Thursday, February 25, 2016

အလုပ်ထုတ်ခံရသော မွေးဖွားပြီးစ မိခင် အပါအဝင် မိသားစုငါးဦး အကူအညီလိုအပ်


ထိုင်းနိုင်ငံ ဖူးခက်မြို့ ကိုကက်အို ရပ်ကွက်ရှိ ပန်းရံလုပ်ငန်းခွင်မှ အလုပ်ထုတ်ခံရသော ကျန်းမာရေး မကောင်းသည့် မီးဖွားပြီးစ မိခင် အပါအဝင် မိသားစု ငါးဦးမှာ နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်နေသောကြောင့် အကူအညီ အပူတပြင်း လိုအပ်နေကြောင်း လေးဝတီရခိုင် လူမူရေး အသင်း(ဖူးခက်) ဥက္ကဌဦးခိုင်အတ က ပြောကြားသည်။

မွန်ပြည်နယ် မော်လမြိုင် ဇေယျာသိရီ (၂) ရပ်ကွက်တွင် နေထိုင်သော အသက် ၃၀ အရွယ် ဦးနိုင်စိုး ၊ အသက် ၂၃နှစ် အရွယ် မညိုနှင့် ၎င်းတို့ ၏ လူမမယ်ကလေးနှစ်ဦးနှင့်အတူ ပန်းရံလုပ်ငန်းခွင်တွင် အလုပ်လုပ် ကိုင်ကာ နေထိုင်ကြောင်း၊ ယင်းနောက် မညိုမှာ လုပ်ငန်းခွင်တွင် တတိယမြောက် သားငယ် ကို မွေးဖွားခဲ့ပြီး ချက်ကြိုးမှ တဆင့် မေးခိုင် ပိုးဝင်ရာမှ ကျန်းမာရေးမကောင်းသူ မိခင်မှာ ဆေးရုံတွင် ဆေး ကုသ မှုခံယူရန် ဆေးဖိုးစရိတ်မ တတ်နိုင်သဖြင့် နယ်မြေခံဘာသာရေး အဖွဲ့တစ်ခုဖြစ်သော DASICသို့ ဆက်သွယ် အကူညီတောင်းခံခဲ့ရာ အဆိုပါအဖွဲ့မှ တဆင့် လေးဝတီရခိုင်လူမူရေး အသင်း(ဖူကတ်)နှင့် ဆက်သွယ်အကူညီ တောင်းခံကာ ဖူးခက်ဆေးရုံတွင် ဆေးကုသခွင့် ရရှိခဲ့ကြောင်း ယင်းအသင်းထံမှ သိရှိရသည်။




ဖူးခက်မြို့ ၀တ်ချီရ ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် လာရောက်ပြုစုရသော ခင်ပွန်းနှင့် မိခင် တို့ကို အလုပ်ပျက်သည်ဟုဆိုကာ အလုပ်မှ ထုတ်ပယ်ခဲ့ပြီး လက်ရှိနေထိုင်ရန်ပေးထားသော အလုပ်ခွင်မှ မောင်း
ထုတ်ခံ ရခြင်း ဖြစ် သည်။

“ သူတို့မှာက အထောက်အထားလည်းမရှိဘူး၊ ကလေးမိခင်က ဆေးရုံမှာ ဆေးကုသနေရတာကို အလုပ်ပျက်တယ်ဆိုပြီး အလုပ်ရှင်က နင်တို့မိသားစုတွေ ဆေးရုံမှာပဲ နေဆိုပြီး သူတို့အိုးတွေခွက်တွေနဲ့ ပစ္စည်းတွေကို ဆေးရုံရှေ့မှာ လာပုံထားသွားတယ်၊ မွေးထား တဲ့ကလေးကလည်း ၁၀ရက်သားလေး၊ မိသားစုလိုက် နေစရာလည်းမရှိ စားစရာလည်းမရှိတော့ ဒုက္ခအတော်ရောက်နေတယ် ” လေးဝတီရခိုင် လူမူရေး အသင်း(ဖူးခက်) ဥက္ကဌ ဦးခိုင်အတ က ပြောသည်။

လတ်တလောတွင် မိခင်နှင့်အတူ မိသားစုလိုက် ဆေးရုံမှ ဆင်းလာသော်လည်း မြန်မာနိုင်ငံသို့ ပြန်ရန် အတွက် အကူအညီ လိုအပ်နေကြောင်း ၊ ဆက်သွယ် လှူဒါန်းလိုသူများအနေနှင့် ကိုခိုင်အတ ၀၈၄- ၆၈၉၃ ၁၄၃၊မယု (ဖီးနွယ်) ၀၈၆-၄၇၆၃ ၉၂၄ ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း လေးဝတီ ရခိုင် လူမှုရေးအသင်း (ဖူးခက်)ထံမှ သိရသည်

Subscribe Us