Tuesday, October 04, 2016

ကမ္ဘာကို ပညာဖြင့် အလှဆင်နေသည့် ကမ္ဘာ့ဆရာများ



“ရက်မြတ်မင်္ဂလာ၊ သည်အချိန်အခါဝယ်”
ဆရာကျေးဇူး၊ မြတ်ဂုဏ်ထူးကို
ရည်စူးမြတ်နိုး၊ လက်စုံမိုး၍
ရှိခိုးကန်တော့ပါ၏။ မြတ်ဆရာ။”
“ကြာမျိုးငါးမည်၊ ဖူးပွင့်စည်သည်
ရာသီအလှ၊ ဤကာလတွင်
ဘုရားရှင်၏၊ သဘင်ဝါကျွတ်
လအထွတ်ချိန်၊ ဆီမီးထိန်ဖြင့်
ဦးနှိမ်ပူဇာ၊ ပြည်မြန်မာဝယ်
ဆရာများနေ့၊ မြတ်ဓလေ့ဖြင့်
မတွေ့ မြင်းမိုရ်၊ ထိုထိုဂုဏ်ထူး
မြတ်ကျေးဇူးကို၊ အထူးချီးကျူး
ဂုဏ်ပြုကြပါစို့”

လှစိုးမိုး(စီမံကိန်း)



ကမ္ဘာ့ဆရာများနေ့

မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက် ခရစ်နှစ်၂၀၁၆ခုနှစ် အောက်တိုဘာလ ၅ ရက် ဗုဒ္ဓဟူးနေ့သည် “ကမ္ဘာ့ဆရာများနေ့” (WORLDTEACHERS'DAY)ဖြစ်ပါသည်။

ဤကမ္ဘာ့ဆရာများနေ့၏ အာဘော်ဆောင်ပုဒ် ကြွေးကြော်သံမှာ“Valuing Teachers,Improving Their Status ဆရာများကို တန်ဖိုးထားလို့ သူတို့အဆင့်အတန်းကို မြှင့်တင်စို့”ဖြစ်ပါသည်။

ဤနေ့ထူးနေ့မြတ်တွင် ကောင်းမြတ်သော မင်္ဂလာတရားတော်နှင့်အညီ ရိုသေလေးစားထိုက်သူတို့ကို ရိုသေလေးစားခြင်း၊ ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း၊ မိမိတို့ အပေါ် ပြုထားဖူးသော ကျေးဇူးဂုဏ်ကို သိတတ်ခြင်း၊ ထိုကျေးဇူးဂုဏ်ကို အာရုံပြုတုံ့ ပြန်ခြင်း၊ ဂုဏ်ပြုခြင်း စသည်တို့ကို မုချမသွေ ကျွနု်ပ်တို့ပြုလုပ်

ကြရပေသည်။ဤကဲ့သို့သော “ကမ္ဘာ့ဆရာများနေ့” အခါကာလ သမယ၌ အဆက်ဆက်သော ကမ္ဘာ့ဆရာ များ၏ ကျေးဇူးဂုဏ်ကို ကျွနု်ပ်တို့် အညီအညွတ် လေးစားစွာ ဖော်ထုတ်ချီးကျူးပြီး အလေးအနက် ဂုဏ်ပြုအပ် ပါသည်။



☑ကမ္ဘာ့ဆရာများနေ့ နောက်ခံသမိုင်း

ကုလသမဂ္ဂ ပညာသိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ ၊ ယူနက်စကို(UNESCO)ကဦးစွာ ပထမ “ဆရာများ၏ ဂုဏ်သိက္ခာ” (THE STATUS OF TEACHERS) နှင့်စပ်လျဉ်း၍ အသေးစိတ် စာတမ်းတစ်စောင်ကို ပြုစုပြီးနောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် အိုင်အယ်လ်အို (ILO)နှင့် ထပ်မံဆွေးနွေးညှိနှိုင်း တိုင်ပင်ပြီး၊ “ဆရာများ၏ဂုဏ်သိက္ခာနှင့်စပ်လျဉ်းသည့် ထောက်ခံချက် ” (Recommendation concerning the Status of Teachers )စာတမ်းကို ရေးဆွဲပြုစုခဲ့ကြပါသည်။


ထိုသို့ ပူးတွဲရေးဆွဲပြုစုရရှိလာသည့် ထောက်ခံချက်စာတမ်း(Joint UNESCO /ILO Recommendation concerning the Status of Teachers)  ကို အစိုးရအဖွဲ့ဝင်များ၊ လူမှုရေးဆိုင်ရာအသင်းအဖွဲ့ဝင်များ  စုံညီပါဝင်တက်ရောက်ကြသည့် အထူးညီလာခံကြီးသို့ တင်ပြခဲ့ရာ ၁၉၆၆ ခုနှစ်အောက်တိုဘာ၅ ရက်တွင် ထိုအထူးညီလာခံကြီး (a special intergovernmental conference)  က ““ဆရာများ၏ဂုဏ်သိက္ခာ””
(THE STATUS OF TEACHERS)ဆိုင်ရာ ထောက်ခံချက် (RECOMMENDATION)ကို အညီအညွတ် အတည်ပြု ပြဋ္ဌာန်းပေးခဲ့ကြပါသည်။


အဆိုပါ အောက်တိုဘာလ ၅ ရက်နေ့ကိုသမိုင်းတင်သမိုင်းဝင်အဖြစ်

““ကမ္ဘာ့ဆရာကမ္ဘာကို ပညာဖြင့် အလှဆင်နေသည့် ကမ္ဘာ့ဆရာများဒေါက်တာသန်းဦး များနေ”” ဟူ၍ ၁၉၆၇ ခုနှစ်မှ စတင်ကာ သတ်မှတ်ကျင်းပလာခြင်းဖြစ်ပါသည်။ယခုနှစ် ၂၀၁၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့သည် (၄၉)နှစ်မြောက်နေ့ဖြစ်နေပေပြီ။လာမည့်နှစ်တွင် နှစ်ငါးဆယ်ပြည့်ပါမည်။

လွန်ခဲ့သော ၁၉၆၆ ခုနှစ် နှစ်အားဖြင့် နှစ်ငါးဆယ်က စတင်၍ဆရာ့အတတ်ဆရာ့အလုပ်ဖြင့်အသက်မွေ းဝမ်းကျောင်းပြုမှုသည်၊ သမ္မာအာဇီဝဖြစ်၍မွန်မြတ်သော ဂုဏ်တစ်ရပ်ဖြစ်ကြောင်းကို ကောင်းစွာက္ဘာ့အဖွဲ့အစည်းများက ခိုင်ခိုင်မာမာခံယူသတ်မှတ် ပြဋ္ဌာန်းပေးထားခဲ့ပြီးဖြစ်ရာ ဤခံယူပြဋ္ဌာန်းချက်ကို ကျွနု်ပ်တို့အားလုံးအလေးအနက် လက်တွေ့ကျကျ ကျင့်သုံးဖြစ်ကြဖို့၊ကျင့်သုံးဆောင်ရွက်ကြဖို့ အထူးလိုအပ်လျက်ရှိပါသည်။


ပြည်ထောင်စုမြန်မာနိုင်ငံတွင် ၂၀ဝ၂ ခုနှစ် အောက်တိုဘာ ၅ ရက်မှစ၍ ဤကမ္ဘာ့ဆရာများနေ့ကို နိုင်ငံတော်အဆင့်အဖြစ် နှစ်စဉ် သတ်မှတ်ကျင်းပဖြစ်ခဲ့သဖြင့် တစ်ဆယ့်လေးနှစ်တိုင် ကျင်းပဖြစ်ခဲ့သည်ဟု ဆိုနိုင်ပါသည်။

ဆိုပါသည်။နှစ်စဉ်နှစ်တိုင်းကျင်းပသည့် ဤက္ဘာ့ဆရာများနေ့တွင် အစဉ်အလာအရကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများဖြစ်ကြသည့် ယူနက်စကို၊အိုင်အယ်လ်အို၊ ယူနီဆက်ဖ်၊ ယူအန်ဒီပီနှင့် အက်ဂျူကေးရှင်း အင်တာနေရှင် နယ်အဖွဲ့ ကြီး ငါးဖွဲ့မှအကြီးအကဲတို့က အထိမ်းအမှတ် “ကမ္ဘာ့ဆရာများနေ့ စုပေါင်းသဝဏ်လွှာ ” (JointMessage on the occasion of World Teachers' Day) ကို ပေးပို့သဖြင့်ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွင် ဖတ်ကြားဖော်ပြလျက်ရှိကြပါသည်။



☑အလှဆင်ပေးနေသည့်ဆရာ

ယနေ့ကမ္ဘာပေါ်တွင် ကမ္ဘာ့လူဦးရေ သန်းပေါင်း ခုနစ်ထောင် ရှိသည့်အနက်သန်းပေါင်းတစ်ထောင်(သန်း ၁၀ဝဝ) ကျော်သည်ပညာသင်ယူ ဆည်းပူးနေကြသည့်ကျောင်းသားများဖြစ်ကြပါသည်။အဆိုပါ သန်းပေါင်းတစ်ထောင် ကျော် ကျောင်းသားများကို သန်းပေါင်း ခြောက်ဆယ်ကျော်သော ဆရာများက ပညာသင်ကြားပို့ချလေ့ ကျင့်ပေးလျက်ရှိကြောင်းလေ့လာတွေ့ရှိ မှတ်သားရပါသည်။

မှတ်ချက် ။ ။ ဆရာဟုဆိုရာ၌ ဆရာမများပါရှိပါသည်။ ကျောင်းသားဟုဆိုရာ၌လည်းကျောင်းသူများအပါအဝင်ဖြစ်ပါသည်။ကမ္ဘာပေါ်ရှိ ဆရာဦးရေသန်းပေါင်းခြောက်ဆယ်ကျော်က တပည့် ကျောင်းသားဦးရေ သန်းပေါင်းတစ်ထောင်ကျော်ကို. . . .

ကာယ ဖွံ့ ဖြိုးမှု ကာယ အလှ
ဉာဏ ဖွံ့ ဖြိုးမှု ဉာဏ အလှ
စာရိတ္တ ဖွံ့ ဖြိုးမှု စာရိတ္တ အလှ
ရသ ဖွံ့ ဖြိုးမှု ရသ အလှ
သက်မွေးဝမ်းကျောင်းဖွံ့ ဖြိုးမှု သက်မွေး အလှတည်းဟူသော ဘက်စုံဖွံ့ ဖြိုးမှုဘက်စုံအလှတို့နှင့် ကုံလုံပြည့်စုံရလေအောင်(ဝါ)၊ ဗလငါးတန်နှင့်ကုံလုံပြည့်စုံရလေအောင်အားထည့်အားသွင်းအားထုတ်ကြပြီး၊ တပည့်များအားအလှဆင်ပေးနေကြသည်ကိုနေ့စဉ်မြင်တွေ့မှတ်သားရပါသည်။

ထိုကြီးလေး မွန်မြတ်လှသော ဆရာ့တာဝန်ကိုမြတ်မြတ်နိုးနိုး၊ လေးစားတန်ဖိုးထားသော ဆရာစိတ်ဖြင့်၊ ကြိုးကြိုးကုတ်ကုတ်အားထုတ်ကြသည့် ကမ္ဘာပေါ်ရှိ

ဆရာများ သည်ကား...

မေတ္တာရှင် မြတ်သောဆရာ
စေတနာရှင် မြတ်သောဆရာ
မုဒိတာရှင် မြတ်သောဆရာ
အကြင်နာရှင် မြတ်သောဆရာ
(ကရုဏာရှင်) (ဂရုနာရှင်)
ဝါသနာရှင် မြတ်သောဆရာဖြစ်ကြပါပေသည်။


ထိုသို့သော အရည်အသွေးကောင်းနှင့်ပြည့်စုံသော ဆရာများသည်ကမ္ဘာလောက၌ ရိုသေဦးခိုက်ကန်တော့ထိုက်သည့် ကျေးဇူးရှင် ဆရာကောင်း ဆရာမြတ်တို့လည်းဖြစ်ကြပါပေသည်။


အချုပ်အားဖြင့် တင်ပြရသော် ဆရာ့အလုပ်သည်....

မေတ္တာ ကို အခြေခံ
အကြင်နာ ကို အခြေခံ
(ကရုဏာ)(ဂရုနာ)မုဒိတာ ကို အခြေခံ
စေတနာ ကို အရင်းခံ
ဝါသနာ ကို အရင်းခံထားပြီး ဇွဲနပဲဖြင့် အားထည့် အားထုတ်ဆောင်ရွက်ကြရသော အလုပ်ဖြစ်ကြောင်း၊တပည့်နှင့်ဆရာ ရေနှင့်ကြာဟူသော ဆိုရိုးနှင့်အညီ တပည့်တို့၏ဘက်စုံဖွံ့ ဖြိုးတိုးတက်မှု ဘက်စုံအလှဆင်ပေးနေကြသူများဖြစ်ကြောင်း ကောင်းကောင်းကြီးသက်သေပြလျက်ရှိပါသည်။

ကမ္ဘာ့လူ့အဖွဲ့အစည်း၌ “ကမ္ဘာကို ပညာဖြင့် အလှဆင်နေသည့် ကမ္ဘာ့ဆရာများ”အဖြစ် တည်တည်တံ့တံ့ ခံ့ခံ့ခိုင်ခိုင် ကျောက်တိုင်ပမာ ခံ့ညားထည်ဝါစွာရပ်တည်နိုင်ကြပါစေကြောင်း၊ မြန်မာ့လူ့ အဖွဲ့အစည်း၌ “အန္တငါးဖြာ” ရတနာငါးပါးမှာ ဆရာဟာတစ်ပါးအပါအဝင် ဖြစ်ခြင်းကြောင့် မမေ့ကောင်း မမေ့သင့် မမေ့အပ်ကြောင်း၊ ကမ္ဘာ့ဆရာများနေ့တွင် “အာစရိယဆရာ” ကို ထိုက်ထိုက်တန်တန်ကြိုဆိုဂုဏ်ပြု ဖွင့်ဟဖော်ကျူးအပ်ပါကြောင်း။

ဆရာများနေ့၊ မြတ်သောနေ့တွင်

ရေတွေ့ ကြာသွင်၊ ရွှန်းသစ်လွင်၍
တိမ်စင်လမင်း၊ ထိန်ထိန်လင်းသို့
ဘေးကင်း ရန်ကွာ၊ ဤက္ဘာဝယ်
မေတ္တာ ရေမိုး၊ ရွာသွန်းဖြိုးအောင်
ကရုဏာ ရေမိုး၊ ရွာသွန်းဖြိုးအောင်
မုဒိတာ ရေမိုး၊ ရွာသွန်းဖြိုးအောင်
ဥပေက္ခာ ရေမိုး၊ ရွာသွန်းဖြိုးအောင်
စေတနာ ရေမိုး၊ ရွာသွန်းဖြိုးအောင်
ဝါသနာ ရေမိုး၊ ရွာသွန်းဖြိုးအောင်
ဆတိုး ကြိုးပမ်း၊ ညီစိတ်ဝမ်းဖြင့်
ရှေ့တန်းမှပါ၊ ထမ်းဆောင်နိုင်ကြပါစေသတည်း။


ဒေါက်တာသန်းဦး

Subscribe Us