Tuesday, July 25, 2017

ထိုင်းနိုင်ငံ အလုပ်သမားစိစစ်ရေးစင်တာများသို့ မြန်မာလုပ်သားများအတွက် လုပ်ငန်းရှင်များကိုယ်တိုင် စာရင်းပေးသွင်း



ထိုင်းအစိုးရက တရားမ ၀င်နိုင်ငံခြားသားလုပ်သားများကို တရားဝင်ဖြစ်ရေး စတင်စိစစ်ရာ တွင် မြန်မာလုပ်သားများ တရားဝင်ဖြစ်ရေး ထိုင်းလုပ်ငန်းရှင်များ က စိစစ်ရေးစင်တာ(အလုပ်သမားရှာဖွေရေးဌာန)များသို့ သွားရောက်ပြီး စာရင်းသွင်းလျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေထိုင်နေသော မြန်မာလုပ်သားများအပါအ၀င် နိုင်ငံခြားသားများကို တရားဝင် ဖြစ်ရေး စိစစ်ဆောင်ရွက်ရန် ထိုင်းအစိုးရက နိုင်ငံတစ်ဝန်း စိစစ်ရေးစင်တာ ၉၉ ခုကို ဇူလိုင် ၂၄ ရက်၌ စတင်ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်သည်။


‘‘လုပ်ငန်းရှင်တွေက ကိုယ့် မြန်မာအလုပ်သမားတွေအတွက် လာပြီးဖောင်တွေတင် လျှောက် ထားကြတာပေါ့။ အဓိကကလုပ်ငန်းရှင်တွေကို တင်ခိုင်းတော့ လုပ် ငန်းရှင်တွေက သူ့အလုပ်သမား တွေ လွဲနေတာတွေအတွက် လာ တင်ကြတာပေါ့။ ဒီနေ့(ဇူလိုင် ၂၄ ရက်) က စတင်ကြတာပေါ့။ ဘန် ကောက်ခရိုင်မှာ စင်တာ ၁၁ ခု ရှိတယ်။ မဟာချိုင်မှာလည်း အဲ ဒီလိုပဲ။ နိုင်ငံတစ်ဝန်း လုပ်ပေးမှာ’’ ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးမိုး အောင်ခိုင်က ပြောသည်။

‘‘အလုပ်ရှင်နဲ့ အလုပ်သမား နဲ့ သွားကြတာပေါ့။ တချို့လည်း အလုပ်သမားမပါဘဲ အလုပ်ရှင် က သွားလျှောက်တာပေါ့။ ကိုယ့်အလုပ်သမားမှန်ကန်ကြောင်း သွားပြောလျှောက်ထားတာပေါ့။ အလုပ်သမားပါလာရင် တစ်ခါ တည်း စစ်ပေါ့။ ပါမလာရင် နောက်နေ့ချိန်းပြီး စစ်တာပေါ့’’ ဟု ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအ လုပ်သမား အခွင့်အရေးကွန်ရက် (MWRN)ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။



ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသော လုပ် သားများကို တရားဝင်ဖြစ်ရေး စတင်စိစစ်ပေးမည်ဖြစ်၍ တရားမ၀င်မြန်မာလုပ်သမားများအားလုံး ထိုင်းနိုင်ငံတစ်ဝန်းရှိ စိစစ်ရေးစင်တာများသို့ စာရင်းပေးသွင်း လျှောက်ထားကြရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇူလိုင် ၂၂ ရက်၌ သတိပေးကြေညာထားသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိအ လုပ်လုပ်ကိုင်နေသည့် အထောက်အထားရှိပြီး အလုပ်နေရာနှင့် အ လုပ်ရှင်လွဲနေသော မြန်မာလုပ်သားများနှင့် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ပြုလုပ်ရန် ရက်ကျော် လွန်သော မြန်မာရွှေ့ပြောင်းအ လုပ်သမားများ ထိုင်းနိုင်ငံတစ် ၀န်းရှိစင်တာများသို့ သွားရောက် လျှောက်ထားရန် မြန်မာသံရုံးက သတိပေးကြေညာထားသည်။

ထိုင်းနိုင်ငံရှိ အလုပ်ရှင်များ ထံတွင် လက်ရှိအလုပ်လုပ်ကိုင် နေပြီး အထောက်အထားရှိသော် လည်း အလုပ်နေရာများနှင့် အ လုပ်ရှင်လွဲနေသော မြန်မာရွှေ့ ပြောင်းအလုပ်သမားများအနေ ဖြင့် မိမိ၏အလုပ်ရှင်ထံတွင် အလုပ်လုပ်ကိုင်လိုပါက အလုပ်ရှင်နှင့်အလုပ် ပြောင်းလဲခြင်းများအ တွက် ယခင် အလုပ်ရှင်ဟောင်း၏ ခွင့်ပြုချက် စာရွက်စာတမ်းများ တင်ပြရန် မလိုအပ်ကြောင်း ဦးမိုးအောင်ခိုင်က ပြောသည်။


ထို့အပြင် အလုပ်လုပ်ကိုင် ခွင့်လက်မှတ် လျှောက်ထားသကဲ့ သို့ သွားရောက်လျှောက်ထား ဆောင်ရွက်နိုင်ကြောင်းနှင့် အ လုပ်လုပ်ကိုင်ခွင့် လက်မှတ်ပြု လုပ်ရန် ရက်ကျော်လွန်သော မြန်မာရွှေ့ပြောင်းအလုပ်သမား များအနေဖြင့်လည်း အလုပ်လုပ် ကိုင်ခွင့် လက်မှတ်ပြုလုပ်ရန်အလုပ်သမားရှာဖွေရေးဌာန(ကျ ဟာငန်ရုံး)များသို့ ပုံမှန်အလုပ် လုပ်ကိုင်ခွင့်လက်မှတ် လျှောက် ထားသကဲ့သို့ သွားရောက် လျှောက်ထားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေထိုင်နေသော မြန်မာလုပ်သားများအပါအ၀င် နိုင်ငံခြားသားများကို တရားဝင် ဖြစ်ရေး စိစစ်ဆောင်ရွက်ရန် ထိုင်းအစိုးရက နိုင်ငံတစ်ဝန်းစိစစ်ရေး စင်တာ ၉၉ ခုဖွင့်လှစ်ပြီး ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၇ ရက်ထိ ၁၅ရက်ကြာ ပြုလုပ်ပေးမည် ဖြစ် သည်။

ထိုရုံးများက အတည်ပြုပြီး ပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ပြုလုပ် ရန် ထောက်ခံချက်ဟူ၍ CI စခန်း များသို့ သွားရောက် လျှောက် ထားရမည်ဟု ဦးမိုးအောင်ခိုင်က ပြောသည်။
ထိုင်းအစိုးရက တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများ နှင့်ပတ်သက်၍ ဇွန်လ ၂၀ ရက် တွင် ဥပဒေထုတ်ပြန်ပြီး နောက် တရားမ၀င်နေထိုင်သော မြန်မာ လုပ်သားများအပါအ၀င် နိုင်ငံ ခြားသားများကို ဇွန်လ ၂၂ ရက် က စတင်ဖမ်းဆီးခဲ့သည်။ ထို့ ကြောင့် ဖမ်းဆီးခံရမည်စိုးသဖြင့် ဇွန်လ ၂၉ ရက်ကစ၍ တရားမ ၀င် မြန်မာလုပ်သားများနေရပ် သို့ ပြန်လာနေသည်။

7daydaily

Subscribe Us