Wednesday, February 03, 2016

ဒေါက်တာ ရာဒါခရစ် ရှနန်(Dr.Radhdkrishnan)၏ သြ၀ါဒ


လွန်ခဲ့သော နှစ်အနည်းငယ်အချိန်က အိန္ဒိယခေါင်းဆောင်ကြီး ဒေါက်တာ ရာဒါခရစ် ရှနန် (Dr. Radhdkrishnan) က “ပင်ကိုစာရိတ္တသည်ကံကြမ္မာကိုဖန်တီးလေသည်။

လူမျိုးတစ်မျိုး၏ ကံကြမ္မာသည် ထိုတိုင်းပြည်တွင်ရှိသည့် ပြည်သူပြည်သား အားလုံး၏ ကိုယ်ပိုင်စာရိတ္တ အရည်အသွေးပေါ်တွင်မူတည်၍တည်ဆောက်ရသည်။ ကိုယ်ပိုင်အရည်အသွေးညံ့သော တိုင်းသူ
ပြည်သားများဖြင့် ထိပ်တန်းနိုင်ငံကြီးတစ်ခုကို တည်ဆောက်၍ မရနိုင်ချေ။

ထိပ်တန်းနိုင်ငံကြီးတစ်နိုင်ငံ တည်ဆောက်လိုလျှင် ကျွန်ုပ်တို့သည် လူငယ်လူရွယ်များအား ပင်ကိုစာရိတ္တ
နှင်ပြည့်စုံအောင် သင်ကြားလေ့ကျင့်ပေးရပေမည်။



သျှတ္တရကျမ်းများတွင် ရေးသားထားသကဲသို့ အခြားသူများအပေါ် ဘ၀တူများဖြစ်သည်ဟူသော အတွေး အခေါ်မျိုးဖြင့် တွေးခေါ်ကြည့်မြင် တတ်သော လူငယ်လူရွယ်များ ရှိရမည်။

အပြင်ဘက်လူ့လောကတွင်ဖြစ်စေ၊ ကျောင်းသားလောကတွင်ဖြစ်စေ၊ ကျွန်ုပ်တို့၌ ပင်ကိုစာရိတ္တများ မရှိလျှင် မြင့်မားသောအဆင့်သို့တက်၍မရောက်ရှိနိုင်၊ကျွန်ုပိတို့၏ ခြေဖ၀ါးအောက်မှ မြေကပြိုလျှင် ပင် တောင်ပေါ်သို့တက်၍ ရနိုင်မည်မဟုတ်ချေ။ ကျွန်ုပ်တို့၏ အခြေခံက မခိုင်မာဘဲလျက် ကျွန်ုပ်တို့ရည်မှန်းသော ပန်းတိုင်သို့ မည်သို့ရောက်နိုင်ပါမည်နည်း” ဟူ၍ မြွတ်ကြားခဲ့ဖူးပေသည်။

Subscribe Us