Friday, November 18, 2016

တစ်သန်းကျော် ပန်းရောင်ဘတ် မြန်မာအလုပ်သမားတွေရဲ့ မျှော်လင့်ချက်


ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ သန်းနှင့်ချီသော မြန်မာအလုပ်သမားတွေဟာ လုပ်ခလစာနည်းပါးမှု၊ အခွင့်အရေးဆုံးရှုံးမှု၊ ဖမ်းဆီးခံရမှု၊အဖိနှိပ်ခံရမှု၊လူကုန်ကူးခံရမှု တွေကြားထဲက ကိုယ်တိုင်ဘဝအသက်မွေ းမှုနှင့်အတူ မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ သူတို့ရဲ့ မိသားစုတွေ အတွက်ပါ ရုန်းကန်နေကြရပါတယ်။

ဒီလို ရုန်းကန်နေကြရတဲ့ အထဲမှာ တစ်သန်းကျော်လောက်ရှိတဲ့ ပန်းရောင်ဘတ် ကိုင်ဆောင်သူတွေလည်း ပါဝင်ပါတယ်။

ပန်းရောင်ဘတ် ကိုင်ဆောင်သော မြန်မာရေလုပ်သားနဲ့ ကုန်ပေါ်မှာရရှိတဲ့ အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ လွတ်လွတ်လပ်လပ်သွားခွင့်မရတာ၊ သတ်မှတ်ထားတဲ့ ခရိုင်အပြင်ကို  ထွက်ခွာလို့ ပုလိပ်ဖမ်းမိရင် ဘတ်သုံးထောင်ကနေ ငါးထောင်ကြားပေးရတာ၊ အချုပ်ကျခံရတာတွေ၊ လွတ်လပ်စွာ အလုပ်လုပ်ခွင့်မရတာတွေကို  ကြုံတွေ့ရပါတယ်။


ပန်းရောင်ဘတ်သမားတွေ ပတ်စပို့စ်လုပ်မယ်ဆိုရင် ပတ်စပို့စ်စောင့်ရတဲ့ ရက်တွေရယ် ကုန်ကျ စရိတ်က ဘတ် ၇၀၀၀ရှိတယ်၊ တရားဝင်ပြန်မယ်ဆိုရင်တာင် သံရုံးကနေ ထောက်ခံစာတွေ ယူမယ်၊ အလုပ်ရှင်ရဲ့ ခရီးသွားလာခွင့် ခွင့်ပြုစာ၊ ခရိုင်အလုပ်သမားဌာနက အိမ်ပြန်ဖို့နယ်မြေ ဖြတ်ကျော်ခွင့် စာရွက်စာတမ်းတွေ ယူမယ်ဆိုရင်လည်း ကုန်ကျစရိတ်များတယ်လို့  မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ဦးစောမောင်က ပြောပါတယ်။

ပန်းရောင်ဘတ်ကိုင်ဆောင်ထားသူတွေက  အရေးပေါ် ကိစ္စတစ်ခုခုကြောင့် မြန်မာနိုင်ငံကို ပြန်ရတော့မယ်  ဆိုရင် ဥပမာအနေနဲ့ မိဘ အသည်းအသန်ဖြစ်တာ၊ မိသားစုအရေး၊ မိသားစုဝင် နာရေးဖြစ်နေရင်တောင် သွားလာဖို့ အလွန်ခက်ခဲပါတယ်။မြန်မာနိုင်ငံ ပြန်မည်ဆိုရင် ထောက်ခံစာ အဆင့်ဆင့်တောင်းခံရတာတွေက အချိန်လည်း ကြာတတ်သလို  ဘတ်၂၀၀၀နီးပါး ပေးရပါတယ်၊ဒီလိုပေးရတာတောင် ပြန်ချိန်ကို  ရက် ၃၀သာ ခွင့်ပြုထားပါတယ်။

နယ်စွန်နယ်ဖျားများမှာရှိတဲ့  ပန်းရောင်ဘတ် ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေ အနေနဲ့ ထောက်ခံစာတွေ တောင်းဖို့ဆိုတာ မလွယ်ကူတော့ ပွဲစားတွေကို တစ်ယောက် ဘတ် ခုနှစ်ထောင်ရှစ်ထောင်ပေးပြီး  မြန်မာနိုင်ငံသို့အသွားပြန် ခိုးပြန်နေရသူတွေလည်း များစွာရှိကြပါတယ်။

ဖူးခက်မြို့ရှိ ဟိုတယ် တစ်ခုတွင် အလုပ်နေတဲ့ မသီတာဝင်းတော့ ယာယီနိုင်ငံကူးလက်မှတ်မှ ပန်းရောင် ဘတ်သို့ပြောင်းလဲကိုင်ဆောင်ထားတဲ့ Temporary passportက ၆နှစ် သက်တမ်း ပြည့်ချိန် နီးလာလို့ မြန်မာနိုင်ငံကို ပြန်ပြီး passport လုပ်ဖို့ သူအနေနဲ့ အခက်အခဲ တွေရှိတယ်လို့ သူကပြောပါတယ်။ ငွေကုန်မှု တွေများတာ ၊အချိန်အများကြီးပေးရမှာနဲ့ အသစ်ပြန်လျှောက်တဲ့ အခါမှာလည်း MOUစနစ် နှင့်  ပြန်ဝင်ရမည်ဆိုတာကြောင့် သူအနေနဲ့ ပန်းရောက်ဘတ်လုပ်ပေးချိန်နဲ့ တိုက်ဆိုင်နေလို့ ပန်းရောင်ဘတ်လုပ်ပေမယ့် အရေးပေါ် ကိစ္စကြောင့် မြန်မာနိုင်ငံကိုပြန်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ မသီတာဝင်းက ပြောပါတယ်။

အခက်အခဲမျိုးစုံကြုံနေရတဲ့  မြန်မာအလုပ်သမားတွေအတွက် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate Identity)CI ထုတ်ပေးနိုင်ရေးက အလွန်ကို အရေးကြီး နေပါတယ်။ ထိုင်းနိုင်ငံဘက်က CI လုပ်ပေးနိုင်ဖို့ ထိုင်းအစိုးရဘက်က ခွင့်ပြုထားသော်လည်း မြန်မာ အစိုးရဘက်က CI (Certificate Identity)လုပ်ပေးရေးကို  ဆုံးဖြက်ချက် မချနိုင်သေးတာကြောင့် ပန်းရောင်ဘတ် ကိုင်ဆောင်သူ  တစ်သန်းကျော်၊ ဗီဇာသက်တမ်း၄နှစ်ပြည့်တော့မည် ခရမ်းရောင် ပက်စပိုစ့်သမားများ၊ ယာယီနိုင်ငံကူးစာအုပ် သက်တမ်း၆နှစ်ပြည့်ကြတော့မည် အလုပ်သမားများတွေ အခက်အခဲ အခက်အခဲကြုံနေရပါတယ်။

မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)ရဲ့ အကျိုး ဗီဇာ သက်တမ်း ၂နှစ်ပါတဲ့ CIသာ ရှိမယ်ဆိုရင် မြန်မာအလုပ်သမားတွေ  ထိုင်းနိုင်ငံရဲ့ ဘယ်နေရာ မဆိုကို  လွတ်လွတ်လပ်လပ် သွားလာခွင့်ရနိုင်သလို ၊ ကုန်ကျစရိတ်က အလွန်နည်းပါတယ်။ ဘတ် ၈၀၀သာကုန်ကျမှု၊ နေချင်းပြီး  ရနိုင်မှု၊ ပက်စပိုစ့်စာအုပ် ကိုင်ဆောင် သကဲ့သို့ပင် မြန်မာနိုင်ငံ ပြန်လိုပါက  လေယာဉ်ဖြင့် ပြန်ခွင့်ရခြင်း၊ ဝပ်ပါမစ်ပါ တစ်ခါတည်း ပါဝင်တာကြောင့်  မြန်မာ အလုပ်သမားတွေ အနေနဲ့ အထူးအခွင့်အရေး ရရှိနိုင်သလိုပါပဲ။ 

“ ပန်းရောင်ဘတ်သမားတွေအတွက် အထူးအခွင့်ရေး ရသလိုကို ဖြစ်မှာ မြေကြီးလက်ခတ်မလွဲဘူး၊ ပက်စပိုစ့် စာအုပ်လျှောက်မယ့်အစား အလုပ်သမား တွေက  CI (Certificate Identity)ကိုပဲ လုပ်ကြမှာ”ဟု အလုပ်သမားအခွင့်အရေး ဆောင်ရွက်နေတဲ့ ဦးစောမောင်က သုံးသပ်ပါတယ်။ 

မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် တရားဝင်ဖြစ်စေ ရေး၊ ယာယီ သို့မဟုတ် ပုံမှန်နိုင်ငံကူး လက်မှတ်များ ထုတ်ပေးဖို့ မြန်မာအစိုးရကို အကြံပေးခဲ့ဖူးတယ် ဒါသာထုတ်ပေးရင် မြန်မာ လူထုတွေ လုံခြုံလာမှာ ဖြစ်သလို ၊ အခွင့်အရေးတွေလည်း တိုးတက်လာမှာ၊ ခေါင်းပုံဖြတ်၊ အမြတ်ထုတ်ခံရတာတွေ လျော့နည်းသွားပါလိမ့်မယ်လို့  (ဦးထူးချစ်ရဲ့ ရာထူး၊ ဌာနနာမည် မြန်မာလိုထည့်ပါ)   ဦးထူးချစ်က ပြောပါတယ်။

CI (Certificate Identity)တွင် ဗီဇာ၂နှစ် ဝပ်ပါမစ်တို့ပါဝင်ပါတယ်၊ မြန်မာနိုင်ငံသို့ ပြန်လိုပါက လေယာဉ်နဲ့ ဒါမှမဟုတ် ကားဖြစ်သော် လည်းကောင်း ပြန်သည့် အချိန် အဝင်အထွက် တုံးထုပြီး ပြန်နိုင်ပါတယ်။ CI (Certificate Identity)လျှောက်ပြီး ၂နှစ်တိတိ လွတ်လပ်စွာ သွားလာနိုင်မှာ ဖြစ်တာကြောင့် ပက်စပိုစ့်စာ အုပ် လုပ်လိုသူတွေက မြန်မာနိုင်ငံသို့ ပြန်ပြီး ပက်စပို့စ် စာအုပ်လျှောက်ထားရမှာပါ။ ဒီစာအုပ်ကို အလွတ် အတိုင်း ပြန်ယူလာပြီး ထိုင်းနိုင်ငံသို့ရောက်ရှိပါက နယ်မြေ လဝကရုံးတွင် ဗီဇာများ ပြန်လည် ချိန်းထည့် ရပါသည်။


CI (Certificate Identity)စာအုပ် ဘယ်လိုလျှောက်ရမလဲ 
 CI စာအုပ်ကို  လျှောက်ထားလိုသူတွေ အနေနှင့်  ထိုင်းနိုင်ငံက ရပ်ကွက်အသီးသီးမှာရှိတဲ့ 7-Elevenစတိုးဆိုင်တွေမှာ ကိုင်ဆောင်ထားတဲ့  ပန်းရောင်ဘတ်ကိုယူဆောင်ပြီး  ထိုင်းနိုင်ငံရဲ့ အစိုးရထံကို အခွန်ငွေ ၃၀၀ဘတ် ပေးသွင်းရပါမယ်။ ပေးသွင်းပြီးရင် ဆိုင်ကနေ  တိုကင် စာရွက်ပြန်ပေးပါမယ်။ ဒီစာရွက်ကို CIထုတ်ပေးမည့် စခန်းတွေဆီ သွားပြီး  CIစာအုပ်ထုတ်နိုင်ပါတယ်၊စာအုပ်ထုတ်ချိန်အထိ အခြားအခကြေးငွေ ပေးစရာ မလိုပါဘူး။CIစာအုပ်ရ လာရင်  ဗီဇာပြောင်းထည့်ဖို့အတွက် အလုပ်ရှင်ရဲ့ စာရွက် စာတမ်းတွေ လိုပါတယ်၊ အလုပ်ရှင် မတူရင် အပိုငွေ ၃၀၀ပေးရပါမယ်။ 

အလုပ်ရှင် တူရင်တော့  ဗီဇာပြောင်းထည့်ကြေးမှာ ဘတ်ငွေ၅၀၀ပေး သွင်းရပါမည်။


CI  ( Certificate Identity) စာအုပ်မှ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးတွင် ကြုံရမည့် အခက်အခဲများ
 အစိုးရအနေနဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို မည်သူမည်ဝင်ဖြစ်ကြောင်းသက်သေခံလက် မှတ် ( CI)ထုတ်ပေးမယ်၊ CI ကနေတဆင့် နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးမယ်ဆိုတာ  ကြားသိရပါတယ်တော့ ကြိုဆိုပါတယ်။ 

ဒါပေမယ့် အခက်အခဲ တွေကတော့ ရှိနေပါသေးတယ်။ တောင်တန်းဒေသတွေမှာ မွေးဖွားနေထိုင်သူ၊ ပဋိပက္ခ စစ်ပွဲကြားက ဒေသခံတွေ၊ နိုင်ငံရပ်ခြားမှာ ကြီးပြင်းရတဲ့ ကလေးတွေမှာ  နိုင်ငံသားမှတ်ပုံတင် (သို့မဟုတ်) နိုင်ငံ ကူးလက်မှတ် ရရှိဖို့ အခက်အခဲ ကြီးစွာရင်ဆိုင်နေရတယ် လို့ FED မှ  ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။


မြန်မာ အလုပ်သမားများရဲ့  တောင်းဆိုချက် 
 မြန်မာ အစိုးရ အနေနှင့် ယာယီနိုင်ငံကူးလက်မှတ် (သို့မဟုတ်) ပုံမှန်နိုင်ငံကူးလက်မှတ်များ ထုတ်ပေးမည်ဆိုရရင်  အလုပ်သမားများတွေ   အလွယ်တကူနှင့် အမြန်ဆုံး လုပ်ဆောင်နိုင်ရန်ဖို့ ၊ ဈေးနှုန်းချိုသာဖို့၊ အလုပ်သမားတွေ  ပွဲစားတွေကို အားကိုးစရာ မလိုဘဲ၊ ကိုယ်တိုင် လုပ်ကိုင်နိုင်မဲ့  နည်းလမ်းတွေကို  ထည့်သွင်းစဉ်းစားပေးဖို့ လိုပါတယ်။ နိုင်ငံကူးလက်မှတ်များ၊ အထောက်အထား၊ စာရွက်စာတမ်းတွေကို 
ထိုင်း-မြန်မာနယ်စပ်မြိုတွေမှာ သက်တမ်းတိုးခြင်း၊ နိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပါက များစွာ ချောမွေ့ လွယ်ကူစေမှာပါလို့ အကြံပေးပါရစေ။

ဒါကြောင့် ရွှေ့ပြောင်းလုပ်သားတွေအတွက် CIရထားရင် အလုပ်အကိုင်အဆင်မပြေတဲ့ ရေလုပ်သား တွေတောင် ကုန်းပေါ်မှာ ပြောင်းရွေ့အလုပ် လုပ်ကိုင်နိုင်မယ် ၊ ဝင်ငွေရမယ်၊ လွတ်လပ်စွာ သွားလာနိုင်မယ့်အပြင် ဈေးမကြီးဘဲ ၂နှစ်ဗီဇာ သက်တမ်းနဲ့ အလုပ်လုပ်ခွင့်  ပါဝင်တာကြောင့် မြန်မာအစိုးရအနေနဲ့ CIထုတ်ပေးရေးကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ပေးဖို့ သန်းနဲ့ချီတဲ့ ပန်းရောင်ဘတ်သမားတွေ  ကိုယ်စား တောင်းဆိုလိုက်ရပါတယ်။

 ပန်းရောင်ဘတ် ကိုင်ဆောင်တဲ့ မြန်မာ အလုပ်သမားတွေအပြင် သက်တမ်း၄နှစ်ပြည့် ခရမ်းရောင်ပက်စပိုစ့်သမား၊သက်တမ်း၆နှစ်ပြည့် အနီရောင်စာအုပ်သမားတွေလည်း CIလုပ်ခွင့်ပေးဖို့ကိုလည်း ခရမ်းရောင် ပက်စ်ပို့ သမားနဲ့ အနီရောင် ပက်စ်ပို့ စာအုပ်ကိုင်ဆောင်တဲ့ မြန်မာအလုပ်သမားတွေလည်း မျှော်လင့်နေပါတယ်။

Subscribe Us