Wednesday, May 07, 2014

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း(၇ )




သတ္တမ၊ဝင်ငွေရှာဖွေနိုင်စွမ်းတိုးတက်အောင်လုပ်ပါ


'ဒီကနေ့ခင်ဗျားတို့ကို ပိန်ကြုံတဲ့ပိုက်ဆံအိတ် ပြည့်တင်းလာစေရေးအတွက်အရေးကြီး ဆုံးဆေးနည်းတစ်ခု ကျွန်တော်ပေးပါ့မယ်၊ ဒီနည်းကတော့ ငွေနဲ့မဆိုင် လူနဲ့ဘဲ ဆိုင် ပါတယ်၊ ခင်ဗျားတို့အသီးသီးရဲ့ စိတ်ဓါတ်နဲ့ ဆိုင်ပါတယ်။လူတွေရဲ့ဘဝထဲ  လူတွေ ရဲ့  စိတ်သဏ္ဍန်ထဲမှာ ကိန်းအောင်းနေတဲ့၊ ၎င်းလူတွေကို အောင်မြင် မှုရှုံးနိမ့် မှုေ တွ ဖြစ်စေတဲ့ အရင်းခံတရားတွေအကြောင်း ကျွန်တော် ပြောမှာပါ။'”
သတ္တမနေ့၌အာခတ်က ယင်းသို့အစချီလိုက်သည်။

“များမကြာခင်က လူငယ်တစ်ယောက် ကျွန်တော့်ဆီပိုက်ဆံချေးဖို့ ရောက်လာတယ်၊ ဘာအတွက်ငွေလိုသလဲ ကျွန်တော် မေးတော့ ဝင်ငွေထွက်ငွေမကာမိလို့၊ အဲဒါနဲ့ ကျွန်တော်သူ့ကို ရှင်းပြတယ်၊ ဒီအတိုင်းဆိုရင်တော့ မောင်ရင်က ငွေရှင်အမြင် မှာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့လူတစ်ယောက်ဖြစ်နေပြီ၊ဝင်ငွေက ထွက်ငွေထက် နည်းနေလို့ငွေပိုငွေလံျှမကျန်သူတစ်ယောက် ဟာ ချေးငွေကို ဘယ်လိုဆပ်နိုင်မလဲ
ပေါ့၊အဲဒါကြောင့်သူ့ပြဿန ာကို   ဖြေရှင်းနိုင်မယ့်နည်းလမ်းဟာ ငွေချေးဖို့မဟုတ်ဘူး၊အခု ထက် ဝင်ငွေတိုးအောင်ကြိုးစားရှာဖို့သာဖြစ်နေတဲ့အကြောင်း ပြောပြပြီး အဲဒီ အတွက် သူဘာတွေဆောင်ရွက်ဖူးတာရှိသလဲ မေးမြန်း ကြည့်တဲ့အခါ၊”



“ကျွန်တော် တတ်နိုင်တာကတော့ သူဌေးဆီမှာ လုပ်ခတိုးတောင်းဖို့ဘဲ ရှိတယ်၊ 'တဲ့'ပြီးခဲ့တဲ့တစ်လအတွင်း သူဌေးကိုကျွန်တော်တင်ပြတာ ခြောက်ကြိမ်ရှိသွားပြီ၊ဒါပေမယ့် အကြောင်းမထူးဘူး၊ဒီထက်မကတော့လည်း ဘယ်သူမှ ပြောနိုင်မှာမဟုတ် ဘူး'” လို့ သူကဆိုတယ်၊

“ကြားရတာ ရယ်စရာတော့ ရယ်စရာပဲ၊ ဒါပေမယ့် သူရိုးရိုးသားသား ပြောရှာတာပါ ၊ ပြီးတော့သူ့မှာ ဝင်ငွေတိုးတက်စေဖို့ လိုအပ်တဲ့အရေးကြီး အရည်အသွေး တစ်ရပ် ရှိနေတာလည်း သူ့စကားအရပဲသိရတယ်၊ ဘာလဲဆိုတော့ ဝင်ငွေတိုးတက်   ရရှိချင် တဲ့ဆန္ဒတော့ သူ့မှာ ပြင်းပြင်းပြပြ ရှိနေတယ်ဆိုတဲ့အချက်ပဲ၊ ဒါကြောင့်မို့ သူဌေးကို ခဏခဏသွားပြောနေတာလေ၊ အလိုဆန္ဒပြည့်ဝဖို့အတွက် သူလုပ်ဆောင်နေတဲ့ နည်းလမ်းကိုသာ ကျွန်တော်တို့ရယ်ကြတာ၊ဒီအလိုဆန္ဒရှိတာကိုတော့ အသိအ မှတ်ပြုရမယ်၊ တန်ဘိုးထားရမယ်”

“ဘာကြောင့်လဲဆိုတော့ တစ်စုံတစ်ခုဖြစ်မြောက်ဘို့အတွက် ဦးစွာပထမ အဲဒီ ကိစ္စဖြစ်

မြောက်စေချင်တဲ့ အလိုဆန္ဒရှိရမယ်လေ၊ အလိုဆန္ဒဟာ ပြင်းပြထက်သန်နေရမယ်၊ ဒါပေမယ့် ထက်သန်ရုံနဲ့မပြီးဘူး၊ တိကျဘို့လည်း လိုသေးတယ်၊ယေဘူယျဆန္ဒတွေ တိတိကျကျမရှိတဲ့ ဆန္ဒတွေဟာ ခွန်အားမရှိဘူး၊ ဝိုးတိုးဝါးတား လိုချင်တမ်းမှန်းမှု

လောက်နဲ့ဘာမှဖြစ်မလာဘူး၊ ဥပမာဆိုပါတော့ ချမ်းသာချင်တယ်၊၊'ဟာ ချမ်းသာချင် လိုက်တာ'ဆိုရုံနဲ့ ချမ်းသာမလာနိုင်ဘူး၊”

“ငါရွှေဒင်္ဂါးငါးပြား လိုချင်တယ်၊ ဘယ်အချိန် ဘယ်ကာလအတွင်း ရချင်တယ်' အဲဒီလို တိတိကျကျ ရည်မှန်းတဲ့အခါ ကျတော့မှ အဲဒါဆိုဘာလုပ်ရမလဲ နည်းလမ်းရှာဖြစ်လာ တယ်။

“နည်းလမ်းတွေ့တော့ ထလုပ်၊ လုပ်တော့ ကိုယ်လိုချင်တဲ့ ရွှေဒင်္ဂါးငါးပြား တကယ်ရ လာ တယ်၊ ငါးပြားရပြီဆိုရင် ဆယ်ပြားရဖို့မခဲယဉ်းဘူး၊ ပြားနှစ်ဆယ်လည်း ထိုနည်း လည်းကောင်း၊ နောက်ကျတော့ ရာဂဏန်း ထောင်ဂဏန်းရည်မှန်းပြီးကြိုးစားတဲ့ အခါ သူဌေးဖြစ်လာတယ်၊ အလိုဆန္ဒသေးသေးကစပြီး တိတိကျကျချမှတ် တိတိကျကျ နည်းလမ်းရှာ တိတိကျကျလုပ်တဲ့အခါ တဖြည်းဖြည်းကျင့်သားရလာပြီး အလိုဆန္ဒ

ကြီးကြီးမားမားတွေ အထမြောက်အောင်လည်းလုပ်တတ်ကိုင်တတ်လာတယ်”

“အရေးကြီးတာက ရည်မှန်းချက်မထွေပြားဘို့၊ အလိုဆန္ဒတွေ များပြားရောထွေး မနေ ဘို့၊ ပြီးတော့ ရည်မှန်းချက်နဲ့ကျွမ်းကျင်မှု၊ အလိုဆန္ဒနဲ့ ပြည့်မြောက်အောင် အကောင် အထည်ဖေါ်တဲ့ အတွေ့အကြုံ၊အဲဒါတွေ ညီညွတ်မျှတဖို့လိုတယ်၊အတွေ့ အကြုံရှိလာ ကျွမ်းကျင်လာတာနဲ့အမျှ ရည်မှန်းချက်ဆန္ဒကို လိုက်လျောညီထွေ မြှင့် တင်သွားခြင်း အားဖြင့်တဖြည်းဖြည်း ကြီးပွားအောင်မြင်လာတယ်”

“ကျွန်တော်စာကူးသမားဘဝမှာ ရှိစဉ်တုန်းက တစ်နေကုန်တစ်နေခမ်း ရွံှ့စေးပြားမှာ စာတွေထွင်းရတယ်၊တစ်နေ့လုံး ခါးချည့်အောင်လုပ်ပြီးတဲ့အခါ ကြေးနီပြား တစ်ပြား နှစ်ပြားရတယ်၊ ဒါပေမယ့် ကျွန်တော်တစ်ပြားနှစ်ပြားရတဲ့အချိန် ကျွန်တော့်ထက်အများ ကြီးပိုရတဲ့သူတွေရှိတာ ကျွန်တော်သွားတွေ့တယ်၊ ဒီလူတွေ ဘာကြောင့်ပိုရသလဲ ဆိုတော့ အရှင်းလေးပါပဲ၊ သူတို့က ကျွန်တော်ထက် အများကြီးသပ်သပ်ရပ်ရပ် လှလှ ပပကူးတတ်ပြီး အများကြီးလည်း ပိုမြန်ကြတာကိုး၊ အဲဒါနဲ့ဒီလူတွေထက်မက ငါရရ မယ် ဆိုတဲ့စိတ်နဲ့ ကျွန်တော်ကြိုးစားတယ်၊အလုပ်ထဲစိတ်ပါလက်ပါနဲ့ တကယ်မြှုပ် နံှပြီး လုပ်တော့များမကြာခင်ပဲ သိသိသာသာ ကျွမ်းကျင်လာတယ်၊လက်ရာကောင်း လာတယ်၊ မြန်လည်းမြန်လာတယ်၊ နောက်ကျတော့ ကျွန်တော်ထက် စာချပ်များများ ပိုရေးနိုင်တဲ့လူ မရှိသလောက် ဖြစ်လာတယ်၊ အရည်အချင်းတက်လာတာနဲ့အမျှ အကျိုးခံစားခွင့်လည်း တပြိုင်တည်း တွဲပြီး တက်လာတယ်၊ကျွန်တော့်အားထုတ်မှုကို အသိအမှတ်ပြုဖို့ အလုပ်ရှင်ဆီ ခြောက်ကြိမ် သွားပြောနေစရာမလိုဘူး” 

“လုပ်ငန်းကျွမ်းကျင်လာတာနဲ့အမျှ ဝင်ငွေကလည်း လိုက်ပြီးတိုးလာတာ သဘာဝပါပဲ၊ အတတ်ပညာသည်ဟာ ပညာစွမ်း ထက်လေ ကြေးများများလေပဲ၊ ပညာစွမ်းထက် ဖို့ အတွက် နည်းနာတွေ သူများထက်တတ်အောင် လေ့လာရတယ်၊ကိရိယာတန်ဆာ ပလာ ကိုင်တွယ်ရာမှာ သူများထက် ကျွမ်းကျင်အောင် လေ့ကျင့် ရတယ်၊ ရှေ့နေရှေ့ ရပ်အလုပ်နဲ့အသက်မွေးဝမ်းကျောင်း ရတဲ့လူဟာ ဥပဒေပညာကျွမ်းကျင်တဲ့ တခြား ပုဂ္ဂိုလ်များနဲ့ တိုင်ပင်နှီးနှောရတယ်၊သူများအတွေ့အကြုံတွေက ပညာယူရတယ်၊   ဆေးပညာနဲ့အသက်မွေးဝမ်းကြောင်း ပြုရတဲ့လူတွေလည်း အလားတူပဲ၊ရောဂါကိစ္စ   ဆေးဝါးကိစ္စ မပြတ်ဆည်းပူး မှတ်သားရတယ်၊ ကုန်သည်ပွဲစားများလည်း ထိုနည်း လည်းကောင်းပဲ ကိုယ့်လုပ်ငန်းမှာ ကျွမ်းကျင်နေ တတ်မြောက်နေအောင် အမြဲအား ထုတ် ရတယ်” 

“လူတွေရဲ့အရေးကိစ္စဟာ အမြဲပြောင်းလဲနေသလို ပညာရပ်တွေကလည်း မပြတ်တိုး ပွားနေတတ်တယ်၊ဘာကြောင့်လဲဆိုတော့ ကိုယ့်ပညာကိုယ့်လုပ်ငန်း တိုးတက်

အောင်ကြိုးစားအားထုတ်တဲ့လူတွေက အမြဲအားထုတ်နေတာကိုး၊ဒါနဲ့အမှီလိုက်နိုင် မှ ကိုယ့်လုပ်ငန်းနယ်ပယ်မှာ အမြဲရှေ့တန်းကရှိအောင်ကြိုးစားနေမှ အောင်မြင်ရှင်သန် မှာ၊ပေါ့ပေါ့လျော့လျော့ နေရင် နောက်ကျကျန်နေခဲ့မှာ”

“လူတစ်ယောက်ရဲ့ဘဝ အမြဲဖွံ့ဖြိုးတိုးတက်နေဘို့ အများကြားမှာအောင်မြင်သူ ဂုဏ် သိက္ခာရှိသူတစ်ဦးအဖြစ် ရပ်တည်နေနိုင်ဘို့အရေးကြီးတဲ့ အချက်တစ်ရပ် ဒီမှာတစ် ဆက်တည်း ပြောချင်သေးတယ်၊အဲဒါက ကိုယ့်ကိုကိုယ် လေးစားမှုရှိရေးဘဲ၊ ကိုယ့်ကို ကိုယ် မလေးစားတဲ့လူကို တခြားသူများကလည်း လေးစားကြမှာမဟုတ်ဘူး၊ အဲဒီတော့ အများရဲ့ လေးစားခံရသူတစ်ဦး ဖြစ်လာရေးအတွက် ဦးစွာပထမ ကိုယ့်ကို ကိုယ် လေးစားမှုပြုရလိမ့်မယ်၊ မိမိကိုယ်ကိုလေးစားတဲ့ အပြုအမူအကျင့် အကြံတွေ   မွေးမြူကျင့်ကြံရလိမ့်မယ်၊ အဲဒါတွေထဲက အရေးကြီးတာအချို့ကိုပြောရရင်၊


۞'သူတစ်ပါးဆီက အကြွေးယူတာ ချေးငှားတာတွေကို အလျင်အမြန်ဆုံးပေးချေတဲ့ အလေ့အကျင့်မွေးဖို့ ပြီးတော့ ကိုယ်ပြန်မပေးနိုင်လောက်တဲ့ အတိုင်းအတာအထိ များများကြီးမချေးငှားဘို့ အကြွေးမယူဘို့၊


۞ 'ကိုယ့်မိသားစုရဲ့ချီးမွမ်းစကား ကျေးဇူးတင်စကား ဆိုခြင်းခံရအောင် မိသားစုကို ဂရုစိုက်တတ်ဘို့၊


۞ 'မတော်တဆ မိမိကွယ်လွန်သွားသည်ရှိသော် ကျန်ရှိတဲ့မိမိပိုင်ပစ္စည်းများနဲ့ ပတ် သက်လို့အငြင်းပွားခြင်းမရှိရအောင် တိကျတဲ့ မှတ်တမ်းမှတ်ရာတွေနဲ့တကွ သေတမ်းစာ သဘောမျိုးရေးသားထားဘို့။


۞ ကံကြမ္မာဆိုးတစ်ခုခုကြောင့် ထိခိုက်နစ်နာကြ ဒုက္ခရောက်ကြသူများအပေါ် စာနာ စိတ်ထားပြီး မိမိတတ်နိုင်တဲ့ အတိုင်းအတာ အတွင်းက ထောက်ပံ့ကူညီကြဖို့ မိမိ နဲ့ နီးစပ်ခင်မင်သူများအပေါ် နှုတ်၏စောင်မခြင်း၊ လက်၏တင်မခြင်းများနဲ့ချီးမြှင့်ဖို့၊ အစရှိ တာတွေပါပဲ၊

“အဲဒီတော့ ပိန်ကြုံသာပိုက်ဆံအိတ် ပြည့်တင်းလာအောင် ကုစားပေးမယ့် ဆေးနည်း များထဲက သတ္တမမြောက်နဲ့နောက်ဆုံးဖြစ်တဲ့ ဆေးနည်းသည် လုပ်ငန်းမှာပိုပြီး ပတ် နပ်ကျွမ်းကျင်အောင် မပြတ်ဆည်းပူးလေ့လာခြင်းအားဖြင့် မိမိရဲ့လုပ်ငန်းစွမ်းရည် သို့ မဟုတ်ငွေရှာမှု စွမ်းရည်တိုးတက်အောင် ဆောင်ရွက်ဖို့နဲ့ တစ်ဖက်ကလည်း မိမိ ကိုယ် ကို လေးစားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်အောင် မိမိရဲ့အပြုအမူများ ကို စောင့်ထိန်းလေ့ကျင့် ဖို့ဆိုတာဘဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်၊ မိမိကိုယ်ကို လေးစားခြင်း၊ မိမိရဲ့ အရည် အသွေး တိုးတက်ထက်မြက်လာမှုကို အားကိုးယုံကြည်ခြင်းတွေကြောင့် လုပ် ငန်း ကိုင်ငန်းတွေမှာ အောင်မြင်ပြီး မိမိရဲ့လိုအင်ဆန္ဒတွေတနေ့တခြား ပို၍ပို၍ပြည့်ဝ လာပါလိမ့်မယ်”

'“ကျွန်တော်ဒီနေ့အထိတင်ပြခဲ့တဲ့ပိန်ကြုံ့သာပိုက်ဆံအိတ်ပြည့်တင်းရေး ဆေးနည်းခုနှစ် ချက်ဟာ ကျွန်တော့်ရဲ့ဘဝ သက်တမ်းတစ်လျှောက် ကိုယ်တိုင်ရရှိခဲ့တဲ့အောင်မြင်မှု အတွေ့အကြုံများထဲက ထုတ်ယူရရှိခဲ့တာဖြစ်ပါတယ်၊ဓနဥစ္စာကြွယ်ဝ ချင်တဲ့ပုဂ္ဂိုလ် တိုင်း ဒီဆေးနည်းများအတိုင်းလိုက်နာကျင့်သုံးခြင်းအားဖြင့် ကျွန်တော့်နည်းတူ အောင်မြင်မှုရရှိလာပါလိမ့်မယ်လို့ ကျွန်တော်တိုက်တွန်း ပြောဆိုချင်ပါတယ်”

“'ဘေဘီလုံဟာ ခင်ဗျားတို့ထင်တာထက် အများကြီးချမ်းသာကြွယ်ဝတဲ့မြို့ပါ၊ ဒီမြို့ဟာ ဒီထက်မကကြီးပွားတိုးတက် လာပါလိမ့်ဦးမယ်၊ ဒီမြို့မှာ ခင်ဗျားတို့အားလုံးအတွက် ချမ်းသာနိုင်တဲ့အခွင့်အလမ်းတွေ အပြည့်အဝရှိနေတယ်ဆိုတာ ယုံကြည်ထားကြပါ၊ အဲဒီအခွင့်အလမ်းတွေကို ရယူကြ ခံစားကြပါ၊ ချမ်းသာအောင်ကြွယ်ဝအောင် အား ထုတ်ကြစမ်းပါ။

“'ကိုယ်တိုင်ကြိုးစားအောင်မြင်ပြီးတဲ့အခါမှာလည်း ကိုယ်အောင်မြင်ခဲ့တဲ့ နည်းနာနိဿ ယတွေ ကြီးပွားချမ်းသာရေး အလေ့အကျင့်တွေကို အခြားသောဘေဘီလုံသား ညီနောင်သားချင်းများကို ရက်ရက်ရောရော သဘောထားကြီးစွာ ဝေငှကြပါ၊သူ တို့ လည်း ကြီးပွားချမ်းသာချင်စိတ်ထက်သန်လာအောင်ကြီးပွားရေးအတွက် တကယ်အား ထုတ်ကြိုးပမ်းလာကြအောင် တိုက်တွန်းနှိုးဆော်ကြပါ၊ဘေဘီလုံရဲ့ဓနဥစ္စာတွေဟာ မျှဝေလို့မကုန်နိုင်ပါဘူးလို့ ကျွန်တော်ပြောကြားလိုက်ပါရစေ”


Subscribe Us