Tuesday, February 09, 2016

မနာလိုစိတ်


မနာလိုစိတ်ဆိုတာ…........။
လူတွေဟာ တခါတလေမှာ ကိုယ့် အနားမှာရှိနေတဲ့လူတွေကို မနာလိုစိတ်ဝင်တတ်ကြပါတယ်။ မနာ လိုစိတ်ဆိုတာဟာ တကယ်တော့ကောင်းတဲ့စိတ်မှ မဟုတ်တာဘဲ။ မကောင်းတဲ့စိတ်မှန်း သိပေမယ့် လည်း မနာလိုမဖြစ်အောင်၊ မနာလိုစိ တ်မ၀င် အောင် လူတော်တော်များများဟာ သူတို့ ကိုယ်သူတို့  မထိန်းနိုင်ကြပါဘူး။


မနာလိုစိတ်ဘာကြောင့်ဖြစ်….။
မနာလိုစိတ်ဘာ့ကြောင့်ဖြစ်ရသလဲဆိုတဲ့ အရင်းမြစ်ကိုလေ့လာလိုက်မယ်ဆိုရင်ဖြင့် မနာလိုစိတ်ဟာ ကိုယ့်ရဲ့ သိမ်ငယ် စိတ်ကြောင့် ဖြစ်ကြရတာပဲ။ ကိုယ့်ကိုကိုယ်သိမ်ငယ်စိတ်ဆိုတာက ကိုယ့်ကို ကိုယ် ညံ့တယ်။ မတော်ဘူး။



မလှဘူးစသဖြင့် တွေးထင်ကြတဲ့စိတ်ကိုပြောတာ။ ကိုယ့်ကိုကိုယ်တော် တယ်။ ကောင်းတယ်၊ လှတယ် လို့  ထင်နေသူများဟာ သူများကို မနာလိုဘယ်တော့မှ မဖြစ်ကြဘူး။ သူများကို ကိုယ့်ရဲ့ စိတ်ထဲမှာ မနာလိုဖြစ်နေတယ်ဆိုရင်ဖြင့် အဲဒီလူဟာ ကိုယ့်ထက် တစ်နေရာရာမှာ သာနေပြီရယ်လို့  မိမိကိုယ်ကို ၀န်ခံလိုက်တာနဲ့ အတူတူပဲ။

မနာလိုစိတ်ဟာ ကိုယ့်နှလုံးသားထဲမှာဝင်လာရင်ဆိုရင်ဖြင့် မိမိရဲ့ စိတ်ကလေးဟာမအေးချမ်းတော့ ဘူး။ ပူလောင်လို့ လာတယ်။ ပြီးတော့ မနာလိုစိတ်ဆိုတဲ့ စိတ်ကြီးက သူငယ်ချင်းတွေကြားထဲက ခင်မင်မှုတွေ၊ မိသားဝင်အချင်းချင်းကြားထဲက ရင်းနှီးတွယ်တာမှုတွေကို ပျက်စီးသွားအောင်၊ ခန်းခြောက်သွားအောင် လုပ်ပစ်လိုက်နိုင်တယ်။

နောက်တစ်နည်းအားဖြင့် မိမိက လူတိုင်းပေါ်မှာ ကောင်းကောင်း မွန်မွန်ဆက်ဆံပေမယ့် တချို့  သူငယ်ချင်းတွေကတော့ မိမိ ကို ကောင်းကောင်းမွန်မွန်မဆက်ဆံကြဘူး။ မနာလိုစိတ်လည်းမွေးကြ တယ်။ အဲဒါဘယ်လိုလုပ်မလဲ… ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်း ဖို့ က အရေးကြီးတယ်၊ လူအမျိုးမျိုး စိတ်အထွေထွေမို့  ဒီလိုမတူမှုတွေကြားထဲမှာမှ အချင်းချင်း သင့်တင့်ေ အာင် ပေါင်းနိုင်၊
ပျော်ရွှင်အောင် နေနိုင်ကြရမယ်။ အရေးကြီးဆုံးကတော့ မိမိလုပ်လိုက်တဲ့
ပြောမှု၊ ပြုမှု၊ လုပ်မှုမှန်သမျှမှာ ဘယ်ဟာကတော့ မှန်တယ်၊ ဘယ်ဟာ ကတော့မှားတယ် ဆိုတာကို ကိုယ်တိုင် သိမြင် ဖို့  သိပ်ကိုအရေးကြီးတယ်။

လူမျိုးတိုင်း လူမျိုးတိုင်းမှာ အပြောအဆို၊ အနေအထိုင်နဲ့  ပတ်သက်ရင် ယဉ်ကျေးမှုဆိုတဲ့ကျင့်ဝတ်ေ လးေ တွရှိကြတယ်။ ဒီကျင့်ဝတ်ဟာ လူ့ အသိုင်းအ၀ိုင်းထဲကို ၀င်တဲ့အခါမှာ တခြားလူတွေ ကိုယ့်ြေ ကာင့် စိတ်အနှောက်အယှက်မဖြစ်ဖို့ အတွက် စောင့်ထိန်းရမယ့်ကျင့်ဝတ်ပဲ။

နိုင်ငံအလိုက် ကျင့်သုံး ရတဲ့ယဉ်ကျေးမှုကျင့်ဝတ်တွေကို မိမိနားလည် ဖို့ လိုသလို၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးကိုလည်း လိုက်နာတတ်ရမယ်။ ဒါဆိုရင်ဖြင့် မိမိ ဟာ စိတ်နှလုံး၊ ကိုယ်အမူအရာ ယဉ်ကျေးတဲ့ စိတ်ကောင်းရှိတဲ့ လူတစ်ယောက်ဖြစ်ပြီပေါ့။

Credit To: ခေတ်ဘုန်းသစ်
Women’s World ဂျာနယ်

Subscribe Us