Tuesday, August 01, 2017

မည်သူမည်ထုတ်ပေးရေးစင်တာများကို အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင် သွားရောက်စစ်ဆေး




ဘန်ကောက်၊ ဇူလိုင် ၃၁


ထိုင်းနိုင်ငံဆိုင်ရာ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်သည် ပန်းရောင်ဘတ်ကိုင်ဆောင်ထားသည့်ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)ထုတ်ပေးနေသည့် စင်တာများကို  ဇူလိုင်၂၈ ရက်ကစတင်၍ လှည့်လည် စစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။

 ရှေးဦးစွာ အလုပ်သံအရာရှိဦးမိုးအောင်ခိုင်သည် ရနောင်မြို့ရှိ မည်သူမည်ဝါဖြစ်ကြောင်းသက်သေ ခံလက်မှတ်(Ci)ထုတ်ပေးရေးစင်တာသို့သွားရောက်ပြီး Ciစာအုပ်ထုတ်ပေးရစင်တာသို့ လာရောက်၍ Ciစာအုပ်ပြုလုပ်ကြသည့် အလုပ်သမားများနှင့် ရင်းနှီးစွာတွေ့ဆုံပြီး Ciစာအုပ် နှင့်ပက်သက်၍ သိကောင်း စရာများနှင့် ထိုင်းအစိုးရမှထုတ်ပြန်ထားသည့် ရွှေ့ပြောင်းအလုပ်သမားရေးရာဥပဒေသစ်များနှင့် စပ်လျဉ်ပြီး 
အသိပညာပေးဟောပြောမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။



ယခုအခါ ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ် သမားများစီစစ်မှု လုပ်ငန်းများပြီးဆုံးပါက စာရင်းပေးသွင်းထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မည်သူမည် ၀ါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)စာအုပ်များ အချိန်မီထုတ်ပေးနိုင်ရန် Ciစင်တာတစ်ခုအား ထိုင်းနိုင်ငံ တောင်ပိုင်းတွင် တိုးချဲ့ဖွင့်လှစ်ရေးအတွက် နေရာများသွားရောက် လေ့လာခဲ့ကြောင်းသိရသည်။

အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က  ''ဇူလိုင် ၂၄ ရက်မှစတင်ပြီးတော့ အထောက်အထားမဲ့ အလုပ်သမားတွေကို စီစစ်မှုတွေပြီးတာနဲ့အကြောင်းအမျိုးမျိုးကြောင့် သက်တမ်းကုန်ဆုံးနေ ပက်စပိုစ့်နဲ့ TR38 ဘတ်သမားတွေကိုလည်း မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်တွေ ထုတ်ပေးဖို့ပါ ဆက်လက်လုပ်ဆောင်မှာဆိုတော့ အဲဒီအလုပ်သမားတွေကို  Ciစာအုပ်တွေအချိန်မီထုတ်ပေးနိုင်ရန် ရည်ရွယ်ပြီး ယခုလို့Ciစခန်း (၃)ခုကို ထပ်မံတိုးချဲ့သွားခြင်းဖြစ်ပါတယ်” လို့ ပြောကြားပါသည်။


ယနေ့(၃၁.၇.၂၀၁၇) နံနက် ၈နာရီတွင် အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်သည် မဲဆောက်မြို့ရှိ အလုပ်သမားဝန်ကြီးဌာနသို့ရောက်ရှိပြီး အထောက်အထားမဲ့မြန်မာအလုပ်သမားများနှင့် ထိုင်းအလုပ်ရှင်များ စာရင်ပေးသွင်းနေမှုအခြေနေများကို သွားရောက်ကြည့်ရှုခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာအလုပ်သမားများရေးရာကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။ 

ထို့နောက် နံနက် ၉နာရီတွင် အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်သည် မဲဆောက်မြို့မှတဆင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့သွားထွက်ခွာသွားရာညနေ ၄နာရီအချိန်တွင် ချင်းမိုင်မြို့သို့ရောက်ရှိပြီး ချင်းမိုင်မြို့တော်ဝန်နှင့် ချင်မိုင်ခရိုင်ထိုင်းအလုပ်သမားဝန်ကြီးဌာနမှအကြီးကဲများနှင့်တွေ့ဆုံပြီး မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်ထုတ်ပေးရေးစင်တာထပ်မံတိုးချဲ့မည့် ကိစ္စရပ်များနှင့် အထောက်အထားမဲ့အလုပ်သမားများ စီစစ်မှုကိစ္စရပ်များကို တွေဆုံဆွေးနွေးခဲ့ကြောင်းသိရပါသည်။

ဆက်လက်၍ အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်သည် နကော့စ၀မ်ခရိုင်တွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးရေးစင်တာတိုးချဲ့ဖွင့်လှစ်မည့်နေရာများကို သွားရောက်လေ့လာကြည့် ရှုစစ်ဆေးပြီး ခရိုင်အလုပ်သမားဌာနသို့သွားရောက်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

Subscribe Us