Friday, July 25, 2014

အလုပ်သမားများ ရပိုင်ခွင့်နှင့် တာဝန်များ(၂)


(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေ BE2541နှင့် အညီ အလုပ်ရှင်နှင့် အလုပ်သမား တို့၏ ရပိုင်ခွင့်များနှင့် တာဝန်များ) 

၅။ခွင့်
နာမကျန်းခွင့်
အလုပ်သမားသည် အမှတ်တကယ် မကျန်းမာသောရက်များအားလုံး အမှန်တကယ် ကျန်းမာသည့်နေ့အထိ နာမကျန်းခွင့် ခံစားပိုင်ခွင့်ရှိသည်။ (၃)ရက်နှင့်(၄)ရက် ထက် ကျော်လွန်သော နာမကျန် ခွင့်ယူသူ အလုပ် သမားကို သတ်မှတ်ထားသော   ဆေးရုံ၊ ဆေးခန်းမှ ဆေးလက်မှတ် သို့မဟုတ် ပထမတန်းအဆင့်ရှိ ပါရဂူ ဆရာဝန် ထံမှ ဆေးလက်မှတ်ကို အလုပ်ရှင်မှ ဆောင်းဆိုရယူနိုင်သည်။ အကယ်၍ သတ်မှတ်ထားသော ဆေးလက်မှတ်ကို မတင်ပြပါက အလုပ်သမားသည် အလုပ်ရှင်အား လိုအပ်သော ရှင်းလင်းတင်ပြချက်ကို ပြု လုပ်ပေးရမည်။

     တစ်ရက်တာနာမကျန်းခြင်းနှင့် ထိခိုက်ဒဏ်ရာရှိခြင်း တို့ကြောင်း အလုပ်ငန်းပျက် ကွက်ခြင်းနှင့် သားဖွားခွင့်ယူထားသော အလုပ်သမားများအား နာမကျန်းခွင့် အဖြစ် မသက်မှတ်ရ။


လုပ်ငန်းလိုအပ်ချက်အရ ခွင့်ယူခြင်း
လုပ်ငန်းခွင်အနေအထား လိုအပ်ချက်များအရ လုပ်ငန်ခွင်နှင့် လိုက်လျောညီထွေဖြစ်သော လုပ်ငန်း အလိုက် အလုပ်သမားသည် လုပ်ငန်လိုအပ်ချက်အရ ခွင့်ကိုခံစား ပိုင်ခွင့်ရှိသည်။

ပဋိသန္ဓေတားမှုခွင့်
ပဋိသန္ဒေ္ဓတားမှုလုပ်ဆောင်ခြင်း၊ ထိုလုပ်ဆောင်မှုနှင့် ဆက်စပ်သောရက်များအတွက် ပဋိသန္ဓေတား မှု ဆောင်ရွက်ပေးသူ ပထမတန်းအဆင့်ရှိ ပါရဂူ ဆရာဝန်၏ ထောက် ခံမှုအတိုင်း အလုပ်သမားသည် ခွင့်ရက်ခံစားပိုင်ခွင့်ရှိသည်။

စစ်မှုထမ်းခြင်းခွင့်
စစ်မှုထမ်းဆိုင်ရာ ဥပဒေအရ အကျုံးဝင်သော စစ်ရေးလေ့ကျင့်ခြင်း၊ စမ်းသပ်ခြင်း၊ စစ်ဆေးခြင်း၊ ကိစ္စရပ်များ အားလုံးအတွက် အလုပ်သမားသည် စစ်မှုထမ်းခြင်းခွင့် ကို ခံစားပိုင်ခွင့်ရှိသည်။

သားဖွားခွင့်
ပဋိသန္ဓေရှိသော အလုပ်သမားသည် ရက်ပေါင်း(၉၀)ထက် မကျော်လွန်သော သားဖွားခွင့်ကို ပဋိသန္ဓေ ရှိတိုင်းခံစားပိုင်ခွင့်ရှိသည်။

သင်တန်းခွင့်
အလုပ်သမား၏အသိပညာနှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်သမားဘ၀ သာယာရေး၊ လုပ်ငန်းစွမ်း ရည်မြှင့်မားရေးနှင့် အတွေ့အကြုံနှင့် ကျွမ်းကျင်မှုတိုး တက်ရေး၊ အစိုးရတာဝန်ယူကျင်းပသော စာမေးပွဲ များဖြေဆိုနိုင်ရေတို့ အတွက် တိကျပြက်သားသော အစီစဉ်၊ သင်ရိုးနှင့် ကာလသက်မှတ်ချက်တိတိကျကျရှိရ မည်။ အလုပ်သမားသည် အလုပ်ရှင်အား လုံလောက်သော အထောက်အထား များ ပြည့် စုံစွာဖြင့် ခွင့်မယူမီအနည်းဆုံး(၇)ရက်ကြိုတင်၍ တင်ပြတောင်းခံရမည်။ သင်တန်းခွင့် ယူသူ အလုပ်သမားကြောင့် အလုပ်ရှင်၏ လုပ်ငန်းခွင်ထိခိုက်နစ်နာဆုံးရှုံးခြင်း များဖြစ်ပေါ်နိုင်ခြင်း၊ သုံးကြိမ်ထက်မနည်းသော ခွင့်ခံစား ထားခြင်း၊ ရက်(၃၀)နှင့်   အထက် ကျော်လွန်ခွင့် ခံစားထားခြင်းရှိသူ အလုပ်သမားကို သင်တန်း ခွင့်ပေးခြင်းအား အလုပ်ရှင်က ငြင်းပယ်နိုင်သည်။


၆။လစာနှင့်လုပ်အားခ
(၁) လုပ်အားခ
လုပ်အားခကို ငွေသားဖြင့်သာ ပေးရမည်။ လုပ်အားခကို သတ်မှတ်ထားသော အနည်း ဆုံးလုပ်အားခနှုံး ထက် မလျော့သော လုပ်အားခကို ပေးရမည်။ ပုံမှန်အလုပ် ချိန်သည် တစ်ရက်လျှင်(၈)နာရီထက်ကျော် လွန်လုပ်ဆောင်ရန် သတ်မှတ်ထားခဲ့ လျှင် ကျော်လွန်သော အချိန်နာရီများအတွက် အလုပ်လုပ်ရက်တွင် ရှိသော နာရီ၏ (1½)အဆနှုန်း သို့မဟုတ် နေ့စဉ်လုပ်အားခနှုန်း အခြေခံနှုန်း(၃)ဆ ထက်မ နည်းသော လုပ်အားခနှုန်းတို့ဖြင့် လုပ်အားခကို ပေးရမည်။

အလုပ်ပိတ်ရက်လုပ်အားခနှင့် လစာ
အလုပ်ရှင်သည် အလုပ်သမားအား အပတ်စဉ် အလုပ်ပိတ်ရက်၊ ရိုးရာဓလေ့အလုပ် ပိတ်ရက်နှင့် နှစ်စဉ် အလုပ်ပိတ်ရက်များအတွက် လုပ်အားခကိုပေးရမည်။အထူး အားဖြင့် နာရီစားနေ့စားအဖြစ် လုပ်အားခခံ စား ရသော အလုပ်သမားများသည် အပတ် စဉ်အလုပ်ပိတ်ရက်များ ခံစားပိုင်ခွင့်မရှိစေရ။

ခွင့်လစာ
တစ်နှစ်လျှင်ရက်(၃၀)ထက် မကျော်လွန်သော နာမကျန်းခွင့်ရက်များအတွက် လုပ်ခ လစာကိုပေးရမည်။ ပဋိသန္ဓေတားမှု ခွင့်ရက်များအတွက် လုပ်ခလစာကို ပေးရမည်။တစ်နှစ်လျှင် ရက်(၆၀)ထက် မကျော် လွန်သော စစ်မှုထမ်းခွင့်အတွက် လုပ်ခလစာ ကိုပေးရမည်။ တစ်နှစ်လျှင် ရက်ပေါင်း(၄၅)ရက်ထက် မကျော်လွန်သော သားဖွား ခွင့်အတွက် လုပ်ခလစာများကို ပေးရမည်။

(၂)အချိန်ပိုလုပ်အားခ
အချိန်ပိုလုပ်အားခငွေကို သတ်မှတ်ထားသော နာရီအလိုက် လုပ်အားခနှုန်း၏(1½) အဆထက် မနည်းသော နာရီအလိုက်လုပ်အားဖြင့် အလုပ်သမားအားပေးရမည်။

(၃)အလုပ်ပိတ်ရက်လုပ်အားခ
အလုပ်ပိတ်ရက်လုပ်အားခ ခံစားခွင့်မရှိသော အလုပ်သမားအတွက် အလုပ်ပိတ်ရက် လုပ်အားခကို အပိုအဖြစ်နာရီအလိုက် သတ်မှတ်ချက်လုပ်အားခ နှစ်ဆနှုန်းထက်မနည်းသောနှုန်းဖြင့် ပေး ရမည်။

(၄)အလုပ်ပိတ်ရက်အချိန်ပိုလုပ်အားခ
အလုပ်ပိတ်ရက်အချိန်ပိုလုပ်အားခကို အပိုအဖြစ်သတ်မှတ်ထားသော နာရီအလိုက် လုပ်အားခ၏(၃) ဆနှုန်းထက်မနည်းပေးရမည်။ဥပဒေအရ သတ်မှန်ပြဋ္ဌာန်းထားသောအလုပ်ပိတ်ရက်ထက်လျော့ နည်း သတ်မှတ်ထားခြင်း သို့မဟုတ် ဥပဒေအရ သတ်မှတ်ပြဋ္ဌာန်းထားသော အလုပ်ပိတ်ရက်ကို စီစဉ်ဆောင် ရွက် ထားခြင်းမရှိပါက အလုပ်ပိတ်ရက်လုပ်အားခနှင့်အလုပ်ပိတ်ရက် အချိန်ပိုလုပ်အားခများကို တာဝန်ပေး ထားသော အလုပ်ပိတ်ရက်များအတိုင်း အလုပ်ရှင်ကပေးရမည်။

အချိန်ပိုလုပ်အားခနှင့် အလုပ်ပိတ်ရက်အချိန်ပိုလုပ်အားခ ခံစားခွင့်မရှိစော အလုပ်ရှင်များ
●အလုပ်တာဝန်ချထားမှု၊ ဂရုဏာကြေးပေးခြင်း၊လုပ်အားခထားလျော့ချခြင်း၊ တာဝန် ရပ်ဆိုင်ခြင်းစသော တာဝန်များကို အလုပ်ရှင်ကိုယ်စားဆောင်ရွက်ရန် အခွင့် အာဏာပေးအပ်ထားခြင်းခံရသူများ၊

●အရောင်းကိုယ်စားလှယ်၊အဝယ်တော်အဖြစ်ဆောင်ရွက်ခြင်းဖြင့် ကော်မရှင်ခံစား ရသော အလုပ်သမား များ

● ရထားပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်နေရသော ဝန်ထမ်းများ၊ ရေတံခါး၊ ရေပေး လမ်းပိတ်/ဖွင့်ခြင်း
 ဆောင်ရွက်နေသူများ၊ရေတက် ရေကျမှတ်တမ်း၊ ရေပမာဏ မှတ်တမ်းပြုနေရသူများ၊မီးသက် တပ်ဖွဲ့ ဝင်များနှင့် ပြည်သူတို့ဘေးဒုက္ခကာကွယ်စောင့်ရှောက်နေသူများ၊ လှုပ်ရှားမှုနှင့် လုပ်ငန်းချိန် ကို သတ်မှတ် ထားခြင်းမရှိနိုင်သူများ သို့မဟုတ် အဆောက်အဦး၊ ခြံမြေတိုက်တာကို စောင့်ရှောက်နေသော ပုံမှန်တာဝန် ချိန်မရှိသူများ၊ ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်နေသော နာရီစားလုပ် ခငွေကို အလုပ်ချိန်အရ ခံစားနေရသူများ

အလုပ်ရှင်သည် အချိန်ပိုလုပ်အားခနှင့် အလုပ်ပိတ်ရက် အချိန်ပို လုပ်အားခ အလုပ်သ မားအားပေးခြင်းကို သဘောတူနိုင်သည်။

လစာနှင့် လုပ်အားခ ပေးမှုဆိုင်ရာ စည်းမျဉ်းများ
● အမျိုးအစားတူ၊ ပမာဏတူ၊ လုပ်ငန်းသဘာဝတူလုပ်ငန်းများအတွက် လုပ်ခလစာကို အမျိုးသားအလုပ် သမားများနှင့် အမျိုးသမီးအလုပ်သမားတို့ကို တူညီသောခံစား ခွင့်ပေးရမည်။

● အလုပ်သမား၏ လုပ်ငန်းဌာနတွင် လုပ်ခလစာကို ထိုင်းငွေကြေးဖြင့်ပေးရမည်။

● အလုပ်သမား၏ သဘောဆန္ဒအရ အခြားဌာနတစ်နေရာ တွင်ဖြစ်စေ၊ နိုင်ငံခြားငွေဖြင့် ဖြစ်စေ၊ ချက် လက်မှတ်ဖြင့် ဖြစ်စေပေးနိုင်သည်။

● လုပ်ခလစာကို အနည်းဆုံးတစ်လ တစ်ကြိမ်ပေးရမည်။

● လုပ်ခလစာငွေကို လုပ်ငန်းတာဝန်ရပ်စဲပြီး(၃)ရက်အတွင်း ပေးရမည်။

အောက်ဖော်ပြပါ အကြောင်းရပ်များမှလွဲ၍ လုပ်ခများ၊ အချိန်ပိုလုပ်ခများ အလုပ်ပိတ် ရက်လုပ်ခများ၊ အလုပ်ပိတ်ရက်အချိန်ပိုလုပ်ခများကို ဖြက်တောက်လျော့နည်းခြင်းမပြု လုပ်ရ။

(၁) ဝင်ငွေခွန်ပေးဆောင်ရန်ရှိသော ပမာဏနှင့်ဥပဒေအရ သက်မှတ်ပြဌာန်းထား၍ အလုပ်သမား ကပေးရန်ရှိသော ပမာဏ။

(၂) အလုပ်သမားသမဂ္ဂ စည်းမျဉ်းအရ အလုပ်သမားသမဂ္ဂသို့ပေးရန်ရှိသော ပမာဏ။

(၃) အလုပ်သမား၏ ကြိုတင်သဘောတူညီမှုအရ လုပ်ငန်ခွင်အကျိုးစောင့်ရှောက်ရေး ဆိုင်ရာ ပေးဆပ် ရမည့်ငွေများ၊ ငွေစုအဖွဲ့အစည်းနှင့် အလားတူအဖွဲ့အစည်းများသို့ ပေးရန်ရှိသော ငွေကြေးပမာဏများ၊

(၄) အလုပ်သမား၏ သဘောတူညီမှုအရဖြစ်စေ၊ ဂရုမစိုက်ပဲ ကြိုတင်သဘောတူညီမှုကို လက်မှတ်ရေး ထိုးထား၍ဖြစ်စေ၊ ပျက်စီးဆုံးရှုံးမှုအတွက် အလုပ်ရှင်အား လျော်ကြေးပေးရန်ရှိသော ပမာဏ။

(၅) အလုပ်သမား၏ ကြိုတင်ရေးသားသဘောတူထားသော ရန်ပုံငွေအဖြစ်ထည့်ရန် အလုပ်သမား၏ ရပိုင်ခွင့်အကျုံးဝင်သော လစာငွေ၏(၁၀%)ထက် မကျော်လွန်သောရန်ပုံငွေနှင့်အတူထိုအချိန်တွင် ရရှိသော လစာငွေ၏(1/5)ပမာဏထက်မကျော်လွန်သောငွေပမာဏ။

၇။အလုပ်တာဝန်မှရပ်စဲခြင်း
အလုပ်သမား၏ ပြစ်မှုကိုစစ်ဆေးစုံစမ်းရန်အတွက် အလုပ်ခန့်ထားစဉ်က ထို့ သို့ဆောင်ရွက်ရန် သဘောတူညီမှု သို့မဟုတ် အလုပ်ရှင်၏ လုပ်ငန်းခွင် စည်းကမ်း မျဉ်အရ ရရှိထားသော လုပ်ပိုင်ခွင့်အတိုင်း အလုပ်တာဝန်မှရပ်စဲဖြင်း အမိန့်ကို အလုပ် ရှင်မှ ထုတ်ပြန်ခွင့်ရှိသည်။ ထို့အမိန့်စာကို အလုပ်သမား၏ ကျူးလွန်သောပြစ်မှုနှင့် တာဝန်ရပ်စဲထားမှုကာလတို့ကို ဖော်ပြလျက်(၇)ရက်ထက် မကျော်လွန်စေပဲ ကြိုတင်၍ ရေးသားထုတ်ပြန်ပေးရမည်။

အလုပ်တာဝန်မှ မရပ်စဲမီလုပ်ခလစာ၏(50%)ထက် မနည်းသော လုပ်ခလစာငွေ ကို ပေးရမည်။ အကယ် ၍ အလုပ်သမားတွင် ပြစ်မှုကျူးလွန်ခြင်းမရှိပါက ပေးရန်ရှိသော လုပ်ခလစာ(၁၅%)ကို ထိုကာလအတွက် အတိုးငွေနှင့် အတူပေးရမည်။

၈။လုပ်ငန်းခေတ္တရပ်နားခြင်း
ထိန်းချုပ်နိုင်စွမ်းမရှိသောအခြေအနေမရှိပဲ လုပ်ငန်းအစိတ်အပိုင်းကိုသော် လည်ကောင်း၊ လုပ်ငန်းတစ်ခု လုံးကိုသော်လည်ကောင်း၊ အလုပ်ရှင်က လုပ်ငန်း ကို ခေတ္တရပ်နားထားခဲ့လျှင် လုပ်သားကြီးကြပ်ရေး မှူးထံနှင့် အလုပ်သမားတို့ကို လုပ်ငန်းမရပ်နားမီ ကြိုတင်အကြောင်းကြားရမည်၊ လုပ်ငန်းရပ်နားထားသော ကာလ တလျှောက်လုံးအတွက် အလုပ်ရှင်သည် အလုပ်သမား၏ လုပ်ခလစာ၏(၅၀%)နှင့် ညီမျှသော လုပ်ခလစာကို လုပ်ငန်းမရပ်နားမီကြိုတင်၍ပေးရမည်။

Subscribe Us