Sunday, September 18, 2016

ကျွန်တော်ဘယ်တော့သွားရမှာလဲ။ ကျွန်တော်ရမယ့်လစာကဘယ်လောက်လဲ


“ကျွန်တော်ဘယ်တော့သွားရမှာလဲ။ ကျွန်တော်ရမယ့်လစာကဘယ်လောက်လဲလို့ နိုင်ငံခြားသွားမယ့်
သူတိုင်းကမေးတတ်ကြပါတယ်။ သူတို့မေးသင့်တဲ့ အရေးကြီးဆုံးမေးခွန်းတစ်ခုကို အမြဲတမ်းသတိမေ့နေ ကြတယ်။ အရေးကြီးတာက ကျွန်တော်တို့နိုင်ငံခြားမှာ အလုပ်လုပ်တဲ့ကာလ တစ်လျှောက် ဘေးကင်းလုံခြုံမှု ရှိရဲ့လားဆိုတာကို ချန်ထားတတ်ကြတယ်”လို့ILO မြန်မာ၏ နည်းပညာအကြံပေးအရာရှိချုပ် ဂျက်ကီပူးလော့ က ပြောပါတယ်။

မြန်မာနိုင်ငံက လုပ်သားအများစုဟာ နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ အာသီသပြင်းပြကြ
ပေမယ့် နိုင်ငံရပ်ခြားကို အလုပ်သွားလာလုပ်ကိုင်ခြင်းဆိုင်ရာကိစ္စရပ်တွေမှာ အသိအမြင်အားနည်းမှုတွေကို
မြင်တွေ့နေရဆဲပါ။

နေ့စဉ်ပင် မလေးရှားနိုင်ငံသို့ လာရောက်အလုပ်လုပ်ကြသူများစွာဟာ အဓိကမကျတဲ့ ပြဿနာတွေကို
မလေးရှားနိုင်ငံမှာ အလုပ်လုပ်ရင်းတောင်းခံနိုင်တဲ့ အခွင့်အရေးတွေအများကြီးရှိပါတယ်မြန်မာနိုင်ငံသည် အာဆီယံစီးပွားရေးအသိုက်အဝန်းသို့ ဝင်ရောက်ခဲ့ပြီဖြစ်ရာ မိမိတို့လူသားအရင်းအမြစ်များကို ကျွမ်းကျင် လုပ်သားများအဖြစ် လေ့ကျင့်ပျိုးထောင်ပြီး အာဆီယံနိုင်ငံများ၏ ဘုံအလုပ်သမားဈေးကွက်တွင် အရည် အသွေးပြည့်ဝစွာယှဉ်ပြိုင်နိုင်ရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများအားလုံးတွင် တာဝန် ကိုယ်စီရှိပါသည်။


 မြန်မာနိုင်ငံတွင် လူဦးရေ ၅၁သန်းကျော်ရှိပြီး အလုပ်လုပ်နိုင်သူဦးရေမှာ ၃၂သန်းကျော်ရှိသည်။
ထို့ပြင် တစ်နိုင်ငံလုံး၏ ၆၇ ရာခိုင်နှုန်းသော အလုပ်လုပ်နိုင်သည့်လူ့စွမ်းအားရင်းမြစ် များသည် ပြည်တွင်း
ပြည်ပ အလုပ်အကိုင်များကိုရရှိကာ ကျွမ်းကျင်သည့် အလုပ်သမားများအဖြစ် ရပ်တည်နိုင်ကြပြီးနိုင်ငံတော် အတွက် မှန်ကန်သည့် ဝင်ငွေလမ်းကြောင်း၊ တိုင်းပြည်တိုးတက်ကြီးပွားရေးအတွက် ဘက်ပေါင်းစုံမှကူညီ ပံ့ပိုးသူများဖြစ်လာစေရန်ရည်ရွယ်ကာ ပြည်တွင်း ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ၊ ကျွမ်းကျင်မှု စနစ် များ၊ လိုအပ်ချက်များ၊ လူမှုဖူလုံရေးခံစားခွင့်များအကြောင်းကို အပတ်စဉ်တင်ဆက်သွားရန် ရည်ရွယ်ထား ပါသည်။

ဖြေရှင်းနေရမှုနှင့် မတရားခေါင်းပုံဖြတ်ခံရမှုတို့ကိုလည်းမကြာခဏကြုံတွေ့နေကြရပါတယ်။ အလုပ်ရှင်တွေ ရဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ ရပိုင်ခွင့်အပြည့်အဝမရရှိမှုနှင့် သွားလာမှုဆိုင်ရာကန့်သတ်မှုတွေကို ကြုံတွေ့နေ ကြရခြင်းကြောင့် အလုပ်သမားတွေသိရှိထားသင့်တဲ့ အချက်အလက်အချို့ကို လေ့လာထားဖို့လိုအပ်ပါတယ် လို့ ILO မြန်မာမှ နည်းပညာအကြံပေးအရာရှိချုပ် ဂျက်ကီပူးလော့က ပြောပြပါတယ်။



☑ပုံမှန်အလုပ်သမား☑
နိုင်ငံကူးလက်မှတ်၊ ဗီဇာနဲ့ အလုပ်လုပ်ခွင့်ပါမစ်ရှိထားပြီး လိုင်စင်ရအလုပ်သမား စုဆောင်းရေး အေဂျင်စီ တစ်ခုကနေတစ်ဆင့် နိုင်ငံခြားမှာ အလုပ်သွားရောက်လုပ်ကိုင်နိုင်ပါတယ်။ ပုံမှန်လုပ်သားဖြစ်တဲ့အတွက် မလေးရှားနိုင်ငံအတွင်းက မည်သည့်နေရာကိုမဆို ခရီးသွားလာနိုင်သလိုနိုင်ငံရပ်ခြားအလုပ်သမား အခွင့် အရေးအရ ဆေးရုံတက်ကုသတာနဲ့ ခွဲစိတ်ကုသတာအားလုံးကို မယူမနေရ ကျန်းမာရေးအာမခံတွေ ထားရှိ ပါ တယ်။ အဲလို ကုသမှုတွေအတွက်လည်း နိုင်ငံကူးလက်မှတ်ကို ပြသဖို့လိုအပ်သလို စိုက်ခင်းတစ်ခုခု ဒါမှ မဟုတ် အိမ်အကူလုပ်သား တစ်ဦးဖြစ်နေပါက လည်း အလုပ်ရှင်ကို ထောက်ပံ့ကုသပေးဖို့ တောင်းဆိုနိုင်
ပါတယ်။ အလုပ်သမားလျော်ကြေး အာမခံကိုလည်း ယူထားသင့်ပြီး အလုပ်ချိန်အတွင်း၊ အလုပ်ချိန်ပြင်ပ ထိခိုက်နစ်နာအရေးပေါ်မှတ်သားထားသင့်တဲ့ မလေးရှားအဖွဲ့အစည်းတွေသေဆုံးသွားခဲ့လျှင်တောင်အာမခံ နစ်နာကြေးကိုခံစားခွင့်ရှိပါတယ်။ အလုပ်ရှင်က အာမခံထားပေးဖို့ ပျက်ကွက်နေပါကသူ့ကို အစိုးရက ဒဏ်ကြေး ၄၀ဝ၀ ကောက်ခံနိုင်တယ်ဆိုတာလည်း သိထားဖို့လိုပါတယ်။

☑ဒေသခံရဲတပ်ဖွဲ့ဖမ်းဆီးခံရလျှင်☑
မလေးရှားနိုင်ငံမှာ ပုံမှန်အခြေအနေနဲ့ အလုပ်သွားလုပ်ရင်းက ရဲတပ်ဖွဲ့က ရပ်တန့်တားဆီးတာဖြစ်ဖြစ် ကြုံခဲ့ရရင် အမည်၊ သက်သေခံနံပါတ်နဲ့ နေရပ်လိပ်စာကို ပြောပြဖို့ပြင်ဆင်ထားဖို့ လိုပါတယ်။ ရဲအရာရှိက ခန္ဓာကိုယ်နဲ့ အဝတ်အစားထဲ၊ လက်ကိုင်အိတ်တွေထဲကို ရှာဖွေတာကို ခွင့်မပြုဘဲနေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်တစ်ခုချင်း ထုတ်ယူပြသဖို့တော့ လိုပါတယ်။ ခိုးမှု၊လူသတ်မှု၊မူးယစ်ဆေးဝါးမှုနဲ့ နိုင်ငံကူးလက်မှတ် မပြနိုင်မှုတွေ ဖြစ်လာရင်တော့ ဖမ်းဆီးနိုင်ပြီး ကျန်တဲ့ကိစ္စရပ်တွေမှာ ဖမ်းဆီးမှုကို မေးမြန်းစုံစမ်းဖို့လိုအပ်ပြီး ထွက်ပြေးမသွားသင့်ဘူးလို့ အလုပ်သမားအရေးလိုက်ပါဆောင်ရွက်သူ ကိုမင်းဇော်က ရှင်းပြပါတယ်။
ဖမ်းဆီးခံရပါက မိတ်ဆွေထံကို သို့မဟုတ် ဥပဒေအကူအညီပေးရေးအဖွဲ့တွေကို ဖုန်းခေါ်ဆိုဖို့ အခွင့်အရေး က လူတိုင်းမှာရှိတယ်ဆိုတာကို သိထားသင့်ပြီး အကယ်၍ လူဝင်မှုပြစ်မှုနဲ့ဖမ်းဆီးခံရပါက ၁၄ ရက်အထိ ထိန်းသိမ်းထားနိုင်တယ်ဆိုတာကိုလည်း သိထားသင့်ပါတယ်။


☑တရားရုံးစွဲတင်ခံရလျှင်☑
မလေးရှားနိုင်ငံရောက်ရှိနေပြီး မတော်တဆကိစ္စတစ်ခုခုနဲ့ တရားစွဲဆိုခံရလျှင် တရားစွဲဆိုချက် မိတ္တူ ကိုတောင်းယူထားဖို့လိုအပ်ပြီး စကားပြန်တောင်းဆိုခွင့်ရှိတယ်ဆိုတာကိုအလုပ်သမားအတော်များများ မသိရှိကြဘူးလို့ ကိုမင်းဇော်ကပြောပြပါတယ်။ အလုပ်သမားတစ်ဦးအနေနဲ့ ကိုယ့်အပေါ်စွဲဆိုထား တဲ့ ပြစ်မှုအကြောင်းကို တိတိကျကျနားမလည်ဘဲနဲ့ အပြစ်ရှိကြောင်း ဝန်မခံမိစေဖို့ လိုအပ်တယ်လို့ သိရပါတယ်။ထိန်းသိမ်းခံရစဉ် အခွင့်အရေးတွေကမလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေအနေနဲ့
ထိန်းသိမ်းခံရစဉ်မှာ ရဲထံကို ထွက်ဆိုချက်မပေးဘဲ နေပိုင်ခွင့်ရှိပါတယ်။ အဓိကပေးရမှာက အမည်အပြည့် အစုံ၊ အသက်၊နေရပ်လိပ်စာနဲ့ အလုပ်အကိုင်တွေကိုပဲ ပေးရမှာဖြစ်ပြီး ရဲထံကိုပေးတဲ့ အချက်အလက်တွေ ဟာ တရားစွဲခံရတဲ့အခါမှာသက်သေထွက်ချက်အဖြစ်နဲ့ အသုံးပြုနိုင်တယ်။ တရားရုံးကိုမရောက်ခင် မေးမြန်း ချက်တွေ ကို မဖြေဘဲနေပိုင်ခွင့်လည်းအပြည့်အဝရှိပြီး ထွက်ချက်ပေးမယ်လို့ ဆုံးဖြတ်လိုက်ရင်ရဲအရာရှိရဲ့ အမည်နဲ့ ရာထူးအဆင့်ကို မေးမြန်းထားဖို့လည်းလိုအပ်ပါတယ်။ ဒါမှသာ လိုက်ပါဖြေရှင်းပေးမယ့်သူတွေ အတွက်လွယ်ကူစွာနဲ့ စုံစမ်းဖော်ထုတ်နိုင်မယ်လို့ ILO မှ သိရပါတယ်။


☑မလေးရှားရောက် ရွှေ့ပြောင်းအလုပ်သမားရပိုင်ခွင့်တွေ☑
မှတ်ပုံတင်ထားတဲ့ ရွှေ့ပြောင်းသွားလာသူဖြစ်နေပြီဆိုပါက အမျိုးသမီးတွေရော အမျိုးသားတွေပါ တူညီတဲ့
လုပ်ခလစာကို တောင်းခံနိုင်ပါတယ်။ အလုပ်ရှင်အနေနဲ့အလုပ်အကိုင်စည်းမျဉ်းတွေ၊ သတ်မှတ်ပြဋ္ဌာန်း ချက်တွေကို ချိုးဖောက်ခဲ့မယ်ဆိုရင် အလုပ်သမားရေးရာဌာနကို စီရင်ဆုံးဖြတ်ပေးဖို့ တရားဝင်တိုင်ကြားနိုင် ပါတယ်။မတရားအလုပ်ဖြုတ်ခံရတာဖြစ်လာရင်လည်း အလုပ်ရှင်၊အလုပ်သမား ဆက်ဆံရေးဌာနကို ရက်ပေါင်း ၆၀အတွင်းမှာ သွားရောက်တိုင်ကြားဖို့ လိုအပ်တယ်လို့ ၎င်းက ဆက်လက်ပြောပြပါတယ်။ ဒါ့အပြင် ခွင့်မဲ့ နှစ်ရက်ထက် ပိုပျက်ကွက်တာနဲ့ ခိုးခြင်းကလွဲပြီး တော်ရုံပြစ်မှုလောက်နဲ့ အလုပ်ဖြုတ်မပစ်နိုင် တဲ့အပြင် အလုပ်ရှင်က အလုပ်မဖြုတ်မီ သတိပေးစာနဲ့သတိပေးတာတွေ၊ ဌာနတွင်းစုံစမ်းစစ်ဆေး တာတွေ မရှိဘဲလည်း အလုပ်ဖြုတ်လို့မရတာကိုသိထားဖို့ လိုအပ်တယ်လို့ဆိုပါတယ်။


☑အလုပ်ရှင်ကို ပြန်လည်တိုင်ကြားနိုင်ပါတယ်☑
လုပ်ခတွေကို နှစ်လထက်ကျော်လွန်ပြီးမရတဲ့ အခြေအနေ၊ လစာကို မတရားဖြတ်တောက်လာခဲ့တဲ့ အခြေအနေ၊အချိန်ပိုလုပ်ခမပေးအပ်တဲ့အခြေအနေ၊ နားရက်မပေးခြင်းနဲ့၊နှစ်ပတ်လည်ခွင့်ရက်မရခဲ့တဲ့ အခြေအနေ၊ ငွေရှင်းဖြတ်ပိုင်းတွေ မပေးအပ်တဲ့အခြေအနေ၊ အလုပ်အကိုင် ကန်ထရိုက်စာချုပ်မပေးအပ်တဲ့ အခြေအနေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေဖြစ်လာခဲ့မယ်ဆိုရင်တော့ အလုပ်သမားရေးရာ ဌာနကို
စုံစမ်းစစ်ဆေးဖို့ တိုင်ကြားသင့်တယ်လို့ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းက သတိပေးထားပါတယ်။

☑အလုပ်လုပ်ခွင့်ပါမစ်မရှိတဲ့အခါ☑
အလုပ်သမားအရေးနဲ့ပတ်သက်ပြီး အမှုတစ်ခုခုဖြစ်နေတဲ့အချိန်မှာ အလုပ်ရှင်က အလုပ်သမားရဲ့ အလုပ် လုပ်ခွင့်ပါမစ်ကို ပယ်ဖျက်ပစ်နိုင်ပြီး မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှာ အထူးခွင့်ပြု လက်မှတ် ဒါမှမဟုတ် ယာယီဗီဇာတစ်ခုကို လျှောက်ထားနိုင်တယ်ဆိုတာ အလုပ်သမားအများစုက မသိရှိကြဘူးလို့ မလေးရှားရောက် မြန်မာအလုပ်သမားတစ်ဦးကလည်း ဖြေကြားပါတယ်။ ဒါ့အပြင် သူတို့နိုင်ငံရဲ့အလုပ် သမားသမဂ္ဂ အဖွဲ့အစည်းတွေကို ချိတ်ဆက်ထားပြီးအဖွဲ့ဝင်ထားမယ်ဆိုရင်လည်း အကူအညီတွေ အများကြီးရနိုင်တယ်လို့ သိရပါတယ်။

☑မလေးရှားသွားသူများ နားရက်ရကြဖို့☑
အလုပ်သမားအများစုက အလုပ်တာဝန် ထမ်းဆောင်တဲ့ကာလ နှစ်နှစ်မတိုင်မီ တစ်နှစ်အတွင်းမှာ အလုပ် လုပ်တဲ့ရက်တွေကနေ နားရက် ရှစ်ရက်၊ အလုပ်တာဝန်ထမ်းဆောင်တဲ့ကာလ နှစ်နှစ်နဲ့ ငါးနှစ် ကြားမှာ ၁၂ရက်နဲ့ ငါးနှစ်အထက် အလုပ်လုပ်သူတွေမှာ နားရက် ၁၆ရက်အထိ တောင်းဆိုရရှိနိုင်ပါတယ်။ မလေးရှားနိုင်ငံမှာ တရားဝင်ပြည်သူ့အားလပ်ရက် ၁၁ ရက်ရှိတာကိုလည်း သိထားဖို့ လိုအပ်ပါတယ်။
“အများပြည်သူအားလပ်ရက်တွေမှာ အလုပ်လုပ်ရရင်အလုပ်ရှင်က ပုံမှန်အလုပ်ချိန် တစ်နာရီလုပ်ခရဲ့ သုံးဆပေးဖို့တာဝန်ရှိပါတယ်။ အကယ်၍ ကိုယ့်နားရက်မှာ ပြန်အလုပ်လုပ်ပေးရရင် အလုပ်ရှင်ဆီက ပုံမှန်လုပ်ခရဲ့ နှစ်ဆတောင်းခံနိုင်တယ်”လို့ ILO မြန်မာမှ မပိုပိုက ပြောပြပါတယ်။

နာမကျန်းဖြစ်နေတဲ့အခါ ဆရာဝန်ထံကနေ ဆေးလက်မှတ်ကိုတောင်းခံပြီးအလုပ်ရှင်ကို အကြောင်းကြားဖို့ လိုအပ်သလို နာမကျန်းတဲ့ကာလမှာ ဝင်ငွေကိုရရှိဖို့အတွက်လည်း အခွင့်အရေးရှိပါတယ်။ အလုပ်သမားတွေ အတွက် အလုပ်တာဝန်ထမ်းဆောင်တဲ့ကာလ နှစ်နှစ်ထက်နည်းရင် ဆေးရုံ တက်ရောက် ကုသနိုင်ခွင့်မရှိဘဲလစာအပြည့်နဲ့ နာမကျန်းခွင့်က အများဆုံး ၁၄ ရက်နဲ့ တာဝန်ထမ်းဆောင်တဲ့ကာလ
နှစ်နှစ်ကနေ ငါးနှစ်အတွင်းရှိခဲ့မယ်ဆိုရင် ၁၈ ရက်အထိ ခံစားနိုင်ပါတယ်။ အလုပ်သမားအားလုံး ဆေးရုံ တက်နေ တဲ့အချိန်မှာ နာမကျန်းခွင့် ၆၀ ရက်ကို ရရှိနိုင်ပါတယ်။

☑အလုပ်ရှင်နဲ့အလုပ်သမားစာချုပ်☑
အလုပ်တာဝန်ရယူဖို့အတွက် အလုပ်ရှင်၊ အလုပ်သမားစာချုပ်က အရေးကြီးပါတယ်။ မြန်မာအလုပ်သမား အများ စုအနေနဲ့ စာချုပ်ကို လေ့လာမှုအားနည်းတဲ့အတွက် မလိုလားအပ်တဲ့ပြဿနာတွေ ကြုံတွေ့နေရတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေထံကနေ သိရပါတယ်။
စာချုပ်မှာ အကြမ်းဖျင်းအားဖြင့် အလုပ်သမားအမည်နဲ့ သက်သေခံကတ်နံပါတ်၊ လုပ်ငန်းလိပ်စာ၊ အလုပ်ရှင် အမည်၊ အလုပ်သမားအကျိုးခံစားခွင့်၊ လစာနဲ့အလုပ်လုပ်ချိန်၊ ခွင့်ခံစားခွင့်၊ လစာဖြတ်တောက်မှု၊ လုပ်ငန်း တာဝန်နဲ့ စာချုပ်သက်တမ်းတွေ မဖြစ်မနေပါဝင်လားဆိုတာနဲ့ ကိုယ်နဲ့ကိုက်ညီမှုရှိမလားဆိုတာကိုလေ့လာ ဆန်းစစ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

☑နေထိုင်မှုကုန်ကျစရိတ်☑
အလုပ်တွေက တစ်ခုနဲ့တစ်ခုမတူညီသလို ကုန်ကျစရိတ်တွေကိုလည်း အချို့အလုပ်တွေမှာ ပြန်ပေးရ တာ
တွေ ရှိပါ တယ်။ စိုက်ပျိုးရေးကဏ္ဍမှာလုပ်ရင် အိမ်ရာတွေ စီစဉ်ပေးမလား၊ စက်ရုံအလုပ်ရုံတွေမှာနေစရာ အတွက် ပြန်လည် တောင်းခံတာရှိလားဆိုတာကိုပါ မသွားခင်ကတည်းက မေးမြန်းထားဖို့ လိုအပ်ပါ တယ်။
လစာထဲကနေ နိုင်ငံခြားအလုပ်သမား စည်းကြပ်ခွန်၊ အလုပ်လုပ်ခွင့်ပါမစ် ကုန်ကျစရိတ်၊ နိုင်ငံခြားအလုပ် သမားတွေ အတွက် ဆေးရုံတက်ရောက်ကုသခြင်းနဲ့ ခွဲစိတ်ကုသခြင်းဆိုင်ရာ အာမခံကြေး၊ နေစရာ ငှားရမ်း ခ၊ အိမ်အတွက် ရေ၊ မီးအခွန်အခတွေကို အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက်စလုံးက အလုပ်မဝင်ခင် ကတည်းက သဘောတူညီမှုရရှိထားဖို့ လိုအပ်ပါတယ်။

☑အမျိုးသမီးအလုပ်သမားတွေ သတိထားဖို့☑
အမျိုးသမီး နိုင်ငံခြားသား အလုပ်သမားတွေအနေနဲ့ မလေးရှားနိုင်ငံမှာ အလုပ်
လုပ်ရင်း ကိုယ်ဝန်ရှိခဲ့မယ်ဆိုရင် ပြန်ပို့နိုင်ခြေအခွင့်အရေး အလွန်များပါတယ်။
သူတို့ဥပဒေအရ အမျိုးသားအလုပ်သမားတွေနဲ့တန်းတူ လုပ်ခလစာနဲ့ အခြားအခွင့်
အရေးတွေကို တောင်းခံနိုင်ပေမယ့် နိုင်ငံခြားသားအလုပ်သမား အမျိုးသမီးတွေအနေနဲ့
မီးဖွားခွင့်နဲ့ဆိုင်တဲ့ အခွင့်အရေးတွေကိုတော့ မရရှိနိုင်တာကို သိထားဖို့ လိုအပ်ပါတယ်။
...
သတင်းဆောင်းပါး-ခင်ရတနာ
ဓာတ်ပုံ-မေဦးမိုး၊
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
(၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်၊ တနင်္ဂနွေနေ့ထုတ် မြန်မာ့အလင်းသတင်းစာ)

Subscribe Us