Thursday, July 24, 2014

အလုပ်သမားများ ရပိုင်ခွင့်နှင့် တာဝန်များ(အပိုင်း-၁)



(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေ BE2541နှင့် အညီ အလုပ်ရှင်နှင့်အလုပ်သမား တို့ ၏ ရပိုင်ခွင့်များနှင့် တာဝန်များ)


၁။ သာမန်အလုပ်ချိန်

သာမန်အလုပ်ချိန်သည် တစ်ရက်လျှင်(၈)နာရီထက် မကျော်လွန်စေရ သို့မဟုတ် အလုပ်ရှင်နှင့် အလုပ် သမားတို့၏သဘောတူညီမှုအရဖြစ်နိုင်သော်လည်း ရက်သတ္တ ပတ်လျှင်(၄၈)နာရီထက် မကျော်လွန်စေရ။

တစ်ရက်လျှင်(၇)နာရီထက်မကျော်လွန်သော သို့မဟုတ် ရက်သတ္တပတ်လျှင်(၄၂) နာရီထက်မကျော် လွန်သော အလုပ်ချိန်ကို အလုပ်သမားကျန်းမာရေးထိခိုက်နိုင် မှုနှင့် ဘေးအန္တရာယ်ရှိသော လုပ်ငန်းမျိုး တို့အတွက် ခွင့်ပြုသည်။


ဥပမာအားဖြင်-မြေအောက်လုပ်ငန်းများ၊ရေအောက်လုပ်ငန်းများ၊ကန့်သက်ဧရိယာအ တွင်း၊ လုပ်ဆောင် ရသောဂဟေဆက်လုပ်ငန်း ဓါတ်ရောင်ခြည် လုပ်ငန်းများ၊ ဘေး အန္တရာယ်ရှိသော၊ ဓါတ်ပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ စက်ယန္တရားတို့၏ တုန်ခါမှုကြောင့် အလုပ်သမားကို ထိခိုက်စေသောပစ္စည်း ကိရိယာတို့ဖြင့် ကိုင် တွယ်ဆောင်ရွက်ရသော လုပ်ငန်းများ၊ အပူချိန်မြင့်မားလွန်းခြင်း၊ အပူချိန်နိမ့်ကျ လွန်ခြင်း ရှိသော နေရာတို့တွင် လုပ်ကိုင်ရသောလုပ်ငန်းများ စသည်တို့ဖြစ်သည်။

မည်သည့်လုပ်ငန်းခွင်မဆို လုပ်ငန်သဘာဝနှင့်ပတ်ဝန်းကျင် အခြေနေတို့အရအလုပ်သမားကို အထူးထိခိုက်မှုများသည် လုံခြုံမှု အဆင့်အတန်းဖေါ်ပြချက်အတိုင်း တိုးမြှင့်နိုင်ခြင်း၊ ကြော်ငြာနိုင်ခြင်း မပြုနိုင်သောအခြေနေရှိသည့် လုပ်ငန်းရင်းမြစ်များ တွင် တစ်ဦးစီအတွက် အကာအကွယ်များကို ဖြည့် ဆည်းဆောင်ရွက်ထားရှိရမည်။



၂။နားနေချိန်

သာမန်အလုပ်ချိန်အတွင်းနားနေချိန်

အလုပ်သမားတစ်ဦးသည် တစ်ရက်လျှင် (၅)နာရီ ဆက်တိုက်အလုပ်လုပ်ပြီးပါက (၁) နာရီထက် မနည်းသော နားနေချိန်ကို ခံစားနိုင်ခွင့်ရှိသည်။ အလုပ်သမားတစ်ဦးသည် တစ်နာရီထက်နည်းသော အခါအားလျော်စွာ နားနေမှုများရရှိနိုင်သော လုပ်ငန်းခွင် များတွင် တစ်ရက်လျှင်စုစုပေါင်းနားနေချိန်သည် တစ်နာရီထက် မလျော့နည်းစေရ။



စားသောက်ဆိုင်လုပ်ငန်း၊ ယမကာရောင်းချသောဆိုင်လုပ်ငန်း စသည်တို့တွင် စဉ်ဆက်မပြက်သော လုပ်ငန်းဖွင့်ထားခြင်း မဟုတ်ပါက အလုပ်သမားတစ်ဦးသည် တစ်ရက်လျှင် (၂)နာရီ နားနေပိုင်ခွင့် ရှိသည်။လုပ်ငန်းသဘာဝအရ စဉ်ဆက်မပြက် လုပ်ကိုင်ရသော လုပ်ငန်းများ၊ အရေးပေါ်လုပ်ငန်းရှိသော လုပ်ငန်းခွင်များတွင်အလုပ်သမားများ၏ သဘောဆန္ဒအတိုင်း အလုပ်ရှင်က စီစဉ်ပေးနိုင်ခြင်းရှိနိုင်မည် မဟုတ်ပေ။



အချိန်ပိုအလုပ်ချိန်မတိုင်မှီနားနေချိန်

အလုပ်ရှင်သည် လုပ်ငန်းလိုအပ်ချက်အရ သာမန်အလုပ်ချိန်အပြီး(၂)နာရီ ထက်မ နည်းသော အချိန်ပို လုပ်ဆောင်ရန်လိုအပ်ပါက အလုပ်သမားတစ်ဦးအား (၂၀) မိနစ်ထက်မနည်းသော နားနေချိန်ကို စီစဉ်ဆောင်ရွက်ပေးရမည်။



၃။အလုပ်ပိတ်ရက်

အပတ်စဉ်အလုပ်ပိတ်ရက်

အပတ်စဉ်အလုပ်ပိတ်ရက်သည် ရက်သတ္တပတ်လျှင်(၁)ရက်ထက် မလျော့နည်းစေရ၊ အပတ်စဉ် အလုပ်ပိတ်ရက်တစ်ခုနှင့် တစ်ခုအကြာ(၆) ရက်ထက်မကျော်လွန်စေရ၊ ဟိုတယ်လုပ်ငန်း၊ပို့ဆောင်ရေးလုပ်ငန်း၊ သစ်တောတွင်းလုပ်ငန်း၊အခြေခံလိုအပ် ချက်များ မပြည့်စုံသည့် လုပ်ငန်းခွင်များ၊ ဝန်ကြီးဌာန၏လုပ်ထုံးလုပ်နည်းအရ သတ်မှတ်ပြဋ္ဌာန်းထားသော လုပ်ငန်းခွင်များတွင် အပတ်စဉ်အလုပ်ပိတ်ရက်ကို ရက်သတ္တပတ်(၄)ပတ် ကာလအတွင်း ရွှေ့ဆိုင်းခြင်းကို အလုပ်ရှင်နှင့် အလုပ်သမား

တို့ သဘောတူညီမှုအရ ဆောင်ရွက်နိုင်သည်။



ရိုးရာဓလေ့အလုပ်ပိတ်ရက်

ရိုးရာဓလေ့အလုပ်ပိတ်ရက်များတွင် အမျိုးသားအလုပ်သမားများနေ့ အပါအဝင် အစိုးရရုံးပိတ်ရက်များ၊ ဘာသာရေးဆိုင်ရာ ရုံးပိတ်ရက်များ သို့မဟုတ် ဒေသဆိုင်ရာ ရိုးရာဓလေ့ အလုပ်ပိတ်ရက်များသည် တစ်နှစ်လျှင်(၁၃)ရက်ထက် မလျော့နည်းစေရ။



အကယ်၍ ရိုးရာဓလေ့အလုပ်ပိတ်ရက်သည် အပတ်စဉ် အလုပ်ပိတ်ရက်နှင့် တထပ် တည်းကျရောက်ပါက ရှေ့လာမည့် အလုပ်လုပ်ရက်တွင် အစားထိုး၍ အလုပ်ပိတ်ရက် အဖြစ် ရယူနိုင်ရန် အလုပ်သမား၌ ခွင့်အရေးရှိစေရမည်။



ဟိုတယ်လုပ်ငန်းများ၊ ဖျော်ဖြေရေးလုပ်ငန်းခွင်များ၊ယမကာရောင်းချသောဆိုင်လုပ်ငန်း များ၊ အစားအသောက်ဆိုင်လုပ်ငန်းများတွင် အလုပ်ရှင်နှင့် အလုပ်သမားတို့ သဘော တူ ညီမှုရယူ၍ အခြားသော နေ့တစ်ရက်ရက်တွင် ရိုးရာဓလေ့အလုပ်ပိတ်ရက်ကို

အစားထိုးအလုပ်ပိတ်ရက်အဖြစ် အလုပ်သမားတို့ ခံစားခွင့်ရရှိစေရမည်။



နှစ်စဉ်အလုပ်ပိတ်ရက်များ

အလုပ်သမားတစ်ဦးသည် တစ်နှစ်တာစဉ်ဆက်မပြက် အလုပ်လုပ်ပြီးပါက တစ်နှစ် လျှင်(၆)ရက်ထက် မနည်းသော ကာလကိုအလုပ်လုပ်ရက်များမှ နှစ်စဉ် အလုပ်ပိတ် ရက် အဖြစ် တစ်နှစ်အတွင်းခံစားခွင့်ရှိသည်။



အလုပ်ရှင်နှင့်အလုပ်သမားတို့ ကြိုတင်သဘောတူညီမှုဖြင့် နှစ်စဉ် အလုပ်ပိတ်ရက် ကို ရှေ့နှစ်အပါအဝင် တစ်နှစ်အတွင်း သင့်လျော်သည့် နေ့ရက်အထိ ရွှေ့ဆိုင်း ခံစားခွင့်ရှိသည်။





၄။အချိန်ပိုအလုပ်နှင့် အလုပ်ပိတ်ရက်တွင် အလုပ်လုပ်ခြင်း

အချိန်ပိုအလုပ်နှင့် အလုပ်ပိတ်ရက်တွင် အလုပ်လုပ်ခြင်းကို အလုပ်ရှင်သည် အလုပ် သမားအား ကြိုတင် သဘောထားရယူ၍အလုပ်စေခိုင်းနိုင်သည်။ လုပ်ငန်းခွင် သဘာ ဝနှင့် အခြေနေများအရ စဉ်ဆက် မပြက်ဆောင် ရွက်ရန်လိုအပ်သောလုပ်ငန်းများ၊ လုပ်ငန်းရပ်ဆိုင်းထားခြင်းဖြင့် လုပ်ငန်းစွမ်းအင်ဆုံးရှုံးခြင်း၊ လုပ်ငန်ပျက်စီးခြင်း ရှိနိုင်သော လုပ်ငန်းခွင်များတွင် အလုပ်ရှင်သည် အလုပ်သမား ကို အချိန်ပိုအလုပ် လုပ်ခြင်းနှင့် အလုပ်ပိတ်ရက်အလုပ်လုပ်ခြင်းကို တောင်းဆိုခိုင်းစေခွင်ရှိသည်။



ဟိုတယ်လုပ်ငန်းများ၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ ပို့ဆောင်ရေးလုပ်ငန်းများ၊ အစား အသောက်ဆိုင်များ၊ ယမကာရောင်းချသောဆိုင်များ၊ကလပ်များ၊ ဆေးဝါးကုသမှုဆိုင်ရာ   ဆေးရုံလုပ်ငန်းခွင်များတွင် အလုပ်ရှင်သည် အလုပ်သမား၏ သဘောထားကို ကြိုတင်ရယူမှုမရှိဘဲ အပတ်စဉ်အလုပ်ပိတ် ရက် တွင် အလုပ်တာဝန်ပေးအပ်နိုင် ခွင့်ရှိသည်။



အချိန်ပိုအလုပ်များ၊ အလုပ်ပိတ်ရက်အလုပ်လုပ်ခြင်းများ၊အလုပ်ပိတ်ရက်အချိန်ပိုအလုပ်လုပ်ခြင်းများသည် ရက်သတ္တတစ်ပတ်လျှင်(၃၈)နာရီထက် မကျော်လွန်စေရ။