Friday, November 25, 2016

ထိုင်းနိုင်ငံတွင်ဆိုင်ကယ်မောင်းနှင်မည်ဆိုပါက ဒါတွေလိုအပ်ပါတယ်


ထိုင်းနိုင်ငံမှာ ယခုတလော မကြားချင်ဆုံး ကြားနေရတဲ့ သတင်းတွေကယဉ်မတော်တဆမှုနဲ့ယဉ်တိုက်မှု သတင်းတွေဖြစ်ပါတယ်။

ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ထိုင်းနိုင်ငံမှာ နေထိုင်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအနေနဲ့ လုံခြုံစိတ်ချစွာ နေထိုင် သွားလာ လုပ်ကိုင်ကြဖို့ အခါအားလျှော်စွာ သင်တန်းများ ဆွေးနွေးပွဲများ နဲ့ထိုင်းအာဏာပိုင်များနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကိုကျင်းပပြုလုပ်ပေးနေပါတယ်။

အကြောင်းအမျိုးမျိုးကြောင့်မတော်တဆမှုများ ဖြစ်စေနိုင်ပါတယ်။အများဆုံးဖြစ်ပေါ်နေတဲ့မတော်တဆမှုကတော့ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီးဘယ်လိုအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ်မှီခိုစားသောက်နေကြတဲ့မိသားစုညီအကိုမောင်နှမတွေဒုက္ခ ရောက်ကြရပါတယ်။ထိုင်းနိုင်ငံမှာ ဆိုင်ကယ်မောင်းနှင် တော့မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ အခြေခံ လမ်းစည်းကမ်းနဲ့ဆိုင်ကယ်အတွက် သတ်မှတ်ပေးထားတဲ့ အာမခံ တွေပြည့်စုံနေဖို့လိုအပ်ပါတယ်။



၁။ ယဉ်မောင်းလိုင်စင်
၂။ ဆိုင်ကယ်အာမခံလိုင်စင်(ထမ်ပီယမ်လော့)
၃။ ဆိုင်ကယ်စီး ဦးထုတ်
၄။ ဆေးရုံဘတ်(သို့) ပကန်စမ်းခွန်းခေါ်အသက်အာမခံကတ်ပြား
၅။ သတ်မှတ် ယဉ်စည်းကမ်း လမ်းစည်းကမ်းအတိုင်းမောင်းနှင်မှု အစရှိတာတွေကို ပြည့်စုံနေဖို့ လိုအပ်ပါတယ်။



၁။ ယဉ်မောင်းလိုင်စင်
ယဉ်မောင်းလိုင်စင် အတွက် တရားဝင် ကုန်ကျစာရိတ်မှာ
**ဆေးရုံ ဆေးခန်း ထောက်ခံစာအတွက် ၁၀၀ ဘတ်
**တော်မောထာက်ခံစာအတွက် ၃၀၀ ဘတ်
** ယဉ်မောင်းလိုင်စင်ကတ်ပြားအတွက် ၁၅၅ ဘတ် ကုန်ကျမှာဖြစ်ပြီး ပုလိပ်မှ ဖမ်းဆီးခြင်းနှင့် ယဉ်မတေ်ာတဆမှုများအတွက် ဥပဒေပိုင်းအရရှင်းလင်းရာမှာ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

၂။ဆိုင်ကယ်လိုင်စင်(ထမ်ပီယမ်လော့)
အစိမ်းရောင် စာအုပ်ဖြစ်ပြီး ဆိုင်ကယ် လိုင်စင်သက်တမ်းနှင့် အသက်အာမခံကြေးအတွက် ၃၀၀ ဘတ် ကုန်ကျမှာဖြစ်ပြီးပုလိပ်မှ ဖမ်းဆီးခြင်းနှင့် ယဉ်မတေ်ာတဆမှုများအတွက် ဥပဒေပိုင်းအရရှင်းလင်းရာမှာ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

၃။လုံခြုံစိတ်ချရသော ဦးထုတ်များကိုသုံးစွဲရန်လိုအပ်ပြီး မိမိတို့၏ အရေးကြီး ဦးခေါင်း အစိတ်အပိုင်းအား ကာကွယ်ပေးမှာဖြစ်ပါတယ်။ယဉ်မတော်တဆမှုများ ရဲ့ ၈၀ % မှာ ဦးထုတ်မဆောင်ခြင်းကြောင့် မသေဆုံးသင့်ပဲ သေဆုံးနေကြပါတယ်။ ဒါအပြင် ရာသီဥတု ဒဏ်ကိုကာကွယ်ပေးခြင်းနှင့် မျက်စ်အတွင်းသို့အမှိုက်ဝင်ခြင်း၊မျက်နှာအသားအရေ မဲခြင်းကိုကာကွယ်ပေးပြီး ပုလိပ်မှ ဖမ်းဆီးခြင်းနှင့် ယဉ်မတေ်ာတဆမှုများအတွက် ဥပဒေပိုင်းအရရှင်းလင်းရာမှာ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။


၄။ ဆေးရုံဘတ်(သို့) ပကန်စမ်းခွန်းခေါ်အသက်အာမခံကတ်ပြားဆေးရုံဘတ်ဖြင့်ဆိုင်ကယ်မတော်တဆဖြစ်မှုအားကုသမရနိုင်သော်လည်း ပကန်စမ်းခွန်း ပြုလုပ်ထားပါက ကုန်ကျစာရိတ်အတွက် ဘတ် ၁ သောင်းမှ၃ သောင်းအထိကုန်ကျစာရိတ်ကို ပြန်လည် တောင်းယူနိုင်ပြီး သေဆုံးပါက အသုဘ စာရိတ်အတွက် ဘတ် ၄ သောင်း ကို တောင်းခံခွင့် ရရှိမှာဖြစ်ပါတယ်။



၅။ သတ်မှတ် ယဉ်စည်းကမ်း လမ်းစည်းကမ်းအတိုင်းမောင်းနှင်မှု သတ်မှတ်ထားသော လိုင်း စည်းမျဉ်း အတွင်းမှ မောင်းနှင်းရန် လိုအပ်ပြီးလူပိုတင်ဆောင်မောင်းနှင်ခြင်း နှင့် သတ်မှတ် မိုင်နှုန်းထက်ကျော်လွန်မာင်းနှင်ခြင်းတို့ကို ရှောင်ရှားရမှာဖြစ်ပါတယ်။

အထက်ဖော်ပြပါ အချက်များဟာ ယဉ်မတော်တဆမှု ဖြစ်ပေါ်လာပါက ဥပဒေ ပိုင်းအရ ရင်ဆိုင်ရာမှာ လိုအပ်သော ရှိသင့်ရှိထိုက်သော အချက်များဖြစ်ကြပြီး မိမိတို့ရဲ့ အသက်အန္တရယ် ကင်းရှင်းစေမှုကိုအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ဒါအပြင် နောက်ပါ မိသားစုမျာကို သောက ဒုက္ခ တို့မှ ကင်းစေရန် ကာကွယ်ပေးမှာဖြစ်ပါသောကြောင့် မိမိတို့ကိုယ်တိုင်နှင့် နောက်ပါ မိသားစု များ သောက ကင်းဝေစေဖို့ ယဉ်စည်းကမ်း လမ်းစည်းကိုဂရုပြု မောင်းနှင်ကြစေရန် တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။


မေတ္တာများစွာဖြင့်ZawMinOo (FED)

Subscribe Us