Thursday, May 05, 2016

မြန်မာသံအမတ်များအား ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်



ပြည်ပနိုင်ငံများသို့ တာဝန်ပေးစေလွှတ်မည့် မြန်မာသံအမတ်များကို ၂၂-၄-၂၀၁၆ ရက်နေ့တွင် တွေ့ဆုံစဉ် လမ်းညွှန်မှုပြုသည်။

• မြန်မာသံရုံးများအနေဖြင့် နိုင်ငံသားများအကျိုးကို ကာကွယ်မြှင့် တင်ခြင်းဖြင့် ပြည်ပရှိ မြန်မာနိုင်ငံသားများ ၏ သိက္ခာကို မြှင့်တင်ပေးနိုင်ကြောင်း၊

• ယင်းသို့ကာကွယ်စောင့်ရှောက်ရာတွင် ပြဿနာဖြစ်နေသူများ၊ ရာဇ၀တ် မကင်းသူများကိုပင်လျှင် ၄င်းတို့အား ပစ်ပယ်ထားခြင်း မရှိဟုထင်မြင်သည် အထိ ကူညီမှုများ ပေးရမည်ဖြစ်ကြောင်း ၊


• မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံးများအပေါ် မိမိ၏ မိဘအိမ်၊ အားကိုးစရာနေရာ အဖြစ်ခံစား သံယောဇဉ်ဖြစ်စေရန်အတွက် ခွဲခြားခြင်း မရှိပဲ တွေ့ဆုံခြင်း ၊ ဖိတ်ကြားခြင်းများ ပြုကာ စုစည်းမှုရှိစေရန်
ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊

• နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးကိစ္စရပ်များ အပါအ၀င် အခြားသောပြောကြားမှု များအပေါ် နားထောင်၍ နိုင်ငံတကာမှ နားလည်မှုရှိလာစေရန် စည်းရုံးဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊

Ministry of Foreign Affairs Myanmar

Subscribe Us