Friday, September 18, 2015

ဝါဒဖြန့်နည်းခုနှစ်သွယ်


ထိရောက်သော ဝါဒဖြန့်နည်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။
.
*ဘေးတီးပေးသောနည်း'Band Wagon'။
"လူတိုင်း လုပ်နေကြပြီ" ဟူသော အဓိပ္ပာယ် ပေါ်လွင်အောင်ဖော်ပြပေးခြင်းဖြစ်သည်။
.
ပြစ်တင်ရှုတ်ချ အပုပ်ချနည်း"Name Calling"
ရန်သူ အပေါ် မလိုလားအပ်သော အပြု အမူများအကြောင်း ဖွင့်ချ ကြေညာခြင်းဖြင့် တစ်ဖတ်ရန်သူအပေါ် အများပြည်သူက အမုန်းကြီးမုန်း အကြောက် ကြီးကြောက်ပြီး မယုံသင်္ကာဖြစ်လာစေရန် တစ်ဖတ်သား၏
ပျော့ကွက်ကို ဖော်ထုတ်သောနည်း ဖြစ်သည်။



.
ကိုယ့်ဂုဏ်ကို ဖော်နည်း"
Glittering Generalities" မိမိ၏ဝါဒ မည်မျှကောင်းကြောင်းကို ပညာသား ပါပါ ဖော်ထုတ်အမွှမ်းတင်ကာ အများပြည်သူ ယုံကြည်လာအောင်ဖန်တီးသောနည်းဖြစ်သည်။
.

တံဆိပ်အငှားသုံးနည်း"
Transfer"။အများပြည်သူ ကြည်ညို လေးစားသော ပုဂ္ဂို လ်( သို့)အဖွဲ့ အစည်းကို ရှေ့တန်းတင် အသုံးချလျက် ထိုပုဂ္ဂို လ် ထိုအဖွဲ့အစည်းကပင် လျှင်မိမိတို့အား ထောက်ခံ အားပေးနေပြီဟု ကြော်ငြာသောနည်းဖြစ်သည်။
.


လူသာမာန်များကို ချီးမြှောက်သောနည်း"Plain Folks"
.


ရည်ညွှန်းလိုက်နာစေသောနည်း
"Testimonial"။နိုင်ငံသိနိုင်ငံကျော်ပုဂ္ဂိုလ်တစ်ဦးက ဤသို့ဤနှယ် ပြုလုပ်ခဲ့သည်ဟု မီးမောင်းထိုးပြကာ
ပြည်သူလူထုသည်လည်း ထိုနိုင်ငံကျော် ပုဂ္ဂိုလ်နည်းတူ လိုက်လုပ်စိတ်ပေါ်ပေါက်လာအောင်ဆွယ်ယူသော

နည်း ဖြစ်သည်။
.
ပဉ္စလက်နည်း
"Card Stacking"။အခြေအနေမှန် အဖြစ်အပျက်မှန် အချက်အလက်မှန်ကို သိရအောင် ကြိုးပမ်းသူများ ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားစေရန် သတင်းများ ကို အမှန်ထက်ဝက် မမှန်ထက်ဝက် ဖုံးထက်ဝက် ဖော် ထက်ဝက် လုပ်ခြင်း လက်ငင်းပြဿ နာတစ်ခုအပေါ် အရုံပြောင်းသွားစေရန်* ပြဿ နာအသစ် တစ်ခု* ဖန်တီးပေးသောနည်း။




‪#‎ဆရာ‬ မောင်ဝံသ ၏ ဒုတိယအတွေး-မှ ပြန်လည်မျှဝေပေးပါသည်

Subscribe Us