Thursday, January 28, 2016

"နိုင်ငံရေးဆိုတာ ဘာလဲ”



(ဂျပန်ပြည်တွင် ရဲဘော်သုံးကျိပ် စစ်ပညာစတင်သင်ခိုက် တစ်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လရောင်နှင့် ဗိုလ်မင်းခေါင်တို့ တွေ့ဆုံ စကားပြောကြစဉ်)

ဗိုလ်မင်းခေါင်မှ "နိုင်ငံရေးဆိုတာ ဘာလဲ" ဟု ၀င်ထောက်မေးလိုက်ရာ ဗိုလ်ချုပ်က "လူတိုင်းကတော့ တိုင်းရေးပြည်ရေးကိုသာ နိုင်ငံရေးလို့ တွက်ထားကြတယ်။ အမှန်ကတော့ ကိုယ့်ဘ၀ ရပ်တည်ရေးကစပြီး ကိုယ့်အိမ်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်မကြီးတစ်ခုလုံးရဲ့ လူမှုရေးကိစ္စပဲ။
 နိုင်ငံရေးစကားနဲ့ပြောရင်တော့ လူတွေ စားမှု၊သောက်မှု၊ နေမှု၊ ထိုင်မှု အားလုံးဟာ နိုင်ငံရေးပေါ့ကွ" 
ဟု ရှင်းပြပြီး ဆက်လက်၍ နိုင်ငံရေးသမားဟူသည် ဆိုသည့်အကြောင်းအရာကို အခုလို ရှင်းပြခဲ့သည်။



၁။ တိုင်းပြည်ကျရောက်နေတဲ့ဘေးကို တကယ်စွန့်စားပြီး ကယ်တင်ချင်တဲ့စိတ်ဓာတ်မျိုး အမြဲရှိရမယ်။
၂။ အလုပ်လုပ်ကိုင်တဲ့နေရာမှာ ရိုးသားမှု အပြည့်အ၀ ရှိရမယ်။
၃။ စွန့်စားရမယ့်နေရာမှာလည်း ဇွဲသတ္တိနဲ့ပြည့်စုံပြီး ကိုယ်ကျိုးစွန့်၊ အသက်ကိုစွန့်ရဲတဲ့ စိတ်မျိုးလည်း
 မွေးတတ်ရမယ်။
၎။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာကိုပဲ အမှန်လို့ မယူဆတဲ့ စိတ်ထားမျိုး မွေးတတ်ရမယ်။
၅။ ကိုယ့်လူမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့ မျိုးချစ်စိတ်လည်း ရှိရမယ်။

အရေးအကြီးဆုံးကတော့ အဲဒီ (၅)ချက်ပဲ။ ပညာ၊ ဗဟုသုတ၊ အတွေ့အကြုံ ကတော့ လုပ်ရင်းကိုင်ရင်း
 လေ့လာရင်းနဲ့ ရနိုင်ပါတယ်ဟု အဆုံးသတ်ပြောကြားခဲ့သည်။

Subscribe Us