာ လာအို နှင့် ကမ္ဘောဒီယား လူမျိုး နိုင်ငံခြား အလုပ်သမားမှာ ဖော်ပြပါ အချက် ၁ တွင် မှတ်ပုံတင် ပြီးသား ဖြစ်ပြီး မူလထွက်ခွာ လာခဲ့သည့် နိုင်ငံမှ တရားဝင် နိုင်ငံသား စီစစ်ခြင်း ခံယူပြီးဖြစ်သည်။

ထွက်ခွာလာခဲ့သော မူလနိုင်ငံမှ ယာယီခရီးသွားလက်မှတ် ( Temporary Passpoart) သို့မဟုတ် မှတ်ပုံတင်ထောက်ခံစာ( Certificate of Identity ) CI စသည့် အထောက်အထား ထုတ်ပေး၍ နိုင်ငံခြား အလုပ်သမားများက ထိုနိုင်ငံမှ ခရီးသွားလက်မှတ် (သို့) မှတ်ပုံတင် ထောက်ခံစာဖြင့် ဗီဇာ (Visa) စစ်ဆေးခံရမည် ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ၂ နှစ် ထက်မပိုသော ယာယီနေထိုင်ခွင့် တံဆိပ်တုံး ပါဝင်သော ဗီဇာကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန မှ တောင်းခံရမည်။

ရရှိမည့် ဗီဇာအမျိုးအစားမှာ အလုပ်လုပ်ရန် ဗီဇာ (Non Immigrant L_A) ဖြစ်ပြီး နိုင်ငံခြား အလုပ်သမားအခြေအနေမှာ ထိုင်းနိုင်ငံအတွင်း တရားဝင် ဝင်ရောက်လာခြင်း ဖြစ်ပြီး အလုပ်လုပ်ခွင့်ကို ၁၅ ရက်အတွင်း လာရောက် တောင်းခံရမည် ဖြစ်သည်။

သက်တမ်း ၂ နှစ် ပြည့်ပါက ဆက်လက်နေထိုင်ရန် ၂ နှစ် ထပ်မံ တောင်းဆိုနိုင် ပြီး ၄ နှစ်ပြည့်ပါက နိုင်ငံ ပြင်ပ သို့ပြန်လည် ထွက်ခွာရပါမည်။

၃။ နိုင်ငံများအကြား မှတ်တမ်းတင်ထားသည့် အလုပ်သမားခန့်ထားရေးနှင့် ပတ်သက်၍ သဘောတူ လက်ခံထားသော စာချုပ် (MOU) အရ အလုပ်သမားများအား တရားဝင် တင်သွင်းသည့် မြန်မာ လာအို နှင့် ကမ္ဘောဒီယား လုမျိုး နိုင်ငံခြားသား အလုပ်သမားအသစ် အုပ်စု ဤ အလုပ်သမား အမျိုးအစားသည် အလုပ်လုပ်ရန် (Non Immigraant L_A ) အတွက် ဗီဇာ (Visa) စစ်ဆေး ခံရမည် ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် ၂ နှစ်ထက်မပိုသော တံဆိပ်တုံး ရရှိမည်ဖြစ်သည်။ ဤ အလုပ်သမား အခြေအနေမှာ နိုင်ငံအတွင်း တရားဝင် ဝင်ရောက်လာသူ ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ရောက်ရှိလာပြီး ရက် ၃၀ အတွင်း အလုပ်လုပ်ခွင့် တောင်းခံရမည်။ သက်တမ်း ၂ နှစ်ပြည့်ပြီးပါက ဆက်လက်နေထိုင်ရန် ၂ နှစ်ထက် မပို ထပ်မံတောင်းဆို နိုင်သည်။

၄ နှစ်ပြည့်ပါက ထိုင်းနိုင်ငံ ပြင်ပသို့ ထွက်ခွာရမည်ဖြစ်သည်။

အလုပ်လုပ်ခြင်း

၁။ ဝန်ကြီး ကော်မတီမှ သဘောတူညီမှု ရရှိထားသော ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင် ခွင့်ပေး၍ အလုပ်လုပ်ခွင့်ရသော ထိုင်းနိုင်ငံအတွင်း တရားမဝင် ခိုးဝင်လာပြီး ပြစ်ဒဏ် လျော့ပေါ့ပေးသည့် မြန်မာ လာအို ကမ္ဘောဒီယား လူမျိုး နိုင်ငံခြား အလုပ်သမားများအုပ်စု သည် အလုပ်ရှာဖွေ ခန့်အပ်ရေး ဌာနတွင် အလုပ်လုပ်ခွင့် တောင်းခံရမည် ဖြစ်ပြီး သတ်မှတ်ထားသော အလုပ်လုပ်ခွင့် ဝန်ဆောင်ခ ကိုပေးချေရမည်။ ထိုသို့ မဟုတ်ပါက ထိုင်းနိုင်ငံ အတွင်း နေထိုင်ရန် ပြစ်ဒဏ် လျှော့ပေါ့ပေးမည် မဟုတ်ပါ။ ခွင့်ပြုသော လုပ်ငန်း များမှာ အလုပ်ကြမ်း သမားများ နှင့် အိမ်တွင်း ခိုင်းစေသော အလုပ်သမားများ စသည့် အောက်ပါ အတိုင်း ဖြစ်ပါသည်။

၁-၁။ အလုပ်လုပ် မည်ဆိုပါက ကျန်းမာရေး စစ်ဆေးပြီး လူထု ကျန်းမာရေးဌာန မှ အလုပ်မလုပ်ရန် တားမြစ်ထားသော ရောဂါ မရှိဟုကျန်းမာရေး အာမခံ ချက် တောင်းခံရမည်။

၁-၂။ အလုပ်ခန့်ထားရေးဌာနမှ အလုပ်လုပ်ခွင့် တောင်းဆိုပြီး သတ်မှတ်ထားသော ဝန်ဆောင်ခများ ပေးချေရမည်။

၁-၃။ နိုင်ငံခြားအလုပ်သမားခန့်ရန် မှတ်ပုံတင်ထားပြီး နိုင်ငံခြား အလုပ်သမား ခန့်အပ်ရန် အခွင့် ( ကန့်သတ် ပမာဏ- quota) ရရှိထားပြီးဖြစ်သော အလုပ်ရှင်တွင်သာ အလုပ်လုပ်ရန်။

၁-၄။ ခွင့်ပြုချက် ရရှိထးသော အလုပ်အမျိုးအစား (သို့) အလုပ်ပုံစံနှင့် အလုပ်ရှင် ၊ နေရာ (သို့) လုပ်ငန်းခွင် နှင့် ခြွင်းချက် အတိုင်းသာ အလုပ်လုပ်ရမည်ဖြစ်သည်။

၁-၅။ တာဝန် ရှိသူ ဝန်ထမ်း (သို့) မှတ်ပုံတင် အရာရှိအားပြသနိုင်ရန် အတွက် အလုပ်လုပ်ခွင့် လက်မှတ်ကို မိမိနှင့် တစ်ပါတည်းရှိစေရမည် (သို့) အလုပ်လုပ်ချိန် တွင် အလုပ်ခွင် အတွင်းဆောင်ထားရမည်။

၂။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် ရရှိသော နိုင်ငံသားစီစစ်ပြီးသော မြန်မာ- လာအို - ကမ္ဘောဒီယား လူမျိုး နိုင်ငံခြား သားအလုပ်သမားများနှင့် ဗီဇာစစ်ဆေးပြီးသော အလုပ်သမား များ၏ အလုပ်သမား အခြေအနေအရ ၁၅ ရက်အတွင်းအလုပ်လုပ်ခွင့် တောင်းခံရမည် ဖြစ်ပြီး ဥပဒေ အရ သတ်မှတ်ထားသော ဝန်ဆောင်ခ နှုန်းထား အတိုင်း ပေးေျရမည်။

၂-၁။ ဗီဇာ စစ်ဆေးမှု (Visa) သတ်မှတ်ထားသော ကာလ အတိုင်း ထိုင်းနိုင်ငံအတွင်းနေထိုင်နိုင်ပြီး တံဆိပ်တုံး (၂ နှစ်ထက်မပို ၊ ၂ နှစ်ပြည့်က ဆက်လက်နေထိုင်ရန် ၂ နှစ်ထက် မပို ထပ်မံ တောင်းဆိုနိုင်ပြီး ၄ နှစ်ပြည့်က နိုင်ငံပြင်ပ သို့ ထွက်ခွာရမည် ဖြစ်သည်။)

၂-၂။ နယ်မြေ ခရိုင် ပြင်ပသို့ ထွက်ခွာရန် တောင်းဆိုရန် မလိုပဲ ထိုင်းနိုင်ငံ တစ်ဝှမ်း ခရီး သွားလာ နိုင်သည်။

၂-၃။ ခွင့်ပြုချက် ရရှိထားသော အလုပ်အမျိုးအစား (သို့) အလုပ်ပုံစံ နှင့် အလုပ်ရှင် ၊ နေရာ ၊ (သို့) လုပ်ငန်းခွင် ခြွင်းချက်အတိုင်းသာ အလုပ်လုပ်မည် ဖြစ်သည်။

၂-၄။ တာဝန်ရှိသူ ဝန်ထမ်း (သို့) မှတ်ပုံတင် အရာရှိ အား ပြသရန် အလုပ်လုပ်ခွင့် လက်မှတ်ကို မိမိ နှင့် တစ်ပါတည်း ရှိစေရမည်။ (သို့) အလုပ်လုပ်ချိန်တွင် အလုပ်ခွင် အတွင်း ရှိစေရမည်။

၃။ (MOU) အရ အလုပ်သမားများ တရားဝင် ဝင်ရောက်လာကြသည့် မြန်မာ ၊ လာအို ၊ နှင့် ကမ္ဘောဒီယား လူမျိုး နိုင်ငံခြား အလုပ်သမား အုပ်စု
များသည် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာသည့် ရက်ပေါင်း ၃၀ အတွင်း အလုပ်လုပ်ခွင့် တောင်းခံရမည် ဖြစ်ပြီး ဥပဒေ သတ်မှတ်ထားသော နှုန်းထားအတိုင်း ဝန်ဆောင်ခများ ပေးချေရမည်။

၃-၁။ ထိုင်းနိုင်ငံအတွင်း ၂ နှစ်ထက် မပိုသော နေထိုင်ခွင့် ရပြီး ၂ နှစ်ပြည့်ပါက ဆက်လက်နေထိုင်ရန် ၂ နှစ်ထက်မပိုသော နေထိုင်ခွင့် ထပ်မံတောင်းခံ နိုင်သည်။ ၄ နှစ်ပြည့်ပါက ထိုင်းနိုင်ငံ ပြင်ပသို့ ထွက်ခွာရမည် ဖြစ်သည်။

၃-၂။ နယ်မြေ ခရိုင် ပြင်ပသို့ ထွက်ခွာရန် တောင်းဆိုရန် မလိုအပ်ပဲ ထိုင်းနိုင်ငံ တစ်နိုင်ငံလုံး ခရီးသွားလာနိုင်သည်။

၃-၃။ ခွင်ပြုချက် ရထားသော အလုပ်အမျိုးအစား (သို့) အလုပ်ပုံစံ နှင့် အလုပ်ရှင် ၊ နေရာ ၊ (သို့) လုပ်ငန်းခွင် ခြွင့်ချက်အတိုင်း သာ အလုပ်လုပ်ရမည် ဖြစ်သည်။

၃-၄။ ၄။ တာဝန်ရှိသူ ဝန်ထမ်း (သို့) မှတ်ပုံတင် အရာရှိ အား ပြသရန် အလုပ်လုပ်ခွင့် လက်မှတ်ကို မိမိ နှင့် တစ်ပါတည်း ရှိစေရမည်။ (သို့) အလုပ်လုပ်ချိန်တွင် အလုပ်ခွင် အတွင်း ရှိစေရမည်။

ခရီးသွားခြင်း
>>>>>>>>>

ဝန်ကြီး များ အဖွဲ့မှ သဘောတူညီမှု ရရှိထားသော ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင် ခွင့်ပေး၍ အလုပ်လုပ်ခွင့်ရသော ထိုင်းနိုင်ငံအတွင်း တရားမဝင် ခိုးဝင်လာပြီး ပြစ်ဒဏ် လျော့ပေါ့ပေးသည့် မြန်မာ လာအို ကမ္ဘောဒီယား လူမျိုး နိုင်ငံခြား အလုပ်သမားများအုပ်စု သည် မိမိ မှတ်ပုံတင်ထားသော ခရိုင် အတွင်း ခရီးသွာ လာနိုင်သည်။ ခရိုင် ပြင်ပ သို့ ထွက်မည် ဆိုပါက ခရိုဝန်ထံ ခွင့်တောင်းခံရမည်။ အခွင့်မရ ပဲ ခရိုင် နယ်မြေ ပြင်ပ သို့ ထွက်ခွာပါက ပြစ်ဒဏ်လျှော့ချခြင်း ၊ အခွင့်အရေး ဖျက်သိမ်းခြင်း ခံရပြီး နိုင်ငံအတွင်း နေထိုင်ခွင့် နှင့် အလုပ်လုပ်ခွင့် ဖျက်သိမ်းခြင်း ခံရမည်။ ပြည်ထဲရေး ဝန်ကြီးဌာနမှ အောက်ပါအတိုင်း ပြဌာန်းထားသော ထိုင်းနိုင်ငံအတွင်း နေထိုင်ခြင်း ရုပ်သိမ်းခြင်းအရ ထိုအလုပ်သမားအခြေအနေမှာ နိုင်ငံအတွင်း တရားမဝင် ခိုးဝင်လာသူအဖြစ် ပြောင်းလဲသွားမည်။

၁-၁။ နိုင်ငံခြား အလုပ်သမားများ အောက်ပါ ခြွင်းချက် တစ်ခုခု ပြစ်မှု ကျူးလွန်ပါက ထိုင်းနိုင်ငံ အတွင်း နေထိုင်ခွင့် ချက်ချင်း အကျိုးသက်ရောက်မှု ကုန်ဆုံးမည် ဖြစ်သည်။

၁) လူထုကျန်းမာရေးဌာန မှ ပြဌာန်းသတ်မှတ်ထားသော တားမြစ် ရောဂါ ဖြစ်ခြင်း။

၂) ပေါ့ဆမှု (သို့) သေးငယ်သော ပြစ်မှုမှ အပ တရားရံုံး၏ ဆုံဖြတ်ချက် အရ တရားဥပဒေ အရ ထောင်ဒဏ် ကျခံရခြင်း

၃) အလုပ်နယ်မြေ ခရိုင် ပြင်ပသို့ အောက်ပါ အကြောင်း အရာများမှ အပ အခွင့်မရပဲ ထွက်ခွာခြင်း

၂။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် ရရှိသော နိုင်ငံသား စီစစ်ပြီးသော မြန်မာ - လာအို - နှင့် ကမ္ဘောဒီယား လူမျိုး နိုင်ငံခြားသား အလုပ်သမား နှင့် ပတ်စပို့စာအုပ်ထဲတွင် ဗီဇာ တံဆိပ်တုံး စစ်ဆေး ပြီးသော အလုပ်သမားများသည် ထိုင်းနိုင်ငံသို့ တရားဝင် ဝင်ရောက်လာသော အခြေအနေ ပြောင်းလဲပြီဖြစ်၍ MOU အရ ထိုင်းနိုင်ငံသို့ တရားဝင် တင်သွင်းလာသော နိုင်ငံခြား အလုပ်သမား အပါအဝင် ခရိုင်အစိုးရ ဝန်ကြီးထံ ခွင့်ပြုချက် ရရှိရန် မလိုပဲ နိုင်ငံအတွင်း ပုံမှန် ခရီး သွားလာနိုင်သည်။

ဆေးဝါး ကုသမှု
>>>>>>>>>>>

၁။ ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်လာပြီး ပြစ်ဒဏ်လျှော့ပေါ့ပေး၍ နိုင်ငံပြန်ပို့ရန် စောင့်ဆိုင်းနေသော ကာလအတွင်း ယာယီနေထိုင် ခွင့်ရသော နိုင်ငံခြားအလုပ်သမားအဖွဲ့သည် လူထု ကျန်းမာရေးဌာန မှ ပြဌာန်းထားသော စနစ်အတိုင်း ဆေးဝါးကုသမှု အခွင့်အရေး ရမည်။ နိုင်ငခြား အလုပ်သမားများ ကျန်းမာရေး စစ်ဆေးပြီး လူထု ကျန်းမားရေး ဝန်ကြီးဌာန မှ သတ်မှတ်ထားသော ဆေးရုံများတွင် ကျန်းမာရေး ထောက်ခံချက် ရယူရမည် ဖြစ်သည်။ ကျန်းမာရေး ဆေးစစ်ခ ဘတ် ၆၀၀ နှင့် ကျန်းမားရေး အာမခံ ဘတ် ၁၃၀၀ ပေးချေ ပြီးမှသာလျှင် ထိုင်းလူမျိုး နည်းတူ ကျန်းမာရေး အာမခံချက် စီမံကိန်းအရ ကျန်းမာရေး အာမခံချက် စနစ် အတွင်း ဝင်ရောက်နိုင်မည် ဖြစ်သည်။ ကျန်းမာရေး အာမခံ စီမံကိန်း ဝန်ဆောင်မှု တောင်းခံရာတွင် နိုင်ငံခြား အလုပ်သမားများ အဆိုပါ ကနဦး ဖော်ပြထားသည့် ဆေးရုံတွင် ဆေးဝါးကုသခြင်း ဝန်ဆောင်မှု ရယူနိုင်သည်။

က။ ဘန်ကောက်နယ်မြေ အတွင်းတွင် အောက်ပါအတိုင်း ပါရှိသည်။

၁) လုံဖယာဘန် ရတ်ခ်ဝိထီဆေးရုံ
၂) လုံဖယာဘန် နုပ်ဖရတ်နရတ်ချ်ထာနီ ဆေးရုံ
၃) လုံဖယာဘန် လိတ်ဆင် ဆေးရုံ
၄) လုံဖယာဘန် ကလန် ဆေးရုံ
၅) ဝိထယာ လိုင်ဖက်ထ်ဆတ်ကရုန်းထေ့ဖ်မဟာနခွန်လေ့ ဝချီရဖယဘန် ဆေးရုံ
၆) လုံဖယာဘန် တာက်ဆင် ဆေးရုံ
၇) လုံဖယာဘန် စလိန်း ကရုန်း ပရချာလပ် ဆေးရုံ
၈) လုံဖယာဘန် ဘန်ကောက် ၉ အင်တာနေရှင်နယ်ဆေးရုံ

ခ။ ဒေသပိုင်း တွင် ကျန်းမာရေး ဆေးစစ်ရေး ဝန်ဆောင်မှု နှင့် ကျန်းမာရေး အာမခံချက် ပေးသည့် ဆေးရုံမှာ အစိုးရဆေးရုံ များ ဖြစ်သည်။

ကျန်းမာရေး အာမခံချက် သုံးခြင်း ခြွင်းချက်များ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၁။ အလုပ်လုပ်ခွင့် လက်မှတ်နှင့်အတူ ကျန်းမာရေး အာမခံကို(ဖော်ပြထားသော)ဆေးရုံတွင် တင်ပြရမည်။

၂။ အရေးပေါ် ကိစ္စဖြစ်ပေါ်ပါက အနီးစပ်ဆုံး ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနိုင်ပြီး မူရင်းဆေးရုံမှ ကုန်ကျစာရိတ် သတ်မှတ်ထားသော ခြွင်းချက်အရ တာဝန်ယူမည်။

၃။ ဝန်ဆောင်မှု အတွက် ကုန်ကျစာရိတ် တစ်ခေါက်လျှင် စုစုပေါင်းဘတ် ၃၀ ကျသင့်ပါသည်။

၄။ကျန်းမာရေး အာမခံ ၄ မျိုး ထောက်ပံ့မည်။

၎င်းတို့မှာ ကျန်းမာရေး ဆေးဝါးကုသမှု ရောဂါ တားဆီးမှုနှင့် ကာကွယ်မှု ၊ကျန်းမာရေး ပံံ့ပိုးမှုနှင့် ပြန်လည် ထူထောင်မှု စသည်တို့ ပါဝင်သည်။ ထို့အပြင် ကျန်းမာရေး အာမခံ ထားခြင်းဖြင့် အောက်ပါ အခြား ဝန်ဆောင်မှု ထောက်ပံရေးများ ရရှိမည်။

၄.၁။ ရောဂါ ကုသရေး ကျွမ်းကျင်မှု ကော်မတီ အဖွဲ့မှ ထောက်ခံမှု ရရှိထားသော အထူးကု ဆရာဝန်များစစ်ဆေးခြင်း ၊ ရောဂါ ရှာဖွေခြင်း ၊ ပြုပြင်ခြင်း ၊ ကုသခြင်း နှင့် ကျန်းမာရေး ပိုင်းတွင် ပြန်လည်ထူထောင်ခြင်း စသည့် ကုသမှု

၄.၂။ သွားနှုတ်ခြင်း ၊ သွာဖာခြင်း ၊ သွားခြစ်ခြင်း၊

၄.၃။ အစားအစာ ဝန်ဆောင်ပေးမှုနှင့် သာမာန်လူနာဆောင်

၄.၅။ ဆေးဝါးကုသရန် ဆက်လက်ပေးပို့ခြင်း

သို့သော်

အောက်ပါ ရောဂါ ကုသမှုများအတွက် ထောက်ပံ့ခြင်းမရှိပါ။

၁) စိတ်ရောဂါ

၂) ဥပဒေအရ မူးယစ်ဆေးဟု သတ်မှတ်ထားသော မူယစ်ဆေး နှင့် မူးယစ်ဆေးဝါးစွဲသူများ ကိုပြုပြင်ခြင်း ၊ကုသခြင်းနှင့် 
ပြန်လည်ထူထောင်ပေးခြင်း

၃) ဥပဒေ အရ ယဉ်အန္တရယ်ကြောင့် ထောက်ပံ့မှု အခွင့်အရေး ရယူနိုင်သော ယာဉ်အန္တရယ် နှင့် ရင်ဆိုင်ရသူများ။

၄) လူသားချင်း စာနာ ထောက်ထားမှု ဥပဒေ ၁၉၉၄ အရ ငွေကြေး အလျှော်ပေးသည့် အခွင့်အရေး ရရှိ ခံစားခွင့်ရှိသော အလုပ်လုပ်ခြင်းကြောင့် နာမကျန်း ဖြစ်သောသူနှင့် ထိခိုက် အန္တယ်ရယ်ရသောသူများ၊

၅) ကလေးရရန် ခက်ခဲသော အခြေအနေ ကုသခြင်း၊

၆) သားစပ်ခြင်း

၇) လိင်ပြောင်းလဲမှု အတွက် ခွဲစိပ်ခြင်း

၈) ဆေးကုသမှု ညွန်ကြားချက်မရှိသော အလှအပ အတွက် ပြုပြင်၊ ပြင်ဆင်ခြင်းများ အားလုံး

၉) ဆေးကုသခြင်းတွင် ညွှန်ကြားထားခြင်းမရှိပဲ လိုအပ်သည်ထက် ပိုသော စစ်ဆေးခြင်း ရောဂါရှာဖွေ ခြင်းနှင့် ဆေးဝါးကုသခြင်း။

၁၀) ဆေးဝါး ကုသခြင်းဆိုင်ရာ ညွှန်ကြားချက်ကြောင့် ကုသနေစဉ် ရောဂါထပ်တိုးလာခြင်းအား ဆက်လက်ကုမှု ခံယူရခြင်းမှ အပ နဂိုရောဂါဖြင့် ဆေးဝါးကုသမှု ခံယူရန် အချိန်ကြာမြင့်စွာ အတွင်း လူနာအဖြစ် ၁၈၀ ရက်ထက် ပိုနေရခြင်း။

၁၁) စမ်းသပ်မှု အဆင့်တွင်သာရှိသော ဆေးဝါးကုသခြင်း

၁၂) နာတာရှည် နောက်ဆုံးအဆင့် ကျောက်ကပ် ရောဂါသည်များ အတွက် ဆေးဝါးကုခြင်း ၊ ကျောက်ကပ် သန့်စင်ခြင်း ကျောက်ကပ်တုစက်ဖြင့် သွေးသန်စင်ခြင်း

၁၃) မိခင်မှ ခလေးသို့ကူးစက်မှု ကာကွယ်ခြင်းမှ အပ အေအိုင်ဒီအက်စ် ဗိုင်းရပ်စ်ခုခံဆေးများ

၁၄) ကိုယ်လက်အင်္ဂါ အစိတ်အပိုင်း ပြောင်းလဲခြင်း

၁၅)သွားအတု ပြုလုပ်ခြင်း

၂။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ရရှိသော နိုင်ငံသားစီစစ်ပြီးသော ၊ MOU အရ တရားဝင်ဝင်ရောက်လာသော အလုပ်သမား အုပ်စုသည် ဆေးဝါးကုသမှု ပိုင်းတွင် လူမှုဖူလုံရေး စနစ်အတိုင်း ထောက်ပံ့ခြင်း ရရှိမည်။ လူမှုဖူလုံရေး ဥပဒေ ၁၉၉၀ အရ နိုင်ငံခြားအလုပ်သမား မှတ်ပုံတင်ထားရမည် ဖြစ်ပြီး လူမှုဖူလုံရေး စနစ်တွင် ငွေကြေးပေးချေပြီးဖြစ်ရမည်၊ လူမှု ဖူလုံရေး ဥပဒေ ၁၉၉၀ အတိုင်း ထောက်ပံ့မှု ရရှိမည် ဖြစ်၍ လူသားခြင်း စာနာထောက်ထားမှု ဥပဒေ ၁၉၉၄ အရ ငွေကြေး အစားအစာထောက်ပံ့မှုကို အောက်ပါအတိုင်း ရမည် ဖြစ်သည်။

အလုပ်သမားများ ထောက်ပံ့ခြင်း
>>>>>>>>>>>>>>>>>>>>>>

ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်သူ အားလုံး အလုပ်သမားထောက်ပံ့ရေး အခွင့်အရေး ကို အရည်အသွေး မြှင့်စွာရရှိမည် ဖြစ်ပြီး တန်းတူညီမျှ လမ်းစဉ် ကိုအလေးထားသည်။

တရာမဝင် ခိုးဝင်လာသည် ဖြစ်စေ ၊ တရားဝင် ဝင်ရောက်လာသည်ဖြစ်စေ ခွဲခြားဆက်ဆံခြင်း မရှိစေပါ၊ အလုပ်သမား ကာကွယ်ရေး ဥပဒေ ၁၉၉၈ အရ အလုပ်သမား ဝန်ကြီးဌာန အတွင်းရှိ သက်သာချောင်ချိရေးနှင့် အလုပ်သမားထောက်ပံ့ရေး ဌာန မှ တာဝန်ယူခြင်း ၊ စစ်ဆေးခြင်း နှင့် အလုပ်ရှင်များမှ အလုပ်သမားများအား အလုပ်သမားထောက်ပံံ့ရေး လိုက်နာဆောင်ရွက်ခြင်း ရှိမရှိ စစ်ဆေး ထိန်းချုပ်ပေးသည်။

မြန်မာ နိုင်ငံသား အလုပ်သမားများအား စီစစ်ခြင်း အဆင့်ဆင့်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အလုပ်ရှင် PEO/BEO DOE မြန်မာ

1. နိုင်ငံသားစီစစ်ရေး တောင်းဆိုရန် အလုပ်ရှင်အားဖောင်ပုံစံပို့ပေးခြင်း

2. အလုပ်ရှင်မှ နိုင်ငံသားစီစစ်ရေးတောင်းဆိုသည့်ဖောင်ပုံစံများကို စုဆောင်းပြီး PEO/BEO ထံပေးပို့ခြင်း

3. သက်ဆိုင်ရာစာရွက်စာတမ်း အထောက်အထားများ စစ်ဆေးခြင်း

4. နိုင်ငံသား စီစစ်ရေး တောင်းခံသည့် 
ဖောင်ပုံစံနှင့်မြန်မာအလုပ်သမားအမည်စာရင်းကိုအလုပ်ခန့်အပ်ရေး ဌာနသို့ပို့ခြင်း

5. နိုင်ငံသား စီစစ်ရေး တောင်းခံသည့် ဖောင်ပုံစံနှင့် မြန်မာ အလုပ်သမား အမည်စာရင်းကို ထိုင်းနိုင်ငံရှိမြန်မာ သံရုံးသို့ ပို့ခြင်း

6. နိုင်ငံသားစီစစ်ရေးစနစ်(NVSSystem)တွင်နိုင်ငံခြားအလုပ်သမားများ၏အချက်အလက်ကိုစစ်ဆေးခြင်းနှင့်
မှတ်တမ်းတင်ခြင်း

7. စစ်ဆေးမှု အောင်မြင်သော မြန်မာ အလုပ်သမား အမည်စာရင်းကို DOE ထံ ပို့ခြင်း

8. မြန်မာဖက်မှ ပြန်ပို့လာသော အမည်စာရင်း ကို စစ်ဆေးခြင်း နှင့် ပြည်ထဲရေး ဝန်ကြီးဌာန သို့နိုင်ငံခြား အလုပ်သမား နယ်မြေ ခရိုင် ပြင်ပသို့ခရီးသွားနိုင်ခွင့် စာရွက်စာတမ်း ပို့ခြင်း

9. MOI မှ နိုင်ငံခြား အလုပ်သမား နယ်မြေခရိုင် ပြင်ပသို့ထွက်ခွာနိုင်သည့် စာအုပ်ထုတ်ပေးပြီး DOE ကိုပါ အသိပေးခြင်း

10. အလုပ်သမား နိုင်ငံသား စီစစ်ရန် ခရီးသွား စာရွက်စာတမ်းများ ပြုလုပ်ခြင်း (စာရွက်စာတမ်း ၃ ပိုင်း)
(နိုင်ငံသား စီစစ်ရေး ဆက်သွယ်ရေး ရုံး)

11. အလုပ်ရှင်မှ နိုင်ငံခြားသား အလုပ်သမားများအား နိုင်ငံသား စီစစ်ရေး ဆက်သွယ်ရေး ရုံးသို့ ခေါ်ဆောင်လာခြင်း
(နိုင်ငံသား စီစစ်ရေး ဆက်သွယ်ရေး ရုံး)

12. မြန်မာ အရာရှိ မှ စာရွက်စာတမ်း စစ်ဆေးခြင်း ၊ နိုင်ငံသား စီစစ်ရေး အောင်မြင်ခြင်း နှင့် ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးခြင်း

13. DOE အရာရှိ မှ အစီရင်ခံစာ လက်ခံခြင်း ၊ (၁၅ ရက်အတွင်း) အလုပ်လုပ်ခွင့်ပြောင်းလဲ တောင်းခံခြင်း ၊ ရက် ၉၀ ပြည့်တိုင်း လူဝင်မှု ကြီးကြပ်ရေး တာဝန်ခံထံ အစီရင်ခံ ဝင်ရန်

တရားဝင် နိုင်ငံခြားသား အလုပ်သမား ဝင်ရောက်ခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ အလုပ်သမား ဝင်ရောက်မှု

1. နိုင်ငံခြား အလုပ်သမား ဝင်ရောက်ရန် သတ်မှတ်ပမာဏ တောင်းခံခြင်း

2. သတ်မှတ် ပမာဏ ရပြီး (Demand Letter ) နှင့် အလုပ်ခန့်ခြင်း စာချုပ်တင်ပြခြင်း (BKK-BEO 1-10 - Others PEO

3. Demand Letter နှင့် အလုပ်ခန့်အပ်ခြင်း စာချုပ်ကို ထိုင်းနိုင်ငံအတွင်းရှိ မြန်မာ သံရုံးထံ တင်ပြပြီး မြန်မာ ဘက်သို့ ပို့ပေးရမည်။

4. မြန်မာ အလုပ်သမား ဝန်ကြီးဌာန မှ အလုပ်ရှာသော သူများကို စုဆောင်း စစ်ဆေးရမည်။

5. နိုင်ငံခြား အလုပ်သမား အမည်စာရင်း တင်ပြခြင်း

6. မြန်မာ ဘက်မှ အလုပ်လုပ်မည့် သူများ၏ အမည် စာရင်း (Name List) ပြပြီး ထိုင်းနိုင်ငံ အလုပ်သမား ကြီးဌာန သို့ အကြောင်းကြရမည်။

7. ထိုင်းနိုင်ငံ အတွင်းရှိ မြန်မာ သံရုံးသို့ တောင်းခံစာတင်ပြီး စစ်ဆေးမှု အတည်ပြုပြီး ဗီဇာစစ်ဆေးရန် နှင့် နိုင်ငံခြား အလုပ်သမား ဂိတ်ဖြတ်ခွင့် ရရန် တောမော(လဝက) သို့ အကြောင်းကြားခြင်း

8. နိုင်ငံခြား အလုပ်သမားအား ဗီဇာ တောင်းရန်နှင့် နိုင်ငံအတွင်း ဝင်ခွင့်တောင်းရန် စစ်ဆေးရေး တောမော ဂိတ်သို့ ခေါ်ဆောင်ရမည်။

9. နိုင်ငံခြား အလုပ်သမားများအား ကျန်းမာရေး စစ်ဆေးရန် ခေါ်ဆောင်သွားပြီး အလုပ်လုပ်ခွင့် တောင်းခံရမည်။ (BKK;BEO 1-10) Other PEO

နိုင်ငံခြား အလုပ်သမားများ အလုပ်လုပ်မှု နှင့် ပတ်သက်သော ဥပဒေ ၂၀၀၈ အရ ပြစ်မှု နှင့် ပြစ်ဒဏ်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်ရှင်
>>>>>>>>

ပြစ်မှုကျူးလွန်သည့်ပုံစံ နှင့် ပြစ်ဒဏ်
>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်လုပ်ခွင့် လက်မှတ်မရှိသော နိုင်ငံခြားသားများကိုအလုပ်ခန့်ခြင်း (ပုဒ်မ ၂၇)

အလုပ်ခန့်ထားသော နိုင်ငံခြားသား ၁ ယောက်လျှင်လျော်ကြေးဘတ် ၁၀.၀၀၀ မှ ဘတ် ၁၀၀.၀၀၀။ (ပုဒ်မ ၅၄)

အလုပ်လုပ်ခွင့်လက်မှတ်ရှိသော်လည်း မိမိနှင့် အလုပ်လုပ်ခွင့်မရှိသူများ အားအလုပ်ခန့်ခြင်း (ပုဒ်မ ၂၇)

လျော်ကြေး ဘတ်ငွေ ၁၀.၀၀၀ ။ ( ပုဒ်မ ၅၄)

မိမိ နှင့်အလုပ်လုပ်ခွင့် လက်မှတ်ရှိပြီးခွင့်ပြုထားသော အလုပ်အမျိုးအစား ၊ ပုံစံ (သို့) အလုပ်လုပ်နေရာ ၊ လုပ်ငန်းခွင် ထက် ပို၍ ခိုင်းခြင်း (ပုဒ်မ ၂၇) လျော်ကြေး ဘတ်ငွေ ၁၀.၀၀၀ ။ (ပုဒ်မ ၅၄)

အမေး အဖြေ စာရွက်စာတမ်း (သို့) ဆင့်ခေါ်စာ အတိုင်း မလိုက်နာခြင်း (သို့) အမှန်အတိုင်း မဖြေခြင်း ၊ အပ်စပ်သော အကြောင်းပြချက် မရှိပဲ စာရွက်စာတမ်း၊ အထောက်အထားများ ကို သက်ဆိုင်ရာ တာဝန်ရှိသူများ (သို့) မှတ်ပုံတင် အရာရှိ အားမတင်ပြခြင်း (ပုဒ်မ ၄၈)

လျော်ကြေး ဘတ်ငွေ ၁၀.၀၀၀ ( ပုဒ်မ ၅၅ )

အလုပ်လုပ်ခွင် လက်မှတ် မရှိပဲ အလုပ်လုပ်ခြင်း (ပုဒ်မ ၅၁)

ထောင်ဒဏ်အများဆုံး ၅ နှစ် (သို့)လျော်ကြေးဘတ် ၂.၀၀၀ မှ ဘတ် ၁၀၀.၀၀၀ (သို့) ထောင်ဒဏ် နှင့်လျော်ကြေး နှစ်ခုလုံး ၊

အကယ်၍ နိုင်ငံခြားသား ပြစ်မှုကျူးလွန်သည်ဟု စွတ်စွဲခံရပြီး နိုင်ငံပြင်ပသို့သတ်မှတ်ထားသော ကာလ အတွင်း( ရက် ၃၀ ထက်နောက်မကျစေရ) ထွက်ခွာရန် သဘောတူပါက စစ်ဆေးရေးတာဝန်ခံမှ နှိုင်းယှဉ် လျော်ကြေးပေးစေခြင်းနှင့် ထိုသူအား ထိုင်းနိုင်ငံ ပြင်ပသို့ ထွက်ခွာစေခြင်း လည်း လုပ်ဆောင်နိုင်သည်။( ပုဒ်မ ၅၁ )

အလုပ်လုပ်ခွင့် လက်မှတ်တွင် ပါရှိသော ခြွင်းချက်အရ အလုပ်အမျိုးအစား ၊ အလုပ်ပုံစံ (သို့) အလုပ်နယ်မြေ နှင့် လုပ်ငန်းခွင်တွင် သတ်မှတ်ထားသော အလုပ်ရှင်နှင့် အလုပ်မလုပ်ခြင်း (ပုဒ်မ ၂၆ အပိုဒ် ၁ )

လျော်ကြေး ဘတ် ၂၀.၀၀၀ ထက်မပို (ပုဒ်မ ၅၂)

တာဝန်ရှိသူ ဝန်ထမ်း (သို့) မှတ်ပုံတင် အရာရှိအား ပြရန် အလုပ်လုပ်ခွင့် လက်မှတ် မိမိတွင် မရှိခြင်း (သို့) အလုပ်လုပ်နေစဉ် လုပ်ငန်းခွင် တွင် မဆောင်ထားခြင်း (ပုဒ်မ ၂၄)

လျော်ကြေး ဘတ်ငွေ ၁၀.၀၀၀ ထက် မပို( ပုဒ်မ ၅၃)

နိုင်ငံခြား အလုပ်သမားများ လိုက်နာကျင့်သုံး သင့်သည့် တာဝန်များ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၁။ နိုင်ငံခြား အလုပ်သမားများ အလုပ်လုပ်ခြင်း နှင့်ပတ်သက်သေ ပြဌာန်းထားသော ဥပဒေ အရ လိုက်နာကျင့်သုံးရမည်။

ဥပမာ…..

 ဥပဒေ နှင့် ကိုက်ညီစွာ အလုပ်လုပ်ခွင့်တောင်းခံရန်

 အလုပ်လုပ်ခွင့် လက်မှတ်တွင် ဖော်ပြထားသော

အလုပ်အမျိုးအစား အလုပ်ပုံစံ နှင့် အလုပ်နေရာ ၊ လုပ်ငန်းခွင်တွင် သတ်မှတ်ထားသော အလုပ်ရှင် နှင့်သာ အလုပ်လုပ်ရန်

 တာဝန်ရှိ ဝန်ထမ်းနှင့် မှတ်ပုံတင် အရာရှိအား ပြရန် အလုပ်လုပ်ခွင့် လက်မှတ်ကို မိမိတွင် ဆောင်ထားရန် (သို့) အလုပ်လုပ်စဉ် အတွင်း လုပ်ငန်းခွင်တွင် ဆောင်ထားရန်

 ဥပဒေ တွင် ပါရှိသော စည်းမျဉ်း စည်းကမ်းများ အတိုင်း လိုက်နာကျင့်သုံးရမည်။ ဥပမာ။ အသုံးစာရိတ်များနုတ်ပြီး တစ်နှစ်လျှင် ဝင်ငွေ ဘတ် ၅၀.၀၀၀ ထက် ပိုပါက အခွန်ငွေ ပေးဆောင်နိုင်ရမည်။

 အာဏာပြ အကြမ်းဖက်မှု မပြုရန်နှင့် မည်သူကိုမှ အကြမ်းဖက်မှု ဖြစ်စေသော အာဏာပြ ခြိမ်းခြောက်မှုများ မပြု လုပ်ရန်။

 အခွင့်အရေး စာရွက်စာတမ်း (သို့) အစိုးရပိုင်း ဆိုင်ရာ စာရွက်စာတမ်းများကို အတူအယောင် မပြုလုပ်ရန်။

 မည်သည့် လုပ်ရပ် မဆို အခြားသူ၏ ကိုယ်ကာယ ပိုင်ဆိုင်မှုများအား ကျူးလွန်မှု မပြုလုပ်ရန်။

 လောင်းကစား မပြုလုပ်ရန် ၊ မူးယစ်ဆေးဝါး မသုံးစွဲရန်။

 အလုပ်ချိန်အတွင်း အရက်မသောက်ရန် စသည်တို့ဖြစ်ပါသည်။

မှတ်ချက်။ အထက်ပါ ထုတ်ပြန်ချက်များသည် နိုင်ငံခြားအလုပ်သမားများ စီမံခန့်ခွဲရေး ရုံး နှင့် အလုပ်အကိုင် ခန့်ထားရေး ဌာန မှ ထုတ်ပြန်ထားသော ဥပဒေ ပါ အချက်အလက်များ ဖြစ်ပါသည်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ မိမိတို့ အတွက် ထုတ်ပြန်တားမြစ်ထားသော ဥပဒေ အချက်အလက်များကို ပိုမို သိရှိလာစေရန် ပြန်လည်ရေးသားပါသည်။

ZMO /FED

Subscribe Us