Sunday, October 02, 2016

ထိုင်းနိုင်ငံ၏ရွှေ့ပြောင်းအလုပ်သမားအကြောင်း တစေ့တစောင်း




အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး စီးပွားရေးတိုးတက်မှုနှေးကွေးနေကာ တရားမဝင်ရွှေ့ပြောင်း လုပ်သားများ၏ အလုပ်မသေချာခြင်းစိုးရိမ်မှုများမှာလည်း မြင့်တက်လျက်ရှိနေချိန် ထိုင်းနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံများမှရောက်ရှိလာသော ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံက အလုပ်သူခိုးများ ဟုပြောဆိုကာ နှိမ်နင်းဖြိုခွင်းမှုများပြုလုပ်လျက်ရှိသည်။


ထိုင်းအလုပ်သမားဝန်ကြီးဌာန ဦးဆောင်သော ယင်းနှိမ်နင်းမှုတွင် ရဲများ၊ ထိုင်းတပ်ဖွဲ့ဝင်များပါဝင်ကြောင်း သိရပြီး မကြာသေးမီက ပြုလုပ်ခဲ့သော ဗန်ကောက်ဈေးတစ်ဈေးအတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးမှုတွင် အိမ်နီးချင်းနိုင်ငံမှ အလုပ်သမားများအပါအဝင် စုစုပေါင်း ၁၄ ဦးအား ဖမ်းဆီးခဲ့သည်။

ထိုင်းနိုင်ငံ သားများထံမှ အလုပ်များကို ခိုးယူသည့် တောင်အာရှနိုင်ငံသားများ၊ ဗီယက်နမ်များနှင့် အိမ်နီး ချင်းနိုင်ငံများမှတရားမဝင်ရွှေ့ပြောင်းလုပ်သား အလုပ်သူခိုးများ ဗန်ကောက်ဈေးထဲတွင် အလုပ်လုပ်နေ
ခြင်းနှင့်ပတ်သက်ပြီး မကျေမနပ် တိုင်ကြားစာများကို မိမိတို့လက်ခံရရှိခဲ့ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ရဲချုပ် နသွန်ဖရိုဆန်သွန်က ရိုက်တာသို့ ပြောကြားခဲ့သည်။

“တရားမဝင် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ထိုင်းလူမျိုးများမလုပ်ချင်သည့် အလုပ်များဖြစ်သော အိမ်သန့် ရှင်းရေးစသည့် အလုပ်များကို လုပ်ကိုင်ခြင်းဖြစ်ကြောင်း”၎င်းကဆက်လက်ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် နားလည်မှုဆိုင်ရာစာချုပ်အရ ဗီယက်နမ်လူမျိုးများအား ထိုင်းတွင် အလုပ်သမားအဖြစ်ခန့် အပ်ခြင်း ကို တားမြစ်ထားပြီး ၎င်းတို့အနေဖြင့် ကာယအလုပ်ကြမ်းသမားများ အဖြစ်ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ခြင်းနှင့် ငါးဖမ်းလုပ်ငန်းတို့တွင်သာ ဝင်ရောက်လုပ်ကိုင်နိုင်ကြောင်း သိရှိရသည်။
ဝင်ရောက်ရှာဖွေဖမ်းဆီးမှုတွင် ဗီယက်နမ်နှင့်အခြားအိမ်နီးချင်းနိုင်ငံမှ အလုပ်သမားများနှင့်အတူ ကမ္ဘော ဒီးယား လူမျိုးများကိုလည်း လက်ပူးလက်ကြပ် ဖမ်းဆီးရမိကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားသုံးသန်းကျော် အလုပ်လုပ်ကိုင်နေကြောင်း၊အများစုမှာ အိမ်နီး ချင်းမြန်မာနိုင်ငံမှဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်း၏ စာရင်းအင်း အချက်အလက်များအရသိရသည်။


မဲခေါင်မြစ်ဝှမ်းဒေသနှင့် အခြားသောအာရှနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများ၏အလုပ်လုပ် ကိုင်မှု အာရုံကို ဖမ်းစားနိုင်သော ထိုင်းနိုင်ငံသည် ၁၉၈၀ ပြည့်လွန်နှစ်များနှင့် ၁၉၉၀ ပြည့်လွန်နှစ်များ မှစကာ
နှစ်စဉ်နှစ်တိုင်း စီးပွားရေးတိုးတက်ဖွံ့ ဖြိုးမှုမှာ ၇ ရာခိုင်နှုန်းရှိသောကြောင့် အခြားအရှေ့တောင် အာရှနိုင် ငံများနှင့် နှိုင်းယှဉ်လျှင် ချမ်းသာသောနိုင်ငံတစ်နိုင်ငံဖြစ်လာသည်ဟု ဆိုရမည်ဖြစ် သည်။

 ရွှေ့ပြောင်းအလုပ်သမားအများစုမှာ ထိုင်းလူမျိုးများမလုပ်ချင်သည့် ကာယအလုပ်ကြမ်း အလုပ်များ
ဖြစ်သည့် ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းနှင့်ဆောက်လုပ်ရေးလုပ်ငန်းများတွင်သာ လုပ်ကိုင်ကြရသည်။


သို့သော်လည်း စစ်အစိုးရအာဏာသိမ်းပြီး နှစ်နှစ်ကျော်ကြာပြီးနောက် ထိုင်းနိုင်ငံ၏ စီးပွား ရေးမှာလည်း ချည့်နဲ့လာခဲ့သည်။ ကမ္ဘာအနှံ့အပြားတွင် ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်ပြီး မနှစ်မြို့သည့် အမြင်များရှိသည့်နည်းတူထိုင်းနိုင်ငံတွင်ရှိနေသော ရွှေ့ပြောင်းအလုပ်သမားများကိုလည်း လက်ယာအုပ်စု များကမနှစ်မြို့မှုများမြင့်တက်လာခဲ့သည်။ အထူးသဖြင့်ထိုင်းအလုပ်သမားများနှင့်သာ ထိုက်တန်သည့်
အလုပ်များတွင် ဗီယက်နမ်များဝင်ရောက်လုပ်ကိုင်နေခြင်းကို မနှစ်မြို့မှုများ တိုးပွားလျက်ရှိကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှဆွန်နိုင်းဖာဆက်ခ်က ရိုက်တာသို့ပြောကြားခဲ့သည်။


တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ အပေါ် ထိုကဲ့သို့မနှစ်မြို့သည့်အမြင်များရှိနေသည်ကို ယခင်က မတွေ့ မြင်ခဲ့ဖူးကြောင်း၊ ယင်းကိစ္စသည် စီးပွားရေးနှင့်ပတ်သက်ပြီး စိုးရိမ်စရာကောင်းသည်ဟု ထင်မြင်မိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအလုပ်သမားများအချို့၏ပြိုင်ဘက်များအဖြစ်သဘောထားကြောင်း ဗန်ကောက် စီလွန်စီးပွားရေးပြည်နယ်၏ ဈေးသည်တစ်ဦးဖြစ်သူ ဆာနစ်ချိုကလန်လက်က ပြောကြား ခဲ့သည်။
“ဒီနေရာမှာ အိမ်နီးချင်းနိုင်ငံမှ အလုပ်သမားများ အများဆုံးရှိကြောင်း၊ အလုပ်တူများကို ထိုင်းလူမျိုးများနှင့် ရင်ပေါင်တန်းလုပ်ကိုင်နေကြောင်း” ၎င်းက ဆက်လက်ပြောသည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအခြေအနေမှာ လွန်ခဲ့သော ၂၀၁၄ ခုနှစ်က ဝ ဒသမ၇ ရာခိုင်နှုန်းရှိ ခဲ့ရာမှ၂၀၁၅ ခုနှစ်တွင် ၂ ဒသမ၈ ရာခိုင်နှုန်းတိုးလာခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၃ဒသမ ဝ ရာခိုင်နှုန်းအထိမြင့် တက်လာကြောင်းသိရသည်။

အလုပ်သမားများကို အမြဲဆန့်ကျင်သည့် မူဝါဒမဟုတ်ကြောင်း၊ မိမိတို့အနေနဲ့ရွှေ့ပြောင်းလုပ်သားများ ဆက်လက်လိုအပ် လျက်ရှိကြောင်း၊ ရွှေ့ပြောင်းလုပ်သားများစနစ်တကျရှိရေးသာ လုပ်ဆောင်ခြင်း
ဖြစ်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရဲချုပ် နသွန်ဖရိုဆန်သွန်က ပြောခဲ့သည်။

နှိမ်နင်းဖြိုခွင်းမှုများအား ဈေးများ၊စားသောက်ဆိုင်များ၊ ကုန်ပဒေသာဆိုင်များနှင့် ဈေးဝယ်ကုန်တိုက်များကို ဦးတည်ချက်ထားလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ ၁ ရက်မှ ၂၆ ရက်အထိအခြားနိုင်ငံ များမှ အခြေစိုက်ရန်ဝင်လာသူအရေအတွက်မှာ ၁၅၃ ဦးအထိ ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန စာရင်း ဇယားများအရ သိရသည်။ ဖမ်းဆီးရမိသူများသည်ထောင် ငါးနှစ် သို့မဟုတ် ဘတ် ၃၀ဝဝသို့မဟုတ်နိုင်ငံမှနှင် ထုတ်ခြင်းစသည့် ပြစ်ဒဏ်များနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း သိရသည်။

ရွှေ့ပြောင်းအခြေချသူများမှာ တစ်ခါတစ်ရံ လူကုန်ကူးသူများလက်ထဲသက်ဆင်းသွားကာ ၎င်းတို့အား ကျွန်အဖြစ် ခြံလုပ်ငန်းများ၊ သစ်စက်များ၊ ငါးဖမ်းလှေများသို့ရောင်းစားခြင်းများရှိကြောင်း လူ့အခွင့်အရေး
အဖွဲ့ကပြောသည်။

ထိုင်းနိုင်ငံ၏ အဓိကလုပ်ငန်းတစ်ခု ဖြစ်သည့် ပင်လယ်စာထုတ်လုပ်ရေးလုပ်ငန်းတွင် အလုပ်အတင်းအကျပ် ခိုင်းစေမှုများရှိနေသည်ဟု အလုပ်သမားဝန်ကြီးဌာနက ဖော်ပြထားသော်လည်း ထိုင်းနိုင်ငံသည်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်စဉ်ဖော်ပြသော အဆိုးရွားဆုံး တရားမဝင်ကုန်ကူးသည့် ပြစ်မှုကျူး လွန်သောနိုင် ငံစာရင်းမှ ဖယ်ထုတ်ခြင်းခံခဲ့ရကြောင်း သိရသည်။

 ..ထင်လင်းအောင်(မြန်မာ့အလင်း)
ကိုးကား-ရိုက်တာ (၃၀-၉-၂၀၁၆)
★၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂ ရက်၊ တနင်္ဂနွေနေ့ထုတ်၊မြန်မာ့အလင်းသတင်းစာ

Subscribe Us