Thursday, May 08, 2014

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း( ၈ )



ကံကြမ္မာစောင့်နတ်သမီးနှင့်တွေ့ဆုံခြင်းလူတစ်ယောက်ကံကောင်းလာပြီဆိုလျှင် ဘယ်မျှ အထိ ကံကောင် းမည် ကို ခန့်မှန်း၍မရနိုင်။ 'ကိုင်းသွားလေရော့' ဟု ယူဖရေးတီးစ်မြစ်ထဲ ပစ်ချသည့်တိုင် အသက်မသေရုံမက လက်ထဲပုလဲ တစ်လုံး ကိုင်ပြီး ပြန်တက်လာနိုင်သည်။[ဘေဘီလုံစကားပုံတစ်ခု]

ကံကြမ္မာကောင်းနှင့် ကြုံကြိုက်လိုသောဆန္ဒကား ကမ္ဘာလူမျိုးတစ်ရာ့တစ်ပါးမှာရှိသော တူညီသည့် အလိုဆန္ဒတစ်ခုပင် ဖြစ်သည်။ သည်ကနေ့လူတွေထဲမှာ အဲ့ဒီဆန္ဒပြင်းပြ သလို လွန်ခဲ့သောနှစ်ပေါင်းလေးထောင်က လူများ၏ရင်ထဲတွင်လည်း အလားတူပင်   ပြင်းပြင်းပြပြရှိခဲ့သည်။ ကျွန်တော်တို့အားလုံးပင် ကံကြမ္မာစောင့်နတ်သမီး၏မျက်နှာ သာပေးမှုကို ခံယူရရှိလိုကြမြဲဖြစ်ပါသည်။ ကံနတ်သမီးသည် မည်သည့်အခါ မိမိအား မျက်စိ ကျလေမည်နည်း၊ မိမိအပေါ် ရက်ရက်ရောရော သဘောကောင်းလာလေ အောင် မည်သို့ဆွဲးဆောင် ခေါ်ငင်ရပါမည်နည်း။ 



ကံကြမ္မာကောင်ကို ဆွဲးဆောင်ခေါ် ငင်နိုင်သည့် နည်းလမ်းဟူသည်ကော အမှန် တကယ်ရှိပါ၏လော။ ရှေးဘေဘီလုံသား တို့၏ ခေါင်းထဲမှာ သည်ပြဿနာကိန်းအောင်ခဲ့သည်။ သည်ပြဿနာကို သူတို့ကြိုးစားအဖြေ ရှာကြသည်။ စစ်စစ်သည် ပုဂ္ဂိုလ်တွေသည် ဉာဏ်ပညာထက်မြတ်သူများ အတွေးအခေါ်အရာ၌ လိမ္မာသူ များဖြစ်ကြ သည်။ 

ထို့ကြောင့်လဲ သူတို့၏ မြို့တော်သည် ထိုခေတ်အခါက အချမ်းသာအကြွယ်ဝဆုံးနှင့် တန်ခိုးအာဏာ အကြီးမားဆုံး ဖြစ်ခဲ့ခြင်းပင်။ ရှေးပဝေသဏီဟုဆိုရမည့် ထိုစဉ်ကာလ က သူတို့ဆီတွင် စာသင်ကျောင်များ တက္ကသိုလ်ကောလိပ်များ မရှိသေးပါ။ သို့သော် အသိပညာဆည်းပူးရာ နေရာဌာနတစ်ခုကား ရှိခဲ့ပြီးဖြစ်ပါသည်။ ပညာကို လက်တွေ့ ရှာမှီးသည့် နေရာတစ်ခု။ သည်နေရာက ဘေဘီလုံ၏ ကြီးကျယ်ခမ်းနားသော အဆောက်အအုံများစွာထဲတွင်မှ အထင်ရှားဆုံးတစ်ခုဖြစ်၍ ဘုရင်မင်းမြတ် စံနန်းတော်၊ ဥယျာဉ်ပံျများ၊ အထင်ကရနတ်ကွန်းကြီးများနှင့် တန်းတူအရေးပါခဲ့သည်။



အဲသည်အချိန်က ဘေဘီလုံသားတို့၏ အတွေးခေါ် အယူအဆများကို ပုံသွင်းဖန်တီး ရာ၌ သည်နေရာလောက် သြဇာတိက္ကမကြီးသော နေရာမရှိခဲ့။ သို့သော်သမိုင်းကျမ်း များထဲးတွင်မူ သည်နေရာအကြောင်း တစ်စေ့တစ်စောင်းမျှပင် ဖော်ပြလေ့မရှိခဲ့။

ထိုအဆောက်အဦကို ပညာ့ဗိမာန် အဆောက်အဦဟု ခေါ်ဝေါ်ကြသည်။ 


အဲသည်နေရာတွင် စေတနာဆရာတို့က မိမိတတ်အပ်သမျှပညာကို အခမဲ့ ဟောပြော ပို့ချကြသည်။ လူအများစိတ်ဝင်စားသော အကြောင်းအရာတို့ကို သည်နေရာတွင်  လွတ်လွတ်လပ်လပ် ဆွေးနွေးဝေဖန်ကြသည်။ အဲသည်အဆောက်အအုံထဲ မှာရှိစဉ် တွင် လူတိုင်းသည် တန်တူရည်တူပင်ဖြစ်သည်။ အနိမ့်ကျဆုံး ကျေးကျွန်သည်လည်း မင်းညီမင်းသားတစ်ပါးနှင့် အတွေးအခေါ်ချင်းယှဉ်ပြိုင်ဆွေးနွေးခွင့် ရှိသည်။ 

ပညာ့ဗိမ္မာန်သို့ ပုံမှန်လာရောက်ကြသူများထဲတွင် တစ်ဦးသောပုဂ္ဂိုလ်က ဘေဘီလုံ တွင် အကြွယ်ဝဆုံးဟု လူအများသိထားကြသည့် သူကြွယ်ပညာရှိ အာခတ်ဖြစ်သည်။ 

အာခတ်မှာ ပညာ့ဗိမ္မာန်ထဲ၌ သီးသန့်ခန်းမတစ်ခုပင် ရှိထားသည်။ သည်ခန်းမ၌ ည တိုင်းလိုလို လူစည်လေ့ရှိသည်။ လူကြီးလဲပါသည်၊ လူငယ်လဲပါသည်၊အဓိကတော့ လူလတ်ပိုင်းပုဂ္ဂိုလ်များ ဖြစ်သည်။ ညစဉ်သည်အခန်းမှာ စုဝေးကာ အများစိတ်ဝင်စား သည့် အကြောင်းရပ်မျိုးးစုံကို ဆွေးနွေးပြောဆိုလေ့ရှိကြသည်။ 


တစ်ခုသောညချမ်းမှာ သူတို့ဆွေးနွေးဝေဖန်ကြသည့် အကြောင်းအရာတစ်ခုကို ကျွန်တော်တို့ နားစွင့်ကြည့်ကြပါစို့။အနောက်မိုးကုပ်စက်ဝိုင်းတွင် နေလုံးနီနီ ဝင်ေ ရောက်ပျောက်ကွယ်လုအချိန် ခန်းမထဲသို့ အာခတ်ရောက်လာသည်။ 


အခန်းထဲမှာ လူလေးဆယ်လောက်က သူ့အရင်ရောက်နှင့်နေကြပြီးဖြစ်သည်။ကြမ်းပြင်တွင် ကော်ဇောငယ်ကိုယ်စီခင်းကာ ထိုင်သူထိုင် လဲှသူလဲှနေကြသည်။ အာခတ် နောက်မှ ဝင်သူတွေ ဝင်လာကြသည်။


“ဒီည ဘယ်ခေါင်းစဉ် ဆွေးနွေးကြမလဲ'' အာခတ်ကမေးသည်။ ဆွေးနွေးဝိုင်း တက် လာသူတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြပြီး အတန်ကြာတော့အရပ် ရှည်ရှည် ပုဂ္ဂိုလ်တစ်ယောက် ထလာသည်။ သူကယက်ကန်းလုပ်ငန်း လုပ်ကိုင်သူ တစ်ဦး။


''ကျွန်တော်ဆွေးနွေးစေချင်တဲ့ အကြောင်းအရာတစ်ခုရှိပါတယ်။ ဒါပေမယ့်အာခတ် ရော ဒီကမိတ်ဆွေတွေ အတွက်ပါ ရယ်စရာလိုဖြစ်နေမှာစိုးလို့ ကျွန်တော် အပြောရ ခက်နေတယ်'' 

သည်အခါ အားလုံးကပင်သူ့အား လွတ်လွတ်လပ်လပ် တင်ပြပြောဆိုဘို့ ဝိုင်းဝန်း တိုက်တွန်းကြသည်။ သို့နှင့် သူစကားဆက်ဖြစ်သည်။ 


“''ဒီကနေ့ကျွန်တော်ကံကောင်းတယ်ဗျာ၊ ပိုက်ဆံအိတ်တစ်အိတ် ကောက်ရတယ်၊ အထဲမှာ ရွှေဒင်္ဂါးပြားတစ်ခိုျ့ပါတယ်၊ ဒီဟာရတော့ ကျွန်တော့်စိတ်ထဲမှာ ငါဒီအတိုင်း သာဆက်ပြီး ကံကောင်းရင်ဆိုတဲ့ အတွေးတစ်ခု ပေါ်လာတယ်၊ ရှေ့ဆက်ပြီးကံ ကောင်းချင်တဲ့ဆန္ဒ ကျွန်တော့်မှာပြင်းပြနေတယ်၊ တစ်ချိန်တည်းမှာ ဒီဆန္ဒမျိုးဟာ ကျွန်တော့်နည်းတူ အခြားသောသူများမှာလဲ ရှိမှာပဲလို့တွေးလာမိတယ်၊ ဒါကြောင့် မို့လို့ဒီကနေ့ပွဲမှာ ကျွန်တော်တို့အနေနဲ့ ကံကြမ္မာကောင်းတွေ ကိုယ့်ဆီမှန်မှန် ရောက်လာအောင် ခေါ်ယူနိုင်မယ့် နည်းလမ်းဆိုတာမျိုး ရှိသလား၊ မရှိဘူးလား၊ အကယ်၍ရှိတယ်ဆိုရင် ဘယ်လိုနည်းလမ်းတွေလဲ၊ အဲဒါတွေရအောင် ကျွန်တော်တို့ ဘယ်လိုလုပ်နိုင်ကြမလဲဆိုတဲ့အကြောင်း ဆွေးနွေးကြဘို့ကျွန်တော်အကြံပြုချင်တာပါ''

''သိပ်စိတ်ဝင်စားတဲ့ အကြောင်းအရာပါဘဲ၊'' အာခတ်ကမှတ်ချက်ချသည်။

 ''ကျွန်တော်တို့သိပ်ကိုဆွေးနွေးသင့်တာပေါ့၊ လူအတော်များများ အမြင်အရတော့ ကံကောင်းတယ်ဆိုတာ ကျွန်တော်တို့လုံးဝရည်ရွယ်လဲမထား၊ ဘယ်လိုအကြောင်းမှ လည်း မရှိဘဲနဲ့ ကောင်းတဲ့အရာတစ်ခု အချောက်တိုက်လာဖြစ်တာ၊ အလိုအလျောက် လာကြုံကြိုက်တာမျိုးကို ဆိုတာပေါ့၊ တချို့ကျတော့လဲ ကံကြမ္မာကောင်းဆိုတာ အင်မတန်ရက်ရော သဘောကောင်းတဲ့ ကုသိုလ်ကံစောင့်နတ်သမီး 'အက်ရှတာ' စီမံ ဖန်တီးတဲ့အတွက်ကြောင့် ဖြစ်ရတာ၊ သူသဘောကျတဲ့လူ သူစေတနာပေါက်တဲ့လူကို သူကဖောဖောသီသီ ပေးချလိုက်တတ်တာလို့ ယုံကြည်ကြပြန်တယ်၊ အဲဒီတော့ ခင်ဗျားတို့ကော ဘယ်လိုယုံကြည်ကြသလဲ၊ ကျွန်တော်တို့ဆီ ကံကြမ္မာကောင်း တွေရောက်လာအောင် ဘယ်ပုံဘယ်နည်းနဲ့ ဆောင်ရွက်နိုင်မယ်လို့ ခင်ဗျားတို့မြင် ကြသလဲ၊ ဆွေးနွေးကြစမ်းပါ'' 

''ဟုတ်တယ်၊ ဟုတ်တယ်၊ လုပ်စမ်းပါ''  

နာထောင်လိုစိတ်ထက်သန်သူတစ်စုက တက်တက်ကြွကြွ တောင်းဆိုကြသည်။  အာခတ်ကဆိုသည်။ ''ကဲ ဟုတ်ပါတယ်၊ ပထမဆုံး စောစောကယက်ကန်းလုပ်ငန်းရှင် မိတ်ဆွေပြောသွားတဲ့ ကံကောင်းတဲ့အတွေ့အကြုံမျိုး ရှိခဲ့ဘူးသူတွေက ကိုယ်တွေ့  လေးတွေအရင်ဖောက်သည်ချကြစမ်းပါ၊ ပြီးတော့မှ ဝေဖန်ကြ၊ သုံးသပ်ကြတာပေါ့'' 

ပရိတ်သတ်က တစ်ယောက်မျက်နှာတစ်ယောက်လိုက်ကြည့်နေကြသည်။ ဘယ်သူ မျှထမလာ။


 ''ဟာ၊ ဘယ်လိုလဲ၊ တစ်ယောက်မှမရှိဘူးလား၊ ဒီအတိုင်းသာဆိုရင်တော့  ယက်ကန်း ဆရာရဲ့ ကံကောင်းမှု့မျိုးဟာ ကြုံကြိုက်ဖို့ အင်မတန်ခဲယဉ်းတဲ့အရာလို့ ဆိုရမလိုဖြစ်နေပြီ၊ ကဲ၊ ဒါဖြင့်လဲ တစ်ယောက်ယောက်တော့ပြောစမ်းပါ၊ ကံကြမ္မာ ကောင်းကြုံချင်ရင် ဘယ်လိုနေရာမျိုးမှာ ကျွန်တော်တို့လိုက်ရှာကြမလဲ'' အာခတ်က မေးသည်။

''ကျွန်တော်ပြောပါ့မယ်'' သားသားနားနား ဝတ်စားထားသည့် လူငယ်တစ်ယောက်က ထ၍ဆိုသည်။ 

''ကံစမ်းချင်တယ်ဆိုရင်တော့ ကစားဝိုင်းတွေရှိတာပေါ့ဗျာ၊ ဟုတ်တယ်မလား၊ ကံတိုက် မတိုက်သိချင်ရင်၊ ကံကြမ္မာစောင့်နတ်သမီးက ကိုယ့်ကိုမ,မလားမ,မဘူးလားသိချင်ရင်၊ အဲ့ဒီဝိုင်းတွေပဲ သွားရမှာပေါ့၊ ဒီလိုပဲ သွားနေကြတဲ့လူတွေလည်း အများကြီး ရှိတာပဲ''  သည်လိုပြောပြီး သူထိုင်သွားတော့ တစ်ယောက်က လှမ်းပြောသည်။


“ဟ မောင်ရင့်ကိုယ်တွေ့လေးလည်း ဆက်ပြောဦးလေကွာ၊ ကြွေအံဝိုင်းမှာ မောင်ရင် ကံစမ်းတော့ ကံနတ်သမီးက တစ်ဝိုင်းလုံးကငွေတွေ ကျုံးယူပေးလိုက်သလား ၊ မောင် ရင့်အိတ်ထဲပါသမျှအားလုံးသိမ်းယူထားလိုက်သလား၊ အဲဒါလေးလဲ ပြောစမ်းပါ အုံး'”' သည်စကားကြားတော့ ပရိတ်သတ်ကရယ်ကြသည်။ ကစားဝိုင်းသို့သွားရန် အကြံပေးသည့်ပုဂ္ဂိုလ်လေးလည်း ရယ်သည်။ 

“''ကျွန်တော့်ကိုယ်တွေ့ကို ဖြောင့်ချက်ပေးရရင်တော့ ကံနတ်သမီးကဝိုင်းထဲကျွန်တော် ရှိမှန်းတောင် သိပုံမရဘူးလို့ပဲ ဆိုရမှာပါ၊ ဒါပေမယ့် ခင်ဗျားတို့အတွေ့အကြုံတွေလည်း ပြောအုံးလေ၊ နတ်သမီးကခင်ဗျားတို့ကို ကြွေအံဝိုင်းကစောင့်ပြီး ကံကြမ္မာကောင်းတွေပေးဘူးသလား၊ ပေးရင်ဘယ်လိုပေးသလဲပေါ့၊ ကျွန်တော်တို့က ဒီမှာသူ များတွေဆီက သင်ခန်းစာယူဘို့လာနားထောင်တာပါ'' 

''ကောင်းတယ်၊ အစပိုင်းကောင်းနေပြီ'' အာခတ်ကဆိုသည်။ 

'ကျွန်တော် တို့ဒီမှာစုကြတဲ့ ရည်ရွယ်ချက်က ပြဿနာတိုင်းကို ရှုထောင့်စုံက ဝေဖန်သုံး သပ်မိဖို့အတွက်ပဲ၊ ကံအကြောင်းပြောရင် လူအတော်များများရဲ့စိတ်က ကြွေတစ်လက် ကြက်တစ်ခုန်ဆိုတာလို ကံကြမ္မာအလှည့်အပြောင်း လျင်မြန်တဲ့ လောင်းကစားဝိုင်းတွေ ဆီ ရောက်သွားတတ်ကြတာဆိုတော့ ဆွေးနွေး တဲ့နေရာမှာ သူတို့လည်း ချန် လှန်ထားလို့မဖြစ်ဘူးပေါ့၊''

 ''လောင်းကစားအကြောင်းပြောကြတော့ ကျွန်တော်မနေ့က မြင်းပြိုင်ပွဲကို သတိရ တယ်ဗျာ၊'”

 ပရိတ်သတ်ထဲမှ တစ်ယောက်က ဆိုသည်။

“ကံစောင့်နတ်သမီးဟာ ကြွေအံကစားဝိုင်းကိုရောက်မယ်ဆိုရင် မြင်းပွဲကိုလည်း ရောက်ရမှာပဲဗျ၊ 

“သားသားနားနားမြင်းကြီးတွေ ရွှေပိန်းချ ပြိုင်ရထားတွေနဲ့ဆိုတော့  မြင်းပွဲ က ကြွေအံ ပွဲထက် ပိုကြီးကျယ်ခမ်းနားပြီး စိတ်ဝင်စားစရာလည်း ကောင်းတာ ကိုဗျ၊.... ဒီမယ်အာခတ်၊ အမှန်အတိုင်း ပြောစမ်းပါဗျာ၊ မနေ့ကခင်ဗျားကို နင်နီဗေးကမြင်းတွေလောင်းဘို့ကံနတ်သမီးက တိုးတိုးပြောသွားတယ်မဟုတ်လား၊ ဒိုင်ဆီမှာ တန်းစီတော့ ကျွန်တော်ခင်ဗျားနောက်နားလေးတင် ရှိနေတာဗျ၊ အဲဒီမြင်းညိုတွေ ဘက် က ခင်ဗျားလောင်းကြေးထပ်တော့ ကျွန်တော် ယုံတောင်မယုံဘူး၊ ကျွန်တော် တို့ အဆီးရီးယားနယ်တစ်ခွင်မှာ ဘေဘီလုံမြင်းစိုင်လျှော် အုပ်စုကို ယှဉ်နိုင်သူမရှိဘူး ဆို တာ ခင်ဗျားလည်းသိကျွန်တော်လည်းသိ အားလုံးအသိဘဲမဟုတ်လား၊ ဒီလိုသိလျက် နဲ့ အဲဒီကောင်တွေဘက်က ခင်ဗျားလောင်းတယ်၊ နောက်ဆုံးကွေ့ မှာ မြင်းမည်း တစ်ကောင်က အချောက်တိုက်ချော်လဲပြီး စိုင်လျှော်တွေပြေးတဲ့လမ်းမှာ သွားပိတ် တယ်၊ အဲဒီမှာခင်ဗျားမြင်းညိုတွေက အချောင်ဝင်ဗိုလ်စွဲသွားတယ်၊ ဒီလိုကြံကြံဖန်ဖန် နိုင်မယ်ဆိုတာ ခင်ဗျားကို နတ်သမီးက တီးတိုးပြောမသွားဘဲ ခင်ဗျားသိနိုင်မလား ၊ ပြောစမ်းပါဦးဗျာ'' 


စကားပြောသူက အာခတ်၏မိတ်ဆွေရင်း တစ်ယောက်ပင်ဖြစ်သည်။ သူ့အား သည် မျှကံကောင်းရကောင်းလားဟု တမင်တကာ နောက်နောက်ပြောင်ပြောင် စွပ်စွဲပြောဆိုနေသည်ကို အာခတ်ပြုံး၍ နားထောင်နေသည်။ ပြီးမှသူကဆိုသည်။

“'ကျေးဇူးရှင်နတ်သမီးကို အဲဒီလိုမပြောပါနဲ့ဗျာ၊ သူကမြင်းပွဲလာပြီး ဘယ်သူဘယ် ဝါ နိုင်စေ ကျန်တဲ့လူတွေ ရှုံးစေဆိုတာမျိုးတော့လည်း လုပ်ပါ့မလားဗျာ၊ ကျွန်တော် ကတော့ ကံကြမ္မာစောင့်နတ်သမီးဆိုတာ လူအများအပေါ် မေတ္တာတရားထားသူ၊ ထိုက် တန်သောသူ လိုအပ်သောသူတွေကို ဂုဏ်သရေရှိသော နည်းလမ်းအားဖြင့် ကူညီစောင်မတတ်သူ၊ အဲသလိုပဲ မြင်တယ်၊ တကယ်လည်း ကျွန်တော်တော့ ကံကြမ္မာ နတ်သမီးကို မြင်းပွဲတို့ကြွေအံဝိုင်းတို့လို အနိုင်ထက် အရှုံးများတဲ့ နေရာ ဌာနမျိုး 

တွေမှာ လိုက်ကြည့်လေ့မရှိပါဘူး၊ ပိုပြီးတန်ဖိုးရှိတဲ့နေရာ၊ ပိုပြီးအကျိုးရလာဒ် ဖြစ်ထွန်း နိုင်တဲ့ နေရာမျိုးတွေမှာသာ လိုက်ရှာလေ့ရှိတယ်၊ ဆိုပါစို့ ထွန်ယက်စိုက်ပျိုး တဲ့အ လုပ်တို့ကုန်သွယ်မှု့အလုပ်တို့ သည့်ပြင် တခြားဘယ်အသက်မွေးဝမ်းကျောင်း အ လုပ်မျိုးမှာ မဆိုပါပဲ၊ လူတစ်ယောက်အနေနဲ့ အကျိုးအမြတ်ရရှိနိုင်တဲ့ အခွင့်အလမ်းတွေ ရှိပါတယ်၊ အလုပ်လုပ်တဲ့အကြိမ်တိုင်းမှာတော့ အမြတ်ရချင်မှရမှာပေါ့၊ ဘာ့
ကြောင့် လဲဆိုတော့ ဆုံးဖြတ်ချက်မှားသွားတာရှိနိုင်တယ်၊ အတွက်အချက်တွေ လွဲချင် လွဲနိုင်တယ်၊ တစ်ခါတစ်ရံ ပတ်ဝန်းကျင် အခြေအနေတွေက မမျှော်လင့်ဘဲ ပြောင်းလဲ သွားတာကြောင့် ကိုယ့်အားထုတ်ကြိုးပမ်းမှုတွေ အချည်းနှီး အလဟသဖြစ်ရတာမျိုး လည်းရှိနိုင်တယ်၊ ဒါပေမယ့် ဒါတွေကခြွင်းချက်ပါ၊ တကယ်တမ်းသာ စွဲစွဲမြဲမြဲ လုပ်မယ် ဆိုရင်တော့ အကျိုးကျေးဇူး ခံစားရမှာ မုချပါ၊ ဘာကြောင့်လဲဆိုတော့ ရေရှည်မှာ အကျိုး အမြတ်ဟာ အလုပ်လုပ်သူဘက်က ရှိလို့ပဲ၊””

”လောင်းကစားဝိုင်းမှာက ဒီလိုမဟုတ်ဘူး၊ ဒါနဲ့ပြောင်းပြန်၊ ဝိုင်းထဲးမှာကြာလေ အကျိုးအမြတ်က ကစားသူထက် ကစားဝိုင်းထောင်သူဘက်ကို ရောက်လာလေပဲ၊ဘာကြောင့်လဲဆိုတော့ ကစားဝိုင်း စီစဉ်ထားပုံကိုက ဒိုင်လုပ်သူအတွက် အကျိုးအမြတ် တစုံတရာ သေချာအောင်လုပ်ထားတာကိုး၊ ဒါကသူ့မှာလုပ်ငန်းလေ၊ အသက်မွေးမှု တစ်ခု ဖြစ်နေတယ်၊ ဒီအပေါ်ကသူအမြတ်မရလို့မဖြစ်ဘူး၊ ဒါကြောင့်မို့ကျွန်တော် တို့လောင်းကြေးတွေထဲက ဘယ်နှစ်ရာခိုင်နှုန်းကတော့ အကောက်ဆိုပြီး သူ့ အ တွက်ယူလိုက်တာ၊ ကစားတဲ့လူူတွေစိတ်ထဲမှာ ကိုယ်နိုင်ဘို့ပဲ တွေးနေကြတာ၊ တ ကယ်တော့ သေချာပေါက်နိုင်တာက ကစားဝိုင်းထောင်ထားတဲ့လူ၊ ကိုယ့်အနိုင် အရှုံး က ရေရာတာ မဟုတ်ဘူး၊””

''ဥပမာ ကျွန်တော်တို အံစာဝိုင်းကိုပဲကြည့်၊ အံစာတုံးကို လှိမ့်လိုက်ပြီး ဘယ်မျက်နှာ

ပေါ်မလဲ လောင်းကြတယ်၊ ကျွန်တော်တို့ကထိုးတယ်ဆိုပါတော့ အနီရောင်ပေါ်ရင် ဘာဖြစ်မလဲ၊ ဒိုင်ကလေးဆလျော်မယ်၊ ဒါပေမယ့် အနီရောင်အပြင် နောက်ထပ်ပေါ် နိုင်တာ ငါးမျက်နှာရှိတယ်၊ အဲဒီထဲက တစ်ခုခုပေါ်ရင် ကျွန်တော်တို့လောင်းကြေးကို ဒိုင်စားမယ်၊ အဲဒီတော့ အံစာတုံး တစ်ကြိမ်လှိမ့်တိုင်းမှာ ကျွန်တော်တို့နိုင်ခွင့် တစ်လေး ရှိတိုင်း ဒိုင်အတွက် ငါးလေးရှိတယ်၊ ကျွန်တော်တို့နိုင်ရင် လေးဆလျော်တာ ဆိုတော့ သူနဲ့ကျွန်တော်တို့ အရှုံးအနိုင်ဟာ သူကငါးဆ၊ ကျွန်တော်တို့က လေးဆ၊ အဲဒီတော့ အကယ်၍ တစ်ညလုံးသာ ကစားနေကြမယ်၊ အံစာကလည်း မျက်နှာစာတွေအားလုံး မျှမျှတတ လှည့်ပြီးပေါ်နေမယ်ဆိုရင် ပျမ်းမျှခြင်း သဘောအရ ဒိုင်က  လောင်းကြေးငွေ အားလုံးရဲ့ ငါးပုံတစ်ပုံကိုတော့ သေချာပေါက် စားသွားမှာပဲ၊''”

““ဒါပေမယ့် အံစာဝိုင်းမှာ အများကြီးနိုင်သွားကြတဲ့ ထိုးသားတွေလည်း ရှိတာပဲမဟုတ် လား ''

 တစ်ယောက်က ဝင်ထောက်သည်။


“နိုင်သူတွေရှိတာမှန်ပါတယ်၊'”အာခတ်ကဆိုသည်။ 


“''ဒါပေမယ့် အံစာဝိုင်းမှာ ကံကောင်းပြီး အကြီးအကျယ်ပွသွားတယ် ဆိုတဲ့လူတွေမှာ အဲဒီငွေဟာ ဘယ်လောက်ကြာကြာ ခံလေ့ရှိသလဲ၊ ကံကောင်းသက် ဘယ်လောက်ရှည်တတ်ကြသလဲ၊ စူးစမ်းကြည့်ကြစမ်းပါအုံး၊ ကျွန်တော်လေ့လာလို့ ရသလောက်တော့   ကျွန်တော်နဲ့သိတဲ့ ဘေဘီလုံသားလူချမ်းသာများထဲးမှာ ကစားဝိုင်းကနိုင်တဲ့ငွေနဲ့ စပြီးထူထောင်လာခဲ့သူရယ်လို့ တစ်ယောက်မှတောင် ပြောသံ မကြားဖူးဘူး၊ ခင်ဗျားတို့မှာလည်း လူကုံထံမိတ်ဆွေတွေ အများကြီးရှိတာပဲ အဲဒီအထဲးမှာ လောင်း ကစား နဲ့ ကြီးပွားတဲ့လူ ဘယ်နှစ်ယောက်ပါသလဲ၊ ပြောစမ်းပါအုံး''

 အားလုံးတိတ် ဆိတ်နေကြသည့်အခါ အာခတ်ကဆက်၍ မေးသည်။

“'ကဲတခြားလူထဲက မသိဘူးဆိုပါတော့၊ ခင်ဗျားတို့ကိုယ်တိုင်ကောဗျာ ကစားဝိုင်း

တွေ သွားဘူးကြတာပဲ၊ အမြဲတမ်း ဒါမှမဟုတ် အမြဲတမ်းနီးပါး နိုင်တဲ့လူရှိသလား၊ ခင်ဗျားမှာ ပုံမှန်ရနေတဲ့ ဝင်ငွေဟာ ဒီဝိုင်းတွေက အဓိကရနေတာပါလို့ ပြောနိုင်တဲ့ လူ ရှိသလား၊ ရှိတယ်ဆိုရင်တော့ ပြောလေဗျာ၊ တခြားလူတွေကိုလည်း နည်းလမ်းပေးပေါ့၊'”'

 ပရိတ်သတ်ထဲမှ အချင်းချင်းလှောင်သံ ရယ်မောသံများသာ ထွက်ပေါ်လာ သည်။

““ကဲ အဲဒီတော့ ကံကြမ္မာစောင့်နတ်သမီးကို ကျွန်တော်တို့ ဘယ်မှာရှာကြမလဲ၊ အံစာ ဝိုင်းမှာသွားရှာလို့အဆင်မပြေနိုင်ဘူး၊ ပိုက်ဆံအိတ်တွေလည်း လူတိုင်းခဏခဏ ကောက်ရမနေနိုင်ဘူး၊ မြင်းရထားပြိုင်ပွဲကိုလည်း အထင်မကြီးနဲ့  မြင်းပြိုင်ပွဲတွေ ကျွန်တော်သွားတာ အပျော်သဘောသွားတာ၊ လောင်းတာလဲ အပျော်သဘောပဲ၊ နိုင် လို့စီးပွားမဖြစ်ဘူး၊ ရှုံးလို့လည်း စီးပွားမပျက်ဘူး၊ ပြီးတော့ ကျွန်တော်ပြောမယ်၊ ကျွန်တော့်သူငယ်ချင်းက ဟိုနေ့ကပွဲမှာ ကျွန်တော်နိုင်သွားတာမြင်ပြီး အထင်တကြီးပြောနေတာ၊ ပုံမှန်အားဖြင့်တော့ အနိုင်ထက် အရှုံးကများပါတယ်၊ အဲဒီတော့ခြုံပြော ရရင် ဒီနေရာတွေဟာ ကျွန်တော်တို့အတွက် ရေရှည်မှာ အကျိုးအမြတ်ရှိလောက်တဲ့ ကံကြမ္မာကောင်းမျိုးကြုံရမယ့် နေရာတွေ မဟုတ်ဘူးလို့ ဆိုချင်တယ်၊””

““'ဒါဖြင့်ရင် ကံကြမ္မာကောင်းကို ဘယ်မှာလိုက်ရှာကြမလဲ၊ ကဲကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ကုန်ရောင်းကုန်ဝယ် အလုပ်တွေထဲမှာပဲ လိုက် ကြည့်ကြရအောင်ဗျာ၊ ဘယ်လိုတွေတွေ့ရတတ်သလဲ၊... လုပ်ငန်းတစ်ခုလုပ်တယ်၊ အဲဒီမှာ ကျွန်တော်တို့ တစုံတရာရတယ်ဆိုပါစို့  ဒါကိုကျွန်တော်တို့ ကံကောင်း တယ်လို့ဆိုလေ့ရှိသလား၊ ကိုယ်လုပ်လို့ ကိုယ်ရတယ်ပဲ ယူဆကြသလား၊ များသော အားဖြင့်တော့ ကိုယ်လုပ်ထားလို့အကျိုးခံစားရတာပဲလို့ပဲ ပြောတတ်ကြတယ် မဟုတ်လား၊ ကျွန်တော်ကတော့ ပြန်စဉ်းစားကြစေချင်တယ်၊ ဒါသည်ကောကံကြမ္မာ  စောင့်နတ်သမီးက မျက်နှာ သာပေးတာ မဖြစ်နိုင်ဘူးလား၊ ကျွန်တော်တို့က ကျေးဇူး တင်ရကောင်းမှန်းမသိပေမယ့် သူကကျွန်တော်တို့ အပေါ် စေတနာကောင်းနဲ့  ထောက်မနေတာ ဖြစ်ချင်ဖြစ်မနေနိုင် ဘူးလား၊ ခင်ဗျားတို့ကော ဘယ်လိုသဘောရ သလဲ၊ ဆွေးနွေးကြစမ်းပါအုံး။””

သည်တွင် အသက်အတော်ကြီးရင့်ပြီဖြစ်သည့် ကုန်သည်ကြီးတစ်ယောက် ထလာ သည်။ သန့်ပြန့်သားနားသော အဖြူရောင်ဝတ်ရုံကြီးကို အသာအယာ ဆွဲဆန့် လိုက်ပြီးနောက် စကားစသည်။

“'လေးစားအပ်တဲ့ မိတ်ဆွေကြီးအာခတ်နဲ့ ဟောဒီကမိတ်ဆွေများရဲ့ ခွင့်ပြုချက်နဲ့ ကျွန်တော်တစ်ခုပြောပါရစေ၊ အာခတ်ကပြောပါတယ်၊ ကျွန်တော်တို့ လုပ်ငန်းတွေ လုပ်ကိုင်ကြလိုဖက အကျိုးကျေးဇူးတွေ ခံစားရတဲ့အခါ ကျွန်တော်တို့စိတ်ထဲမှာ ကံကောင်းတယ်လို့ မခံယူမိတတ်ကြဘူး၊ကိုယ်ကြိုးစားအားထုတ်ထားတဲ့အတွက် အကျိုးကျေးဇူး ခံစားရတာသာဖြစ်တယ်လို့သာ မြင်တတ်ကြပါတယ်တဲ့၊ ဒါနဲ့စပ် ဆက်ပြီး ကျွန်တော်တစ်ခုစဉ်းစားမိတယ်၊ အောင်မြင်တဲ့ကိစ္စတွေကို ဖယ်ထားလိုက်၊ ကျွန်တော်တို့ရတော့မလိုနဲ့မရလိုက်ပဲ လွတ်သွားတဲ့ကိစ္စတွေဟာ ရလိုက်ရင် ပွ တာပဲဆိုတဲ့ ဟာမျိုးတွေ၊ အဲဒါမျိုးတွေကျတော့ အကယ်၍ လွတ်မသွားဘူး၊ ရလိုက် မယ်ဆိုပါတော့၊ ဒါကိုနောက်ကြောင်းပြန် သုံးသပ်မယ်ဆိုရင် စောစောကလို ငါလုပ် ထားလို့ငါရတယ်ဆိုတာမျိုး ရဲရဲတင်းတင်း ပြောနိုင်အုန်းမလား၊ ကံကောင်တယ် ဆို တာမျိုးပါမလာဘူးလား၊ အဲဒါလေးနည်းနည်းစဉ်းစားကြည့်ကြပါ၊ လူတိုင်းလိုလိုမှာ ဒီ အတွေ့အကြုံမျိုးတွေ ရှိတတ်ကြပါတယ်၊””

““မှန်တယ် သိပ်ကောင်းတဲ့ အကြံဉာဏ်ပဲ၊'' အာခတ်က ထောက်ခံသည်။ 

““ကံကြမ္မာကောင်းနဲ့ လက်တစ်ကမ်းလေးကြုံပြီးမှ ကပ်လွတ်သွားတာမျိုးတွေ တွေ့ ဘူးကြမှာပေါ့''”

 “ဟာသိပ်ရှိတာပေါ့၊ ”

ဆိုသောအသံတွေ နေရာအနံှအပြားက ထွက်လာသည်။ အာခတ် က ပရိတ်သတ်ကိုလိုက်ကြည့်ရင်း စောစောက ထအကြံပေးသည့် ကုန်သည်ကြီး မျက်နှာကိုမြင်ကာ စိတ်ကူးတစ်ခုရသည်။

““ကဲ ကျန်တဲ့လူတွေ ခဏနေကြပါအုန်းဗျာ၊ စောစောကနောင်ကြီးပဲ ပြောစမ်းပါ၊ ဒီအကြံပေးတာထောက်တော့ နောင်ကြီးမှာ ကိုယ်တိုင်ကြုံဖူးတဲ့ အတွေ့အကြုံကောင်း တစ်ခုတော့ မုချရှိလိမ့်မယ်ထင်တယ်၊ အဲ့ဒါလေးအရင်ကြားပါရစေ၊''

အာခတ်တောင်ဆိုတော့ ဝတ်ရုံဖြူပုဂ္ဂိုလ်ကြီးက ပြန်ထလာသည်။ 

“''ဟုတ်ကဲ့၊ အခုလိုပြောခွင့်ပြုတဲ့အတွက် ဝမ်းမြောက်ကျေးဇူးတင်ပါတယ်၊ လူတစ်

ယောက် ရဲ့ဘဝမှာ ကံကြမ္မာကောင်းတစ်ခု ဘယ်လောက်အထိ နီးနီးကပ်ကပ်ကြုံနိုင် တယ်၊ဒီကံကြမ္မာကောင်းကို မိုက်မိုက်မဲမဲ လက်လွတ်ဆုံးရှုံးခံခဲ့တဲ့အတွက် နောင်အခါ ဘယ်လောက်နှမြောတသစရာ ဖြစ်ရနိုင်တယ်ဆိုတဲ့အကြောင်း ထင်ရှားစေမယ့် ကိုယ်တွေ့ဖြစ်ရပ်လေးတစ်ခု ကျွန်တော်ပြန်ပြောပြချင်ပါတယ်””

““'လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပါ၊ ကျွန်တော်လူငယ်ဘဝပေါ့၊ အိမ်ထောင်ကျပြီးကာစ ဝင်ငွေသိပ်မဆိုးတဲ့ အလုပ်ကလေးတစ်ခုလည်း ရှိနေတဲ့အချိန်၊ အဖေကတစ်နေ့ ကျွန်တော့်အိမ်ရောက်လာပြီး လုပ်ငန်းတစ်ခုမှာ ဝင်ရင်းနှီးမြှပ်နံှဘို့အကြောင်း အပြင်း အထန်တိုက်တွန်းတယ်၊ သူနဲ့အင်မတန်ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက် ရဲ့သားက 

မြေရိုင်းတစ်ကွက်တွေ့ထားတယ်၊ ကျွန်တော်တို့အပြင်မြို့ရိုးရဲ့ အပြင်ဘက်နားလေး မှာပဲ၊ ဒါပေမယ့် တူးမြောင်းရဲ့ဟိုအထက်ပိုင်း အတော်လှမ်းတဲ့နေရာဖြစ်လေတော့ 

ရေမရဘူး၊ အဲ့ဒါကြောင့် မြေလွတ်မြေရိုင်းဖြစ်နေတာ””

““အဖေ့မိတ်ဆွေရဲ့သားက ဒီမြေကို ဈေးပေါပေါနဲ့ဝယ်မယ်၊ ပြီးတော့ အဲ့ဒီနေရာ မှာနွားတွေနဲ့ မောင်းလို့ရတဲ့ ရေတင်ဘီးကြီးသုံးခုဆင်မယ်၊ မြေက မြေသြဇာသိပ်ကောင်း တဲ့မြေ၊ ရေသာရမယ် ဆိုရင် အရမ်းအဘိုးတန်ပြီ၊ အဲဒါကြောင့် သူကရေတူးတဲ့အလုပ် ရေသွယ်တဲ့အလုပ်လုပ်ပြီးရင် ဒီမြေကို အစိတ်စိတ်ခွဲပြီး စိုက်ပျိုးရေးသမားတွေကို တန်ဘိုးကြီးကြီးနဲ့ရောင်းမယ်၊ ဒါသူ့အကြံအစည် ဒါပေမယ့်ဒီပုဂ္ဂိုလ်လေးမှာကလည်း ငွေကြေးကပြည့်ပြည့်စုံစုံမရှိဘူး၊ သူလည်းပဲ ကျွန်တော့်နည်းတူ ဝင်ငွေအသင့်အတင့် လောက်သာရှိတဲ့ လူငယ်တစ်ယောက်ပဲ၊ သူ့အဖေကလဲ ကျွန်တော့်အဖေနည်းတူ သားသမီး တစ်ပြုံနဲ့ဆိုတော့ အရင်းမနှီးထုတ်မပေးနိုင်ဘူး၊ အဲဒါကြောင့် သူကစိတ်ဝင် စားတဲ့သူတွေ လိုက်စုတာ၊ဒီလုပ်ငန်းကြီးအတွက် စုပေါင်းဆောင်ရွက်ကြဘို့စိတ် ထက် သန်တဲ့လူ လိုက်ရှာတာ၊ သူ့အစီအစဉ်က ကျွန်တော်တို့လို ဝင်ငွေ အသင့်အ တင့်ရှိတဲ့သူ ဆယ့်နှစ်ဦး ပူးပေါင်းမယ်၊ ကိုယ့်ဝင်ငွေရဲ့ဆယ်ပုံတစ်ပုံလောက်စီ မှန်မှန် ထည့်သွင်းကြမယ်၊ မြေရောင်းလို့ရတဲ့အချိန်ကျတော့ တစ်ဦးချင်းထည့်ခဲ့တဲ့ငွေပေါ်မှာ အချိုးချပြီး မမြတ်ငွေခွဲယူကြမယ်””

“အဲသည်လို..ကျွန်တော့်အဖေကပြောတယ် 'ငါ့သားအခုလို ငယ်ငယ်ရွယ်ရွယ်မှာ ဒီလိုရင်းနှီးမြှုပ်နံှတဲ့အလုပ်မျိုး စလုပ်ဖြစ်မှ ကြီးလာတဲ့အခါ ချမ်းချမ်းသာသာ ပြည့်ပြည့် စုံစုံနေရမယ်၊ လူအများကြား လေးစားခံရတဲ့ လူတစ်ယောက်ဖြစ်လိမ့်မယ်၊အဖေတော့ သိပ်လုပ်စေချင်တယ်၊ အဖေငယ်ငယ်တုန်းက ဒီလိုအလုပ်မျိုး မလုပ်ခဲ့မိလို့ ဒီကနေ့ အထိ မပြည့်မစုံဖြစ်နေရတာ၊  မင်းအဖေ့လို ဆင်းရဲချင်သလား'တဲ့၊ '' 'ဘယ်ဆင်းရဲချင် မလဲ' ပေါ့”” ကျွန်တော်ကပြန်ပြောတယ်။ 

““'ဒါဖြင့် အဖေပြောတဲ့အတိုင်းလုပ်ပါကွာ'တဲ့၊ 'အဖေ့အမှားကို သင်ခန်းစာယူပါ၊ အဖေ သားအရွယ်တုန်းကလုပ်သင့်လုပ်ထိုက်ရက်နဲ့ မလုပ်ခဲ့တဲ့အလုပ် အခုသားလုပ်စမ်းပါ၊ အခုသားရနေတဲ့ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို အဲဒီလုပ်ငန်းထဲမှာဝင်ပြီး ရင်းနှီးမြှုပ်နံှလိုက် ပါ၊ ဒီလုပ်ငန်းက အစပြုပြီး ရင်းနှီးမြှုပ်နံှမှုတွေ ဆက်ဆက်ပြီး လုပ်ဖြစ်သွားရင် အဖေ့ အရွယ်လောက်ရောက်တော့ သားလူကုံထံကြီးတစ်ယောက် ဖြစ်နေလိမ့်မယ်”” တဲ့။ 

““အဲဒီတော့ ကျွန်တော်ကပြန်ပြောတယ်၊ 'အဖေ့စကားတွေ တန်ဖိုးရှိတာကျွန်တော်သိ ပါတယ်၊ ချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်လဲ ကျွန်တော်ဖြစ်ချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော့်မှာ လက်ရှိဝင်ငွေနဲ့စာတော့ သုံးစရာစွဲစရာတွေက အဆမတန် များပြားနေ တယ်၊ အဖေပြောသလို လုပ်ဘို့ ကျွန်တော့်မှာ မလွယ်ဘူးဖြစ်နေတယ်၊ ပြီးတော့ အဖေရာ ကျွန်တော်ငယ်ပါသေးတယ်၊ အဖေ့အရွယ်လောက်ရောက်ဘို့ အများကြီးလို ပါသေးတယ်၊ ဒီကြားထဲ အချိန်တွေမနည်းပါဘူး'”...... ဆိုတော့

““အဖေကစိတ်မကောင်းဘူး၊ 'အဖေလည်း သားအရွယ်တုန်းက ဒီလိုဘဲတွေးခဲ့တာဘဲ သား၊ ဒါပေမယ့် နှစ်ပေါင်းများစွာဆိုတဲ့ အချိန်တွေဟာ ဒီလိုပဲ ရွှေ့ရင်းဆိုင်းရင်း ကုန်သွားတာပဲ၊ အဖေဘာမှတောင် မလုပ်လိုက်ရဘူး'တဲ့၊ အဖေက ကျွန်တော့်ကိုချော့  ချော့မော့မော့နဲ့ ပြောတယ်၊””

''ဒါပေမယ့် ကျွန်တော်ကမရဘူး၊ 'ဒီခေတ်က အဖေတို့ခေတ်နဲ့မတူတော့ ပါဘူးအဖေရာ၊ ကျွန်တော်အဖေ့လို မဖြစ်စေရဘူး စိတ်ချပါလို့ပြောလိုက်တယ်၊”

''အဖေက အလွယ်တကူတော့ မလျော့သေးဘူး၊ 'သား၊ ဒါမင်းအတွက် အခွင့်အရေး ကြီးနော်၊ တကယ့်ကို ချမ်းသာဖို့လမ်းစ၊ အဖေတော့ လုံးဝ နှောင့်နှေးမနေစေ ချင်ဘူး ကွာ၊မနက်ဖြန်ပဲ အဲဒီလူငယ်ဆီသွားပြီး ဆွေးနွေးကွာ၊ သားသူနဲ့ပူးတွဲပြီး လုပ်လိုက်ပါ၊ အခွင့်အရေးဆိုတာ ကြာကြာ မဆိုင်းဘူး၊ အခုရှိပေမယ့် တော်ကြာရှိချင်မှရှိတော့မှာ၊ စဉ်းစားမနေနဲ့ကွာ၊ မနက်ဖြန် သွားဖြစ်အောင်သာ သွားလိုက်ပါ' လို့အတင်းအကျပ် တိုက်တွန်းသွားတယ်””

“''ဒါပေမယ့် အဖေအဲ့ဒီလောက် တိုက်တွန်းတဲ့ကြားက ကျွန်တော်မပြောဖြစ်ခဲ့ဘူး၊စဉ်း စား သလို ချင့်ချိန်သလိုနဲ့နေ့ရွှေ့ညရွှေ့ ရွှေ့ရင်း အချိန်ကုန်ခဲ့တယ်၊ အဲဒီချိန် အရှေ့ ပိုင်းကလာတဲ့ ကုန်သည်တွေနဲ့ပါလာတဲ့ အဝတ်အစားတွေကလည်း အရမ်းလှအရမ်း

ခေတ် စားတာကို၊ မိန်းမကလည်း ဝယ်ချင်ဝတ်ချင်၊ ကျွန်တော်ကလည်း ထိုနည်း၎င်း ကိုယ့်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံ လုပ်ငန်းထဲထည့်ရမယ်ဆိုရင် ဒါတွေမဝယ်နိုင်တော့ ဘူးလေ၊ နောက်ဆုံးတော့ ဒီလုပ်ငန်းထဲ မဝင်ဖြစ်ခဲ့ဘူးပေါ့ဗျာ၊ အဲ့ဒီမဝင်ဖြစ်တဲ့လုပ်ငန်း က လူတကာ မျှော်လင့်ထားတာထက် အကြီးအကျယ် အောင်မြင်ဖြစ်ထွန်းသွားသဗျာ ”

“အဲဒီတုန်းက ငွေရင်းထည့်ခဲ့တဲ့လူတွေ အဆမတန် အကျိုးအမြတ်ရကြတော့မှ ကျွန်တော့်မှာ နှမျောမဆုံး နောင်တရမဆုံး ဖြစ်လိုက်ရတာ၊ အဲဒါပါပဲ၊ ကျွန်တော်မခံယူ ခဲ့မိလို့ ကံကြမ္မာကောင်းတစ်ခု လက်လွှတ်ဆုံးရှုံးခဲ့တဲ့ အကြောင်း ကျွန်တော့်ကိုယ်တွေ ့ဇာတ်လမ်း တစ်ခုပါ၊”

“ဒီအဖြစ်အပျက်အရကြည့်မယ်ဆိုရင်တော့ ကံကြမ္မာကောင်းဆိုတာ အခွင့်အရေးကို အရယူတတ်တဲ့ လူတွေအတွက် အသင့်ရှိနေတာလို့ဆိုရလိမ့်မယ်'”

 နေလောင်မျက်နှာနှင့် အသားညိုညို ပုဂ္ဂိုလ်တစ်ယောက်က မှတ်ချက်ချသည်။ 

“'လူတစ်ယောက်မှာ ဓနဥစ္စာတစ်ခု စုဝေးမိလာဘို့ အစကလေးတစ်ခုတော့ ပထမဆုံးရှိရမှာပဲ၊ ကိုယ့်ဘာသာ လုပ်အားနဲ့ ရှာဖွေလို့ရလာတဲ့ ရွှေစ သို့မဟုတ် ငွေစ ပေါ့လေ၊ နည်းချင်နည်းမယ် များချင်များမယ်၊ အဲ့ဒါကိုအရင်းအနှီးအဖြစ် ပြောင်းလဲ နိုင်ရ မယ်၊ အဲဒါဟာအစပဲ၊ ဥပမာ ကျွန်တော် ဆို ပါတော့၊ မွေးမြူရေးသမားပါ၊ ကျွန်တော်ဒီကနေ့ ကွဲျ၊ နွား ၊သိုး၊ ဆိတ်တွေအတော် များ များပဲပိုင်ပါတယ်၊ ဒါပေမယ့် စတုန်းက နွားလေးတစ်ကောင်နဲ့ စခဲ့တာ၊ အဲဒီတုန်းက ကျွန်တော်အရွယ်တောင် မရောက်သေး ပါဘူး၊ ချာတိတ်ကလေး တစ်ယောက်ပါပဲ၊ ကျွန်တော်ရှိတဲ့ ငွေစလေး နဲ့  နွားပေါက် လေး တစ်ကောင်ဝယ်တယ်၊အဲဒါလေး ကို မွေး တယ်၊ ဒါပေမယ့် ဒီကောင်လေးဟာ ကျွန်တော့်အတွက် သိပ်ကို အရေးကြီးတယ်၊ ဒါဟာ ဒီကနေ့ ကျွန်တော်စုဆောင်းမိတဲ့ ဥစ္စာဓနရဲ့ အရင်းမူလ အစပဲကိုး၊””

““တစ်နည်းပြောမယ်ဆိုရင်တော့ အဲဒီနွားကလေး မွေးလိုက်မိခြင်း သည်ကျွန်တော့်ဆီ ရောက်လာတဲ့ ကံကြမ္မာကောင်းကို ကျွန်တော်လက်ခံလိုက်ခြင်းပဲ၊ ဒါဟာကြီးကျယ် လှတဲ့ ကံကြမ္မာမဟုတ်ပါဘူး၊ လူတိုင်းလူတိုင်း အမြဲတစေ ကြုံတွေရနိုင်တဲ့ ကံကြမ္မာကောင်းမျိုးတစ်ခုပါ၊ လူတိုင်းရဲ့ဘဝမှာ အဲသည်လို လုပ်အားနဲ့ စားသောက်တဲ့ဘဝက နေ ကိုယ်စုဆောင်းမိတဲ့ ရွှေစငွေစကို အရင်းအနှီးပြုပြီး အဲဒီကအကျိုးအမြတ်တိုးပွား အောင်လုပ်နိုင်တဲ့ အနေအထားမျို ရောက်အောင်လုပ်ဘို့ဟာ အင်မတန်အရေးကြီး ပါ တယ်၊ အဲဒီအပြောင်းအလဲကို တချို့လူတွေက ငယ်ရွယ်စဉ်ကတည်းက ရကြတယ် ၊ ဒီလူတွေဟာ တခြားလူတွေထက် ငွေကြေးအရာမှာ အဆမတန် အောင်မြင်သွားခဲ့ ကြတယ်၊ တချို့ကျတော့ ဒီအပြောင်းအလဲကို အတော်နောက်ကျမှ ရကြတယ်၊ ရှေ့ ကပြောသွားတဲ့ မိတ်ဆွေရဲ့ဖခင်လို ကံဆိုးတဲ့ပုဂ္ဂိုလ်များကျတော့ တစ်သက်လုံးရ မ သွာကြရှာဘူး””

“''စောစောကမိတ်ဆွေအနေနဲ့လည်း သူ့အဖေ ပြောတဲ့အချိန်ကသာ အဲဒီကံကြမ္မာကောင်းကိုခံယူခဲ့မယ်ဆိုရင် အင်မတန်စောစီးတဲ့အချိန်ကပဲ သူအများကြီး ချမ်းသာခဲ့ မှာပေါ့၊''”

“''ကျေးဇူးတင်ပါတယ်ခင်ဗျား၊ ကျွန်တော့်ကိုလဲ စကားတစ်ခွန်း ပြောခွင့်ပြုပါ'”' 

ပုဂ္ဂိုလ်တစ်ယောက် ထ၍ဆိုသည်။ လူကစကားသံရော ရုပ်ဆင်းသဏ္ဍာန်အရပါ နိုင်ငံခြားသားတစ်ယောက်ဖြစ်မှန်း သိသာသည်။ 

“''ကျွန်တော်က ဆီးရီးယန်းလူမျိုးတစ်ယောက်ပါ၊ ခင်ဗျားတို့ဘာသာစကားကို သိပ် မကျွမ်းကျင်တော့ အသုံးအနှုန်းရိုင်းသလိုဖြစ်ခဲ့ရင်လည်း ခွင့်လွှတ်ကြပါဗျာ၊ ပထမမိတ် ဆွေကြီးနဲ့ပတ်သတ်ပြီး မှတ်ချက်ကလေးတစ်ခု ချချင်လို့ပါ၊ ကျွန်တော့်အမြင်တော့  အဲဒီမိတ်ဆွေကြီးက အခွင့်အရေးကို သွက်သွက်လက်လက်မယူတတ်ဘူး၊ဖင်လေး နေတယ်လို့ ခေါ်မလားဗျာ၊''”

“''ဖင့်နွဲ့တယ်ပေါ့ဗျာ၊ အချိန်ဆွဲနေတယ်ပေါ့'”တစ်ယောက်ကဝင်ထောက်သည်။ 


'“'အဲဟုတ်တယ်၊ အချိန်ဆွဲတာ'”ဆီးရီးယားလူမျိုးကဆိုသည်။ 

“''အခွင့်အရေးကို လာတဲ့အချိန်မှာ သူမယူဘူး၊ စောင့်နေတယ်၊ အကြောင်းပြချက်  မရေမရာနဲ့ အချိန်ကုန်ခံနေတယ်၊ အခွင့်အရေးဆိုတာက ဒီလိုနှေးကွေးတဲ့ လူတွေကိုမစောင့်ဘူး၊ လူတစ်ယောက်ဟာ ကံကောင်ချင်ရင်မြန်ရမယ်၊လက်မြန်ခြေမြန်ရှိရမယ်၊ အခွင့်အရေးပေါ်လာတဲ့အချိန်မှာ လက်မြန်ခြေမြန်မဆွဲရင် အချိန်ဆွဲတဲ့ဖင့်နွဲ့တဲ့ ကျွန်တော်တို့ မိတ်ဆွေကြီးလို လက်လွတ်ဆုံးရှုံးရမှာပဲ၊””

အဝေဖန်ခံရသော ကုန်သည်ကြီးက ထလာပြီး ဆီးရီးယားလူမျိုးဘက်သို့ ဦးညွှတ်နှုတ် ဆက်ကာ 

““အခုလို ပွင့်ပွင့်လင်းလင်း ဝေဖန်မှတ်ချက်ချဖော်ရတဲ့ နိုင်ငံခြားသားမိတ်ဆွေကြီး ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ”  ဟူ၍ ရယ်ရယ်မောမော ပြန်ကြားပြောဆိုသည်။

““ကဲ နောက်ထပ်အလားတူ အတွေ့အကြုံမျိုးတစ်ခုလောက် ကြားပါရစေဦးခင်ဗျာ၊  တစ်ယောက်ယောက်ပြောစမ်းပါအုံး၊'' အာခတ်က တောင်းဆိုလိုက်သည်။


“'ကျွန်တော်ပြောပါ့မယ်'”” ဝတ်ရုံအနီဝတ်ထားသည့် လူလတ်ပိုင်းအရွယ်ပုဂ္ဂိုလ်တစ်  ယောက် ကဆိုသည်။

““ကျွန်တော်က တိရစ္ဆာန်ဝယ်ရောင်းတဲ့ ပုဂ္ဂိုလ်ပါ၊ အဓိကတော့ ကုလားအုတ်တို့ မြင်း  တို့အရောင်းအဝယ်လုပ်ပါတယ်၊ တစ်ခါတစ်လေလည်း သိုးတို့ဆိတ်တို့ပါ လုပ်ပါ  တယ်၊ ကျွန်တော်အခုပြောမှာ ကျွန်တော့်ကိုယ်တွေ့ပါပဲ၊ အဖြစ်မှန်အတိုင်းမချွင်းမချန်  ပြောပါ့မယ်”

ဆက်ရန်




Subscribe Us