Monday, February 01, 2016

အလုပ်သမားများ ရပိုင်ခွင့်နှင့် တာဝန်များ(၃)



၉။လုပ်ငန်းတာဝန်ရပ်ဆိုင်ခြင်း



လုပ်အားခနစ်နာကြေး၊အထူးလုပ်အားခနစ်နာကြေး

သတ်မှတ်ထားသောကာလအပိုင်းအခြားဖြင့် အလုပ်ခန့်ထားခဲ့ပါက သတ်မှတ်ထားသော ကာလ ကန်ထရိုက်ပြည့်မြောက်သော နေ့တွင်ကြိုတင်အကြောင်းကြားရန်မလိုပဲလုပ်ငန်းတာဝန်ပြီးဆုံးသွား၏။
သတ်မှတ်ကာလအပိုင်းအခြားမရှိပဲ ၊အလုပ်ခန့်ထားခဲ့လျှင် အလုပ်ရှင်ကအလုပ်ခန့်ထားမှုကို ရပ်ဆိုင် ပစ်ခြင်း(သို့မဟုတ်)အလုပ်သမားက အလုပ်တာဝန်မှနှုတ်ထွက်စွန့်ခွာသွားခြင်းကိုစာဖြင့် ကြိုတင် အကြောင်းကြားကာ နောက်ထပ်လုပ်ခလစာမပေးမှီ တစ်ရက်အလိုတွင် သက်ဆိုင်ရာ ပုဂ္ဂိုလ် အဖွဲ့ အစည်းက အကြောင်းကြား၍ လုပ်ငန်းကို ရပ်ဆိုင်နိုင်သည်။




လုပ်ငန်းတာဝန်မှ ထုတ်ပယ်ခြင်း

လုပ်ငန်းတာဝန်မှထုတ်ပယ်ခြင်းဆိုသည်မှာ-

 ●လုပ်ငန်းကန်ထရိုက်ပြည့်မြောက်သွား၍သော်လည်းကောင်း(သို့မဟုတ်) အခြားအကြောင်းကိစ္စ ရပ်ကြောင့်သော်လည်းကောင်း အလုပ်ရှင်က အလုပ်သမားအား အလုပ်လုပ်ခြင်းနှင့် လုပ်ခ လစာပေးခြင်း ကို ငြင်းဆိုခြင်း။

 ●အလုပ်ရှင်က လုပ်ငန်းရပ်ဆိုင်ပစ်ခြင်းကြောင့် အလုပ်သမားကအလုပ်မလုပ်နိုင်ခြင်း လုပ်ခလစာ လက်ခံရရှိမှုမရှိခြင်း။



လုပ်ခနစ်နာကြေး

အလုပ်သမား၏ လုပ်ငန်းတာဝန်များရပ်ဆိုင်းသွားပါက အလုပ်သမားအားလုပ်ခလ စာနစ်နာကြေး ကိုအောက်ပါအတိုင်းပေးရမည်-

 ●အလုပ်သမားတစ်ဦးသည် စဉ်ဆက်မပြက်ရက်ပေါင်း(၁၂၀)အထက်နှင့် တစ်နှစ်ထက်မများသော လုပ်ငန်းတာဝန် ဆောင်ရွက်ခဲ့ပါက ထိုပုဂ္ဂိုလ်၏ လုပ်ခလစာနှုန်းဖြင့် ရက်ပေါင်း(၃၀) အတွက် လုပ်ခ လစာ(သို့မဟုတ်) ထိုပုဂ္ဂိုလ်၏ လုပ်ခလစာစာရင်းအရ နောက်ဆုံးရက်ပေါင်း(၃၀)အတွက် လုပ်ခလစာကို ထိုလုပ်ခလစာ အခြေခံနှုန်းထားအရခံစားစေရမည်။

 ●အလုပ်သမားတစ်ဦးသည် စဉ်ဆက်မပြက်ရက်ပေါင်း(၁)နှစ်အထက်နှင့် (၃)နှစ်ထက်မများသော လုပ်ငန်း တာဝန်ဆောင်ရွက်ခဲ့ပါက ထိုပုဂ္ဂိုလ်၏ လုပ်ခလစာနှုန်းဖြင့် ရက်ပေါင်း(၉၀)အတွက်လုပ်ခလစာ (သို့မဟုတ်) ထိုပုဂ္ဂိုလ်၏ လုပ်ခလစာစာရင်းအရ နောက်ဆုံးရက်ပေါင်း(၉၀)အတွက် လုပ်ခလစာကို ထိုလုပ်ခလစာ အခြေခံနှုန်းထားအရ ရရှိခံစားစေရမည်။

 ●အလုပ်သမားတစ်ဦးသည် စဉ်ဆက်မပြက် ရက်ပေါင်း(၃)နှစ်အထက်နှင့် (၆)နှစ်ထက်မများသော လုပ်ငန်း တာဝန်ဆောင်ရွက်ခဲ့ပါက ထိုပုဂ္ဂိုလ်၏လုပ်ခလစာနှုန်းဖြင့် ရက်ပေါင်း(၁၈၀)အတွက်ထိုပုဂ္ဂိုလ် ၏ လုပ်ခ လစာစာရင်းအရ နောက်ဆုံးရက်ပေါင်း(၁၈၀)အတွက် လုပ်ခလစာကို ထိုလုပ်ခလစာအခြေခံနှုန်းထားအရ ရရှိခံစားစေရမည်။

 ●အလုပ်သမားတစ်ဦးသည် စဉ်ဆက်မပြက် ရက်ပေါင်း(၆)နှစ်အထက်နှင့် (၁၀)နှစ်ထက်မများသော လုပ်ငန်းတာဝန်ဆောင်ရွက်ခဲ့ပါက ထိုပုဂ္ဂိုလ်၏လုပ်ခလစာနှုန်းဖြင့် ရက်ပေါင်း(၂၄၀)အတွက်
လုပ်အားခ လုပ်ခလစာကို အခြေခံနှုန်းထားအရ ရရှိခံစားစေရမည်။

 ●အလုပ်သမားတစ်ဦးသည် စဉ်ဆက်မပြက် ရက်ပေါင်း(၁၀)နှစ်အထက် လုပ်ငန်းတာဝန်ဆောင်ရွက်ခဲ့ပါက ထိုပုဂ္ဂိုလ်၏လုပ်ခလစာနှုန်းဖြင့် ရက်ပေါင်း(၃၀၀)အတွက်လုပ်အားခ လုပ်ခလစာ ကို အခြေခံနှုန်းထားအရ ရရှိခံစားစေရမည်။


လုပ်ခနစ်နာကြေးမှကင်းလွတ်ခြင်း

အောက်ပါအကြောင်းရပ်များတွင် လုပ်ခနစ်နာကြေးကို ပေးရန်မလိုပါ။

၁။သီးသန့်ပရောဂျက် တစ်ခု အတွက် သတ်မှတ်ကာလအတွင်း ကန်ထရိုက်ဖြင့် အလုပ်ခန့်ထားခဲ့ပြီး ထိုသတ်မှတ်ကာလ ကန်ထရိုက်ပြည့်မြောက် သွားခြင်း၊ထိုပရောဂျက်သည် ပုံမှန်လုပ်ငန်ရပ်တွင် အကြုံးမဝင်ရ၊အလုပ်ရှင်၏ သာမန်ရောင်းဝယ်ရေး လုပ်ငန်းမဖြစ်စေရ၊ တိကျသောရက်အပိုင်းအခြားတွင်ပြီးဆုံးရမည့်လုပ်ငန်းဖြစ်စေရမည်၊ (သို့မဟုတ်) သာမန်လုပ်ငန်းဖြစ်သော်လည်း တိကျသောလုပ်ငန်းအဆုံးသတ်ခြင်းပြီးမြောက်ခြင်းဖြစ်ရမည် (သို့မဟုတ်) ရာသီပေါ်လုပ်ငန်းဖြစ်၍ ရာသီကာလအတွင်းသာလုပ်သောလုပ်ငန်းဖြစ်ရမည်။ ထို့သိုသောလုပ်ငန်းသ ည်(၂)နှစ်အတွင်း ပြီးမြောက်သောလုပ်ငန်းမျိုးဖြစ်ရမည်။


၂။လုပ်ငန်းတာဝန်သည် အောက်ပါအကြေင်းတစ်ရပ်ရပ်ကြောင့် ရပ်ဆိုင်းသွားခြင်း

(၁)အလုပ်သမားသည် မရိုးဖြောင့်စွာ သို့မဟုတ် ကြိုတင်ကြံရွယ်ချက်ဖြင့် အလုပ်ရှင်အား ဆန့်ကျင်သော ရာဇဝတ်မှု တစ်ခုခုကို ကျုးလွန်ခြင်း။

(၂)ကြိုတင်ကြုံရွယ်ချက်ဖြင့် အလုပ်ရှင်အား ဆုံးရှုံးနစ်နာမှုဖြစ်စေရန်ဆောင်ရွက်ခြင်း။


(၃)အလေးထားဂရုစိုက်ဆောင်ရွက်ခြင်းမရှိမှုကြောင့် အလုပ်ရှင်အား ကြီးအားပြင်းထန်သော ဆုံးရှုံးမှု ဖြစ်စေခြင်းများ။


(၄)အလုပ်ရှင်၏ အမိန့်မနာခံခြင်း၊ လုပ်ငန်းခွင်စည်းကမ်းချိုးဖောက်ခြင်း၊ ဥပဒေပြဌာန်းမှုများကို မလိုက် နာခြင်းတို့နှင့် အလုပ်ရှင်သတိပေးစာကိုအလုပ်သမားလက်ခံရရှိထားခြင်း၊ထိုကဲ့ သို့သော သတိပေး အကြောင်းကြားစာသည် တစ်နှစ်အတွင်းသာလျှင် အကြုံးဝင်သည်။အရေးကြီးကိစ္စရပ်များအတွက် အလုပ်ရှင်က သတိပေးစာထုတ်ပြန်ရန်မလိုအပ်ပါ။


(၅)အလုပ်ပိတ်ရက်မှအပ ခိုင်လုံသောအကြောင်းပြချက်မရှိပဲ အလုပ်ခွင်မှ(၃)ရက် ဆက်တိုက်ပျက်ကွက်ခြင်း။


(၆)တရားရုံးဆုံးဖြက်ချက်အရ ထောင်ဒဏ်ပြစ်ဒဏ်ကျခံရခြင်း၊ ကိုယ်ပိုင်ခုခံကာကွယ်ခြင်းနှင့် ကရုဏာ ထားဆောင်ရွက်ခြင်းကြောင့် ပြစ်ဒဏ်သည် အကြုံးမဝင်စေရ။




အထူးလုပ်ခနစ်နာကြေး

(၁) လုပ်ငန်းခွင်တည်နေရာပြောင်းရွှေ့ခြင်းသည် အလုပ်သမားနှင့် မိသားစုဝင်များ၏ လူနေမှုဘဝကို သိသာစွာထိခိုက်နိုင်စေနိုင်သည့်အတွက် လုပ်ငန်းခွင်တည်နေရာပြောင်းရွှေ့မည့်ရက် ထက် ရက်ပေါင်း ၃ဝကြိုတင်၍ အလုပ်ရှင်က အလုပ်သမားတို့ကို အကြောင်းကြားပေးရမည်။

အလုပ်ရှင်က အလုပ်သမားအား ရက်ပေါင်း(၃၀)ကြိုတင်၍ အကြောင်းမကြားနိုင်ခဲ့ပါက ၊အလုပ်ရှင်သည် အလုပ်သမားအား အထူးလုပ်ခနစ်နာကြေးကို ထိုအလုပ်သမားအားလုပ်ခလစာနှုန်းဖြင့် ရက်ပေါင်း(၃၀) အတွက် သို့မဟုတ် ထိုပုဂ္ဂိုလ်၏ လုပ်ခလစာ စာရင်းအရ နောက်ဆုံးရက်ပေါင်း(၃၀)အတွက် လုပ်ခလစာ ထက်မနည်းသော လုပ်ခလစာကိုအခြေခံနှုန်းထားအရပေးရမည်။အကယ်၍ အလုပ်သမားသည် အလုပ် ထွက်လိုပါက ထိုသူ၏ ခံစားခွင်ရသော အထူးလုပ်ခနစ်နာကြေး၏(၅၀%)ထက်မနည်းသော အထူးလုပ်ခ နစ်နာကြေးကို ခံစားပိုင်ခွင့်ရှိသည်။



(၂)အကယ်၍ လုပ်ငန်းဖွဲ့စည်းပုံပြင်ဆင် ဖွဲ့စည်းခြင်း၊ ထုတ်လုပ်မှုလိုင်းပြုပြင်ပြောင်းလဲခြင်း၊ အရောင်းပုံစံနှင့် ဝန်ဆောင်မှုပုံစံပြင်ဆင်ခြင်း၊စက်ယန္တယားပြောင်းလဲတပ်ဆင်ခြင်း၊ အသစ်တပ်ဆင်ခြင်းတို့ကို နည်းပညာ ရပ်ပြောင်းလဲမှုအရဆောင်ရွက်ရ၍ ဝန်ထမ်းအင်အားလျော့ချခြင်းတို့ ပြုလုပ်ပါက အလုပ်ရှင်သည် အလုပ် သမားကြီးကြပ်ရေးမှူးနှင့် အလုပ်သမားတို့အားလုပ်ငန်းတာဝန် မရပ်စဲမှီ ရက်ပေါင်း၆ဝကြိုတင်၍ အလုပ် တာဝန်ရပ်စဲရန်ရှိခြင်းနှင့် အလုပ်တာဝန်ရပ်စဲရခြင်းအကြောင်းရင်း၊အလုပ်တာဝန်ရ ပ်စဲရန်ရှိသော လုပ်သားဝန်ထမ်း စာရင်းကိုထုတ်ပြန်ကြော်ငြာပေးရမည်။

အကယ်၍အလုပ်ရှင်သည် အလုပ်သမားအား အထက်ပါအတိုင်းလုပ်ငန်းတာဝန်မှရပ်စဲရန်ရှိကြောင်း ကြိုတင်အကြောင်းမကြားပဲ လုပ်ငန်းတာဝန်မှရပ်စဲခြင်းပြုလုပ်ပါက လုပ်ခနစ်နာကြေးကိုအလုပ်ရှင် မှပေး
လျှော်ရမည်။ထို့ပြင် အလုပ်ရှင်သည် အထူးလုပ်ခနစ်နာကြေးအဖြစ် အလုပ်သမား၏ လုပ်ခ လစာနှုန်း ထားဖြင့် ရက်ပေါင်း ၆ဝအတွက် လုပ်ခလစာ သို့မဟုတ် ထိုအလုပ်သမား၏ လုပ်ခလစာ,စာရင်း အရ
နောက်ဆုံးရက်ပေါင်း ၆ဝအတွက် လုပ်ခလစာထက်မနည်းသော လုပ်ခလစာကို လုပ်ခအခြေခံနှုန်း ထားအရပေးရမည်။


အကယ်၍ အလုပ်သမားတစ်ဦးသည် စဉ်ဆက်မပြက်(၆)နှစ်နှင့် အထက်လုပ်ငန်း ဆောင်းရွက်ခဲ့ပါက အလုပ်ရှင်သည်အထူးလုပ်အားခနစ်နာကြေးအပြင် လုပ်ခနစ်နာကြေးတို့ကိုလုပ်သက် တစ်နှစ် အတွက် (၁၅)ရက်စာနှုန်းဖြင့် ထိုသူ၏နောက်ဆုံး(၁၅)ရက်အတွင်း လုပ်ခ လစာနှုန်းထက် မနည်းသော လုပ်ခ လစာကို အခြေခံနှုန်းထားအရပေးရမည်။


စုစုပေါင်းအထူးလုပ်အားခနစ်နာကြေးသည် ထိုသူ၏ နောက်ဆုံး(၃၆ဝရက်)အတွက် လုပ်ခလစာနှုန်းထား အခြေခံဖြင့်  ရက်ပေါင်း(၃၆၀)အတွက် လုပ်ခလစာထက်မကျော်လွန်စေရ။

အကယ်၍ တစ်နှစ်ထက်နည်းသော ရက်ပိုင်းကာလကိုတွက်ချက်ရာတွင် ရက်ပေါင်း(၁၈၀)ကျော်လွန်ပါက လုပ်သက်တစ်နှစ်အဖြစ်သတ်မှတ်တွက်ချက်ရမည်။

Subscribe Us