Friday, June 24, 2016

ထိုင်းရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းအစိုးရ တာဝန်ရှိသူများအား နားလည်သည်းခံပေးရန် နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်


မဟာချိုင်မြို့ ထမထန်းငါးဈေး ခန်းမဆောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန်
စောင့်ဆိုင်းခဲ့သော်လည်း တွေ့ဆုံခွင့် မရခဲ့သည့် ထိုင်းရောက် မြန်မာနိုင်ငံသားများ အနေဖြင့်
ထိုင်းအစိုးရ တာဝန်ရှိသူများအား နားလည်သည်းခံပေးကြရန် နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့သည်။



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ခန်းမတွင်း ဝင်ခွင့်မရ၍ ပြင်ပတွင်
စောင့်ဆိုင်းနေသည့် ထိုင်းရောက် မြန်မာအလုပ်သမား များကိုလည်း မိန့်ခွန်း ပြောကြားရန် ညှိနှိုင်းစီစဉ် ခဲ့သော်လည်း မိုးသည်းထန်စွာ ရွာသွန်းလာမှုကြောင့် ခန်းမအပြင်ဘက်ရှိ ထိုင်းရောက် မြန်မာနိုင်ငံ သားများနှင့် တွေ့ဆုံမိန့်ခွန်း ပြောကြားရန်အဆင်မပြေ ဖြစ်ခဲ့ရကြောင်းနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ် လုံခြုံရေး၊ ချေမွေ့စေရေးအတွက် ထိုင်းအစိုးရ တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုများကို ထိုင်းရောက် မြန်မာနိုင်ငံသားများ နားလည်သည်းခံ ပေးကြစေလိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့သည်။

အစောပိုင်းက ထလေထိုင်းငါးဈေး ခန်းမဆောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရွှေ့ပြောင်း မြန်မာ အလုပ်သမားများ တွေ့ဆုံခဲ့ရာ ဦးရာလူစနစ်ဖြင့် လူငါးရာ တွေ့ဆုံခွင့်ပြုမည်ဟု ဆိုထားသော်လည်း လူတစ်ရာကျော်နှင့်သာ တွေ့ဆုံခွင့်ရခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ခန်းမဆောင် အပြင်ဘက်တွင် တွေ့ဆုံခွင့်ရရန် စောင့်ဆိုင်းနေသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများမှာ ထောင်ချီရှိနေခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်က ထွက်တွေ့ဆုံကာ မိန့်ခွန်းပြောကြားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

■ ဓာတ်ပုံ - ကျော်ဇင်ဝင်း
Eleven Media Group

Subscribe Us