Sunday, July 17, 2016

ဇွန်လအတွင်း ပြည်ပသို့ တရားဝင်အလုပ်သွားရောက်လုပ်ကိုင်သူ ၁၄၀ဝ၀ ကျော်နှင့် ပြည်တွင်းအလုပ်နေရာ ၁၇၀ဝ၀ ကျော်အား ခန့်ထားနိုင်ခဲ့

နေပြည်တော် ဇူလိုင် ၁၆


နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးနှင့် တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်ကာ အလုပ်အကိုင် အခွင့်အ လမ်းများ ပိုမိုရရှိစေရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြိုးပမ်းလျက်ရှိရာ ယခုနှစ်အတွင်းပြည်ပသို့ တရားဝင်စေလွှတ်ခဲ့ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရရှိခြင်းတို့ တိုးပွားလျက်ရှိကြောင်း သိရသည်။


ယခုနှစ်အတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးကိုဦးစားပေးဆောင်ရွက်နေပြီး သင့်တော်ကောင်းမွန်သည့်
အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက်စွာ ခန့်အပ်ထားရှိ ရန် အလုပ်အကိုင် နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင်Labour Exchange Management System ဖြင့် အွန်လိုင်းမှ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရှိရသည်။


၂၀၁၆ ခုနှစ် ဇွန်လအတွင်းမှာပင် ပြည်ထောင်စုနယ်မြေ အတွင်းရှိ အစိုးရအလုပ်အကိုင် ၆၀ ကို ခန့်အပ်နိုင် ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရအလုပ်အကိုင် ၂၁၁ ခု နှင့် ပုဂ္ဂလိကအလုပ်အကိုင် ၁၁၉၇၄ ခုကို ပေးအပ်နိုင်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးတွင် အစိုးရအလုပ် ၁၂၀ နှင့် ပုဂ္ဂလိကအလုပ် ၁၆၇၆ ခု၊ ဧရာဝတီတိုင်းဒေသကြီး တွင် အစိုးရအလုပ်၆၆ ခုနှင့် ပုဂ္ဂလိကအလုပ် ၁၁၆ ခု၊ ပဲခူးတိုင်းဒေသကြီးတွင် အစိုးရအလုပ် ၁၂၉ ခုနှင့် ပုဂ္ဂလိကအလုပ် ၁၁၄၉ ခုတို့ကို ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။


ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးတွင် အစိုးရအလုပ် ၉၅ ခုနှင့် ပုဂ္ဂလိကအလုပ် ၂၀၄ ခု၊ မကွေးတိုင်းဒေသကြီး တွင် အစိုးရအလုပ် ၄၈ ခုနှင့် ပုဂ္ဂလိကအလုပ် ၄၉၂ ခု၊ တနင်္သာရီတိုင်းဒေသကြီးတွင် အစိုးရအလုပ် ၁၅ ခုနှင့် ပုဂ္ဂလိကအလုပ် ၃၁၉ ခု၊ကချင်ပြည်နယ်တွင် အစိုးရအလုပ် ၁၅ ခုနှင့် ပုဂ္ဂလိကအလုပ် ကိုးခု၊ ကယား
ပြည်နယ်တွင် အစိုးရအလုပ် ၉၆ ခု၊ ကရင်ပြည်နယ်တွင် အစိုးရအလုပ် ၂၈ ခုနှင့် ပုဂ္ဂလိကအလုပ် ၉၂ ခု၊ ချင်းပြည်နယ်တွင် အစိုးရအလုပ် နှစ်ခု၊ မွန်ပြည်နယ်တွင် အစိုးရအလုပ် ၃၅ ခုနှင့် ပုဂ္ဂလိကအလုပ် ၂၂၇ ခု၊ ရခိုင်ပြည်နယ်တွင် အစိုးရအလုပ်လေးခုနှင့် ပုဂ္ဂလိကအလုပ် ၁၅၅ ခု၊ ရှမ်းပြည်နယ်တွင် အစိုးရအလုပ် ၆၄
ခုနှင့် ပုဂ္ဂလိကအလုပ် ၅၀ဝ တို့ကို ပေးအပ်နိုင်ခဲ့ပြီးစုစုပေါင်း အလုပ် ၁၇၉၀၁ အထိ ပေးအပ်နိုင်ခဲ့ပြီဖြစ် သည်။

ဝန်ကြီးဌာနမှ နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်းများဖြစ်သည့် ILO၊ IOM တို့နှင့် ပူးပေါင်းကာ ရန်ကုန်၊ ဘားအံ၊မြဝတီ၊ မော်လမြိုင်၊ မ္တလေး၊ ထားဝယ်နှင့် မကွေးမြို့တို့တွင် ရွှေ့ပြောင်းအလုပ်သမား များ ထောက် ပံ့ ကူညီရေးဗဟိုဌာနများကိုလည်း ဖွင့်လှစ်ကာ အလုပ်သမားများ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်
ရှောက်ခြင်း၊ ပညာပေးခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။



ဇွန်လအတွင်း ပြည်ပနိုင်ငံများသို့တရားဝင်စေလွှတ်နိုင်ခဲ့သည့် အလုပ်အကိုင်ရရှိမှု
စဉ် နိုင်ငံ စေလွှတ်ဦးရေ
၁ မလေးရှား ၂၇၃၁ ဦး
၂ စင်ကာပူ ၁၁၄ ဦး
၃ ကိုရီးယား ၇၂၅ ဦး
၎ ထိုင်း ၁၁၀၅၀ ဦး
၅ ဂျပန် ၁၈၂ ဦး
၆ ယူအေအီး ၁၅ ဦး
၇ ကာတာ ၁၇ ဦး
စုစုပေါင်း ၁၄၈၃၄ ဦး


၁၃၇၈ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက်၊  ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၁ ရက်၊ တနင်္ဂနွေနေ့ထုတ် မြန်မာ့ အလင်းသတင်းစာ
သတင်း-ခင်ရတနာ၊ ဓာတ်ပုံ-မေဦးမိုး

Subscribe Us