Thursday, July 27, 2017

ကားတိုကျသဆေုံးသှားသည့ျ အလုပျသမအမှု အလုပျသမားသံအရာရှိမှ ကူညီဆောငျးရှကျ



စွန်ခလာ၊ ၂၇.၇.၂၀၁၇၊ အလုပ်သမားဟစ်တိုင်

ထိုင်းနိုင်ငံ၊စွန်ခလာမြို့ရှိ ပင်လယ်စာထုတ်လုပ်သည့် စက်ရုံတစ်ခုဖြစ်သည့် Thai Union Group စက်ရုံအရှေ့တွင် ဇူလိုင်လ ၂၄ရက်နေ့ ည ၈နာရီ ၁၅မိနစ်တွင်  မြန်မာရွေ့ပြောင်းအလုပ်သမတစ်ဦး ကားတိုက်သေဆုံးမှုဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့  ညပိုင်းက ၊ ထိုင်းနိုင်ငံ ၊ စွန်ခလာမြို့တွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာ
ရွှေ့ပြောင်းအလုပ်သမတစ်ဦးဖြစ်သူ မအေးအေးဆင့်ဆိုသူသည် လုပ်ဖော်ကိုင်ဖက်များနှင့် သူမ အလုပ်လုပ်ကိုင်လျက်ရှိသည့် Thai Union Groupစက်ရုံအရှေ့ရှိ ကားလမ်းမကိုဖြက်ကျော်ပြီး မုန့်ထွက်စဉ် 
ကားဖြင့် တိုက်မိကာ ပွဲခြင်းပြီးသေဆုံး ခဲ့ခြင်းဖြစ်သည်။


အခင်ဖြစ်ပွားမှုနှင့်ပက်သက်ပြီး သေဆုံးသူ မအေးအေးဆင့်၏ ရုပ်အလောင်းကို ယနေ့(၂၇.၇.၂၀၁၇)တွင် မီးသင်္ဂြုလ်ရာဈာပနသို့ ထိုင်းနိုင်ငံဆိုင်ရာ၊မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် တက်ရောက်ခဲ့ပြီး ကျန်ရစ်သည့် မိသားစုဝင်တို့ကို တွေ့ဆုံပြီး အားပေးနှစ်သိမ့်ပေးခဲ့ကြောင်းသိရသည်။

ကွယ်လွန်သူ မအေးအေးဆင့်၏ ကျန်ရစ်သည့် အထွေထွေကိစ္စရပ်များကို တာဝန်ရှိ သူများက စက်ရုံနှင့် ပူးပေါင်းဆောင်းရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Subscribe Us