Sunday, June 26, 2016

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ဒီနေ့အမေပြောခဲ့တဲ့ စကား (25-06-2016)



ကျမတို့ သံရုံးကနေ ကျမတို့ ပြည်သူပြည်သား အားလုံးကို ကူညီရမယ်လို့ ညွှန်ကြားချက်ချထားပြီးသားပါ
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိုယ့်နိုင်ငံသူ နိုင်ငံသားဟာ ကိုယ့်နိုင်ငံသူ နိုင်ငံသားပါဘဲ ။

ဒါပေမယ့်လဲ ကူညီဘို့ဆိုတာဟာ ဘယ်မှာပြသနာဖြစ်နေတယ်ဆိုတာ သိဘို့ကလဲ အရေးကြီးပါတယ်
ဘယ်မှာပြသနာဖြစ်နေတယ်ဆိုတာ မသိဘဲနဲ့မကူညီနိုင်ဘူး။

အဲ့တော့ တခုခုဆို ဘယ်လိုတိုင်နိုင်လဲဆိုတာ စဉ်းစားပြီးတော့လုပ်ပါမယ် ဒါကို အလုပ်သမားအများစု သိအောင် အချင်းချင်းကူညီဘို့တော့လိုတယ် ။

နောက်တခုကကျမ အလုပ်သမားတွေနဲ့တွေ့တော့ ပြောကြတာရှိပါတယ်။အခုလို အလုပ်သမားတွေကို ကူညီနေတဲ့ အဖွဲ့စုံညီရှေ့မှာ ကျမ ပြောချင်ပါတယ်။


အလုပ်သမားကူညီနေတဲ့ အဖွဲ့တွေဟာ ဘယ်လောက်ကူညီလဲ လို့ကျမ မေးတော့ ၅၀% လို့ပြောပါတယ်
၅၀%ဆိုတာ အင်မတန်မှ နည်းပါတယ် ဒိထက်မက ကူညီဘို့တော့လိုပါတယ် ။ အလုပ်သမားတွေကို ကူညီနေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လဲ ဒိထက် ရိုးဖြောင့်ဘို့လိုတယ်လို့ကျမ ထင်ပါတယ်။

နောက်တခုလဲ ကျမ ပွင့်ပွင့်လင်းလင်းပြောပါ့မယ်။ တချို့က ကျမကို တိုင်ပါတယ်။ အလုပ်သမားတွေကို ကူညီတဲ့ အဖွဲ့တွေအနေနဲ့ငွေကြေးအရ ခေါင်းပုံဖြတ်တာတွေ ကြားပါတယ်။

(ဟုတ်တယ်လေ အမှန်ကို အမှန်အတိုင်းကျမ ပြောရမှာဘဲ)

လုပ်ပေးခဆိုပြီး ယူကြတာတွေ ကျမ ကြားပါတယ်။ မလုပ်ပါနဲ့ ကိုယ့်နိုင်ငံသူ နိုင်ငံသားအချင်းချင်း ဒုက္ခ
ရောက်နေသူတွေကို ဖိပြီး နင်းတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမဟုတ်ဘူး။ဒါကို အကယ်၍ ကျမတို့ သိလို့ရှိရင်လဲ ကျမတို့နိုင်ငံရဲ့ ဥပဒေ အရ အရေးယူရမှာဘဲ ။

ဘာလို့လဲဆိုတော့....ဒါဟာ ဥပဒေအရ ခွင့်ပြုထားတာမဟုတ်ပါဘူး။ဒါမျိုးလုပ်နေတဲ့ အဖွဲ့အစည်းတွေရှိရင်
အချင်းချင်း သတိပေးထားပါ။  ကိုယ့်အချင်းချင်းဆိုတာက လူမှုရေးအရ သီလသမာဓိအရမလုပ်သင့်ဘူး
ဥပဒေအရလဲ မလုပ်သင့်ဘူး ဒါကို ကျမတို့လဲလက်ခံမှာ မဟုတ်ဘူးဆိုတာ ကျမ သတိပေးပါရစေ ။

တကယ့်ကို စေတနာသန့်သန့်နဲ့ကူညီနေတဲ့ အဖွဲ့အစည်းတွေကိုတော့ ကျမ ကျေးဇူးတင်ပါတယ်။
ကျမတို့ကို ကူညီတယ်လို့ဘဲ သဘောထားပါတယ်။

နောက်ဆုံးတော့ ……အစိုးရက တာဝန်ယူရမယ်ဆိုတာလဲ ကျမ လက်ခံပါတယ်။ အစိုးရတရပ်တက်လုပ်နေ မှတော့ ငါတို့နဲ့မဆိုင်ဘူး လို့တော့မရပါဘူး။

အဲဒီတော့ ကျမတို့တာဝန်ယူပါ့မယ်
တတ်နိုင်သလောက် ကူညီပါ့မယ်
နေ့ချင်းညချင်းတော့ ပြောင်းလဲသွားမှာမဟုတ်ပါဘူး

အားလုံးကလဲ ကျမတို့ကို ဝိုင်းဝန်းပံ့ပိုးပေးပါလို့
မေတ္တာရပ်ခံပါတယ် ကျေးဇူးတင်ပါတယ် ။

(Video မှ ပြန်လည်ရေးသားပါသည်)
Rosa
25.6.2016.
Credit .... Hnin SiKhin

Subscribe Us