Tuesday, May 12, 2015

မတူတဲ့အတွေး ✔

 ဘုရင်တစ်ပါး ရှိတယ်။ သူသည် သူ၏ ပုံတူကို ရေးဆွဲရန်အတွက် အလွန်တော်သော် ပန်းချီပညာရှင် သုံးယောက်ကို ခေါ်လိုက်တယ်။ အလှဆုံး ပုံတူကို ရေးဆွဲနိုင်တဲ့ ပန်းချီပညာရှင်ကို ဆုချီးမြှင့်မယ်လို့
ဘုရင်ကပြောလိုက် ပါတယ်။

သို့ပေမယ့် ဘုရင်မှာက မျက်လုံး တစ်ဘက်သာ ရှိပါတယ်။

☆ပထမ ပန်းချီပညာရှင်က တွေးတယ်။ ငါ သူ့ကို မျက်လုံးတစ်လုံးတည်း ပါတဲ့ ပုံတူကို ရေးပေးလိုက်မယ် ဆိုရင် ငါ့ကို သူ စိတ်ဆိုးလိမ့်မယ်။ဒါကြောင့် ငါ မျက်လုံးနှစ်လုံးပါအောင် ဆွဲပေးလိုက် မယ်လို့ တွေးလိုက် ပါတယ်။


☆ဒုတိယ ပန်ချီပညာရှင်ကတော့ အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်းပဲ မျက်လုံးတစ်လုံး တည်းပါ
သော ဘုရင်၏ ရုပ်ပုံတူကို ရေးဆွဲလိုက်ပါတယ်။

☆တတိယ ပန်းချီပညာရှင်ကတော့ အသိဥာဏ်ရှိစွာနဲ့ မျက်လုံးလေးကို မှေးစဉ်းနေသော ပုံသဏ္ဍန် မျက်နှာ ကို ဘေးတစ်စောင်းပုံစံကို ရေးဆွဲ လိုက်ပါတယ်။

နောက်ဆုံးမှာတော့ ဘုရင်ထံသို့ ပုံတူပန်းချီကားတွေကို ပို့ပေးရပါတယ်။ ပန်းချီကားသုံးကားစလုံး ဟာ လည်း အလွန်ပင်လှပါတယ်။ သို့ပေမယ့် ဘုရင်ဟာ အကောင်းဆုံး ပန်းချီပညာရှင်ဆုကို တတိယ ပန်းချီ ပညာရှင်ကို ပေးလိုက် ပါတော့တယ်။

☆သင်ခန်းစာ-
လူတွေ၏ စိတ်ဟာ တစ်ယောက်နဲ့ တစ်ယောက်မတူညီကြဘူး။ အရှိကို အရှိအတိုင်းကြိုက်တဲ့ သူ ရှိကြ
ပေမယ့် တချို့ကြတော့လည်း မကြိုက်ပြန်ဘူး။ ဒါကြောင့် လောကမှာ လိုက်လျောညီထွေစွာ နေထိုင်တတ် ဖို့ဟာ အလွန်အရေးကြီးသော အရာတစ်ခုဖြစ်ပေတယ်။

Subscribe Us