Sunday, May 08, 2016

ရွှေ့ပြောင်းလုပ်သားများထောက်ပံ့ကူညီပေးရေးဗဟိုဌာန


ရွှေ့ပြောင်းလုပ်သားများထောက်ပံ့ကူညီပေးရေးဗဟိုဌာန
(Migrant Resource Center- MRC)

ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေးဗဟိုဌာန (Migrant Resource Center -MRC) များကို ဖွင့်လှစ်ရခြင်းမှာ ဒေသတွင်း အလုပ်သမားများ ရွှေ့ပြောင်းသွားလာခြင်းလုပ်ငန်းစဉ် များနှင့် ရွှေ့ပြောင်း အလုပ်သမားများ တရားဝင်ရွှေ့ပြောင်းသွားလာခြင်းအတွက် အဆင့်ဆင့်ဦးစားပေးဆောင်ရွက် ရမည့် လိုအပ်ချက်များ၊ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများ၊ ဖြစ်နိုင်ခြေ ရှိသော
ရွှေ့ပြောင်းအလုပ် သမားများ၊ သိသင့်သိထိုက်သည့် သတင်းအချက်အလက်နှင့် အလုပ်အကိုင် အခွင့် အလမ်းများ မှန်ကန်စွာရရှိရေး၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး၊


ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေး ဗဟိုဌာနများမှ တစ်ဆင့် ရွှေ့ပြောင်းအလုပ်သမားများအား ကာကွယ်စောင့်ရှောက်မှု များပေးနိုင်ရေး၊ ရွှေ့ပြောင်းသွားလာခြင်းဖြစ်စဉ်တွင် ဘေးကင်းလုံခြုံစွာနေထိုင်
နိုင်ရေး စသည့်ဝန်ဆောင်မှုများပေးနိုင်ရန် ရွှေ့ပြောင်း လုပ်သား များ ထောက်ပံ့ကူညီပေးရေး ဗဟိုဌာန (Migrant Resource Center- MRC) ကို ရွှေ့ပြောင်းသွားလာမှု အများဆုံးနေရာဒေသများဖြစ်သည့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာ စံမြို့နယ်၊ မြင်းခြံမြို့နယ်၊ မိတ္ထီလာ
မြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်မြို့နယ်တို့တွင် International Labour Organization -ILOInternational Organization for Migration-IOM နှင့် ပူးပေါင်း၍လည်းကောင်း၊


ကရင်ပြည်နယ် ဘားအံမြို့နယ်နှင့် မြဝတီမြို့နယ်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်တို့တွင် International Organization for Migration-IOM နှင့်ပူးပေါင်း၍ လည်းကောင်း၊ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန လက်အောက်ရှိ မြို့နယ်အလုပ် အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် လည်းကောင်း၊ ယင်းရုံးများနှင့် ပူးပေါင်း၍လည်းကောင်း ဖွင့်လှစ်ထားပြီးဖြစ်သည်။



အဆိုပါ Center များတွင် ရွှေ့ပြောင်းသွားလာရန် အလားအလာရှိသော အလုပ်သမားများ၊ ရွှေ့ပြောင်းအလုပ် သမားများနှင့်ယင်းတို့၏မိသားစု များအား အသိပညာပေးခြင်းနှင့် အကြံပြုဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း စသည့်ရွှေ့ပြောင်းသွားလာခြင်းနှင့်သက်ဆိုင်သော ဝန်ဆောင်မှုများဆောင် ရွက်ပေးလျက်ရှိသည့် အတွက်
ရွှေ့ပြောင်းသွားလာ၍ အလုပ်လုပ်ကိုင် လိုသော မြန်မာအလုပ်သမားများအနေဖြင့် သွားရောက်ဆက်သွယ် စုံစမ်းနိုင်သည်။


ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာနများ၏ ဆက်သွယ်ရန်လိပ်စားများ
၁။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ မရမ်းကုန်းမြို့နယ်
အမှတ် (၈/၁)၊ နဂါးရုံဘုရားလမ်း၊ အမှတ် ၅ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း ဝ၁-၆၆၀၅၉၅


၂။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ချမ်းအေးသာစံမြို့နယ် (၃၅) လမ်း၊ရန်ကြီးအောင်လမ်းနှင့် လမ်း (၉၀) ထောင့်၊ ပြည်ကြီးပျော်ဘွယ်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ဖုန်း ဝ၂-၂၁၁၅၀၊ ဝ၉-၉၇၇၂၂၀၈၅၂


၃။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့်နယ်ရုံး) မကွေးမြို့
အကွက် (၁၂)၊ အမှတ် (၉) စီတာပတ်ကွင်းလမ်း၊ မကွေးမြို့၊ မကွေးတိုင်းဒေသကြီး ဖုန်း ဝ၆၃-၂၁၀၁၉


၎။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) ဘားအံမြို့
အမှတ် (၃) ရပ်ကွက်၊ ဗိုလ်တဲကုန်း၊ ဗိုလ်ချုပ်လမ်း၊ ဘားအံမြို့၊ ကရင်ပြည်နယ် ဖုန်း ဝ၅၈-၂၁၁၀၆


၅။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး)
မော်လမြိုင်မြို့၊အမှတ် (၁၇)၊ ကျိုက်သာလန်ဘုရားလမ်း၊ ရွှေတောင်ရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ် ဖုန်း ဝ၅၇-၂၁၁၄၅


၆။ မော်ကွမ်းဒေသဖွံ့ ဖြိုးရေးအဖွဲ့ ၊ ခတ္တာလမ်း၊ မြို့သစ်ရပ်၊ ရပ်ကွက် (၃)၊ ကျိုင်းတုံမြို့၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ဖုန်း ဝ၉-၄၉၀၃၃၄၂၃


၇။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) မိတ္ထီလာမြို့အောင်သုခလမ်း၊ အောင်ဇေယျာရပ်ကွက်၊ မိတ္ထီလာမြို့်၊ မန္တလေးတိုင်းဒေသကြီး ဖုန်း ဝ၆၄-၂၃၀၄၈၊ ဝ၉-၉၇၇၂၂၀၈၅၃


၈။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(မြို့နယ်ရုံး) မြင်းခြံမြို့
အမှတ် (၁၉)၊ တိုးချဲ့ကွက်သစ်(ခ)၊ (၁၇၆/၁၇၇)၊ မြင်းခြံမြို့၊ မန္တလေးတိုင်းဒေသကြီး
ဖုန်း-ဝ၆၆-၃၀၄၈၈၊ ဝ၉-၉၇၇၂၂၀၈၅၄


၉။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) ကျောက်ဆည်မြို့အောက်ချိုင်းရပ်၊ ဆူးကုန်းအုပ်စု၊ ကျောက်ဆည်မြို့၊ မ္တလေးတိုင်းဒေသကြီး
ဖုန်း-ဝ၆၆-၅၀၃၄၀၊ဝ၉-၉၇၇၂၂၀၈၅၅


၁၀။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(မြို့နယ်ရုံး) ထားဝယ်မြို့ဆိပ်ကမ်းသာလမ်း၊ ဆန်ချီးမြို့သစ်၊ ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး
ဖုန်း-ဝ၅၉-၂၁၀၄၂၊ ဝ၉-၉၇၇၂၂၀၈၅၁


၁၁။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(မြို့နယ်ရုံး) မြဝတီမြို့
အမှတ်(၄) ရပ်ကွက်၊ မြဝတီမြို့၊ ကရင်ပြည်နယ်ဖုန်း-ဝ၅၉-၅၀၂၂၃


Complaints Mechanism Center
ပြည်တွင်း/ပြည်ပ အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများ၏ လိုအပ်ချက်များကို ကူညီဆောင် ရွက်ပေးနိုင်ရန် Complaints Mechanism Center ကို ၂၇-၆-၂၀၁၃ ရက်နေ့တွင် နေပြည်တော် ၌လည်း
ကောင်း၊ ၃-၇-၂၀၁၃ ရက်နေ့တွင်ရန်ကုန်မြို့ ၌လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး တိုင်ကြားလာသော အလုပ်သမားရေးရာကိစ္စများကို ၂၄ နာရီလက်ခံဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ပြည်တွင်း/ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော အလုပ် သမားများအနေဖြင့် လုပ်ငန်းခွင် အတွင်း ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက် လာပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီတောင်း ခံတိုင်ကြားနိုင်ပါသည်။

နေပြည်တော်၊ Complaints Mechanism Center
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရုံးအမှတ်(၅၁)ဖုန်းနံပါတ် ဝ၆၇-၄၃၀၁၈၄၊ ဝ၆၇-၄၃၀၂၈၄


ရန်ကုန်၊ Complaints Mechanism Center
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(တိုင်းဒေသကြီးရုံး)၊ ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်၈/၁၊နဂါးရုံးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်းနံပါတ် ဝ၁-၆၅၀ဝ၈၉၊ ဝ၁-၆၅၀၁၈၇



#၁၃၇၈ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် ၊ ၂၀၁၆ ခုနှစ်၊ မေ ၈ ရက်၊ တနင်္ဂနွေနေ့ထုတ်မြန်မာ့အလင်းသတင်းမှာ ကူးယူဖော်ပြသည်။

Subscribe Us