Wednesday, May 04, 2016

ထိုင်းနိုင်ငံအတွင်း မော်တော်ယာဉ်(ကား) တိုက်ခံရမှု့ နှင့် ပတ်သက်ပြီး၊ ထိုင်းနိုင်ငံတွင်း၊ လျှော်ကြေးငွေ ရရှိနိုင်သည့် အခြေအနေများ



(၁) ထိုင်းနိုင်ငံတွင်၊ အလုပ်၊ လုပ်ကိုင်စားသောက်နေသည့်၊ မြန်မာရွေ့ပြောင်းအလုပ်သမားများအနေနှင့်၊ ထိုင်းနိုင်ငံတွင်းတရားဝင်၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ရှိပြီး၊ လူမှု့ရေးအထောက်အကူပြုလုပ်မှတ် (Social Security) လုပ်ထားလျှင် အနဲဆုံး အောက် ပါလျှော်ကြေးများခံစားခွင့် ရှိမည်ဖြစ်ပါသည်။

- ထိခိုက်ဒဏ်ရာရပြီးသေဆုံးမှု့ အတွက် ထိုင်းဘတ်ငွေ ၃၀၀၀၀ (သုံးသောင်း) မှ ၁၀၀၀၀၀ (တစ်သိန်း) ထက်မပိုသောလျှော်ကြေးငွေ

- ထိုင်းနိုင်ငံသုံးဘတ်ငွေ ၂၀၀၀၀( နှစ်သောင်း) နှင့် ညီမျှသောနာရေးစရိတ်

- ကော်မီတီ၏ဆုံးဖြတ်ချက်ဖြင့် ထိုင်းဘတ်ငွေ ၃၀၀၀၀ (သုံးသောင်း) ထက်မပိုသောအထွေထွေဆေးကုသမှု့စရိတ်၊ ရရှိမည်ဖြစ်ပါသည်။


၂) ကားတိုက်မှု့ ဖြစ်ပြီး သေဆုံးခဲ့ ပါက၊ အဆိုပါ ကားအနေနှင့် ဖော်လော်ဘော် พ.ร.บ (พระราชบัญญัติ) ပြုလုပ်ထားပါက၊ (အများအားဖြင့် ထိုင်းနိုင်ငံအတွင်း အသုံးပြုနေသည့် မော်တော်ယာဉ်များသည်၊ ဖောလော်ဘော် ပြုလုပ်ထားကြပါသည်။ ဖော်လော်ဘော် พ.ร.บ (พระราชบัญญัติ) ကို အနည်းစပ်ဆုံး အဓိပ္ပါယဖွင့် ဆိုရပါက။ “ ဥပဒေကဲ့သို့အာဏာတည်သော၊ ထိုင်းဘုရင်မင်းမြတ်၏အမိန့်တော်” ဟု အဓိပပ္ပါယ်သက်ရောက်၏။ ( ၁၊၄၊၂၀၁၆) ခုနစ်၊ ထိုင်းအစိုးရ၏ အသစ်ထုတ်ပြန်လိုက်သည့် (ဖော်လော်ဘော်)အမိန့်အရ၊ ယာဉ်တိုက်သေဆုံးသူများအား၊ အသက်အာမခံ လျှော်ကြေးအတွက် အနဲဆုံး ထိုင်းဘတ်ငွေ ၂၀၀၀၀၀( နှစ်သိန်း) မှ ၃၀၀၀၀၀ (သုံးသိန်းတိတိ) ပေးလျှော်ရမည်ဟုပြဌာန်းထားပါသည်။


၃) ကားအာမခံ (Car Issuance) မှ ရရှိမည့် လျော်ကြေးငွေ။
- အများအားဖြင့် ထိုင်းနိုင်ငံတွင် ကားပိုင်ဆိုင်သည့် သူများအနေနှင့် ကားအာမခံ ထားရှိကြပါသည်။ ကားအာမခံ များ၏ ကုမ္မဏီ များအလိုက်၊ (သို့မဟုတ်) မိမိတို့ ဝယ်ယူထားသည့် ကားအာမခံ တန်ဘိုးအလုပ်၊ လူတစ်ဦးသေဆုံးပါ၊ လျောက်ကြေးငွေ၊( ဘတ်ငွေ၊(၃) သိန်းမှ ( ၁၀) သိန်းအထိရရှိနိုင်မည်ဖြစ်ပါသည်၊သတိထားရမည့် အချက်မှာ ကားအာမခံ ကုမ္မဏီများအနေနှင့် နားလည်တတ်ကျွမ်းသည့်ထိုင်းရှေ့နေများအကူအညီဖြင့် ရှေ့နေကောင်းများငှားရမ်းအသုံးပြုပြီးအနည်ဆုံးပေးရအောင်၊ဆောင်ရွက်နေကြသလို၊မိမိတို့ဖက်ထိုက်တန်သည့်လျော်ကြေးငွေရရှိအောင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ 

ထို့အပြင်စိတ်ကောင်းစေတနာ (လူသားစိတ်ရှိသည့်) ထိုင်းလုပ်ရှင်များအနေနှင့် မိမိတို့ အလုပ်သမားသေဆုံးမှု့အတွက်၊ ဂရုဏာကြေး ပေးခဲ့ သူများလဲ ရှိပါသည်။

( ထူးချစ်)

Subscribe Us