Tuesday, November 19, 2013

နိုင်ငံခြားသားအလုပ်သမားများ အမှုအတွက် တိုင်ချက်ဖွင့်ပုံ



မုဒိန်းကျင့်ခြင်းခံရသူ၊ ခြိမ်းခြောက်ခြင်းခံရသူ၊ ပစ္စည်းလုယက်ခြင်းခံရသူ၊ ညှဉ်းပမ်းနှိပ်စက် ခြင်းခံရသူ၊ အစိုးရဝန်ထမ်းဖြစ်သူ၏ အတင်းအဓမ္မငွေညှစ်ခြင်းခံရသူများသည် အောက်တွင် ဖေါ်ပြ ထားသည့်   နေရာများတွင် သွားရောက်၍ တိုင်တန်း နိုင်ပါသည်။

၁။ နစ်နာသူသည် ရဲစခန်းသို့သွားရောက်၍ အမှုဖွင့်တိုင်ကြားနိုင်သည်။ တာဝန်ရှိသူမှ အမှု၏ သက်သေခံ အထောက် အထားများကို ရှာဖွေ၍ ပြစ်ဒဏ်ချမှတ်နိုင်ရန် တရားရုံးသို့ တိုင် ကြားမည်ဖြစ်သည်။

၂။ သို့မဟုတ်ပါက ရှေ့နေအားဆက်သွယ်၍ တရားရုံးသို့ တိုက်ရိုက်တိုင်ကြားနိုင်သည်။


ပြစ်မှုကျူးလွန်ခြင်းခံရသူ သို့မဟုတ် နစ်နာသူ၏ ရပိုင်ခွင့်

နစ်နာကြေး
အမှုတွင် တရားခံသုံးစွဲရမည့် ကုန်ကျစရိတ်အတွက် လွှတ်တော်ဥပဒေတွင် ပြဌာန်းထား ချက် (အပိုဒ် ၁၇- ၁၉)
၁။ အစိုးရတရပ်သည် တိုင်းသူပြည်သားများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရမည့် တာဝန်ရှိသည်။ အကယ်၍ အစိုးရသည် စောင့်ရှောက်မှု မပေးနိုင်ဘဲ ပျက်ကွက်ခဲ့ပါက ပြစ်မှု ကျူးလွန်ခြင်း ခံရသူ၊ ထိခိုက်နစ်နာသူအား နစ်နာကြေးပေးရမည် ဖြစ်သည်။

၂။ နစ်နာသူဆိုသည်မှာ ပြစ်မှုကျူးလွန်ခြင်းခံရသူ သို့မဟုတ် ဒုစရိုက်သား၏ သားကောင် ဖြစ်သွား သည့်သူကို ဆိုလိုသည်။ဒုစရိုက်သား၏ ရန်ကြောင့်သေဆုံးခြင်း၊ အနာတရဖြစ်ခြင်း သို့မဟုတ် စိတ်ရောဂါ ရသွား ခြင်း၊ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသော်လည်း နစ်နာသူတွင် နစ်နာကြေးရပိုင် ခွင့်ရှိသည်။

• နစ်နာသူသည် မိမိကိုယ်တိုင် အမှုကို ကျူးလွန်ပါက နစ်နာကြေးခံစားပိုင်ခွင့်မရှိပါ။
• နစ်နာသူသည် အောက်ဖေါ်ပြပါ ပြစ်မှုများဖြစ်မှသာ နစ်နာကြေးခံစားပိုင်ခွင့်ရှိသည်။ လိင်ပိုင်းဆိုင်ရာအတွက် ပြဌာန်းထားသည့် ဥပဒေ အပိုဒ် ၂၇၆-၂၈၇။ အသက်အန္တရာယ် အ တွက် ပြဌာန်း ထားသော ဥပဒေ ၂၈၈-၂၉၄။ ခန္ဓာကိုယ်အစိတ်အပိုင်းများအတွက် ပြဌာန်း ထားသော ဥပဒေအပိုဒ် ၂၉၅-၃၀၀ နှင့် ကလေးငယ်၊ လူနာ၊ အနာတရဖြစ်နေသူ၊ မသန် မစွမ်းဖြစ်သူများကို စွန့်ပစ်ထားမှု စသော အပိုဒ် ၃၀၆-၃၀၈ ပြစ်မှုများ စသည်တို့ဖြင့် ငြိစွန်း မှသာ နစ်နာကြေး ခံစားပိုင်ခွင့်ရှိသည်။

၃။ နစ်နာကြေးရမည့် လုပ်ငန်းအမျိုးအစားနှင့် ခံစားရမည့်ငွေကြေးအတိုင်းအတာပမာဏ
၃.၁။ ဆေးကုသစရိတ်အတွက် ဘတ် ၃၀,၀၀၀ ထက် မကျော်သောငွေ။
၃.၂။ လုပ်ငန်းခွင့်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အနားယူခြင်း၊ အားအင်မွေးမြူ ခြင်းအတွက် ဘတ် ၂၀,၀၀၀ ထက်မကျော်သောငွေကို ပေးရမည်။
၃.၃။ ထိခိုက်ဒဏ်ရာရ၍ အလုပ်နားရသည့်ရက်များအတွက် တရက် ဘတ် ၂၀၀ နှုန်းဖြင့် အချိန် ၁ နှစ်ထက် မကျော်သော ကာလ။
၃.၄။ ထိခိုက်အနာတရဖြစ်သူ သေဆုံးသွားပါက ဘတ် ၃၀,၀၀၀ မှ ဘတ် ၁၀၀,၀၀၀ ကို ကျန်ရစ်သူ မိသားစုအား ပေးရမည်။
၃.၅။ အလောင်းသင်္ဂြိုဟ် စရိတ်အဖြစ် ဘတ် ၂၀,၀၀၀ ကို မိသားစုအားပေးရမည်။
၃.၆။ မိသားစုကို အကူငွေအဖြစ် ဘတ် ၃၀,၀၀၀ ထက် မကျော်သောငွေကို ပေးရမည်။
၃.၇။ အခြားသော ဝေယျာဝေစ္စကိစ္စများအတွက် ဘတ် ၃၀,၀၀၀ ထက်မကျော်သော ငွေကိုလည်း ပေးရမည်။

၄။ နစ်နာကြေးခံစားပိုင်ခွင့် ရှိသူသည်ပြည်နယ်တိုင်းတွင်ရှိသည့် တရားရေးရာတရားရုံးတွင် သွားရောက် တောင်းဆို နိုင်သည်။ကိုယ်တိုင်သွားရောက် လက်ခံနိုင်ခြင်း မရှိပါက ကိုယ်စားလှယ်လွှဲစာ ဖြင့် သွားရောက်ထုတ်ယူနိုင်သည်။ ထိုသို့သွားရောက်ထုတ်ယူရာတွင် အောက်ပါ သက်သေ ခံအထောက်အထားများကို တပါတည်းယူဆောင်သွားရမည်။

• အခင်းဖြစ်ပွားသည့်နေ့တွင် မှတ်တမ်းတင်ထားသည့် ရဲမှတ်တမ်း၊ မှတ်ပုံတင်တို့ကို ယူ ဆောင်သွားရမည်။

• ဖြစ်ပွားသည့်နေ့မှ စတင်ရေတွက်၍ (၁) နှစ်အတွင်း သွားရောက်၍ လျှောက်လွှာတင်ရ မည်ဖြစ်သည်။

• အကယ်၍ တာဝန်ရှိသူက နစ်နာကြေးပေးရန် ငြင်းဆိုသည့်အခါများတွင် တရားရုံးသို့ သွားရောက်၍ ရက်ပေါင်း ၃၀ အတွင်း အယူခံဝင်နိုင်သည်။ တရားရုံးတွင် တိုက်ရိုက်သွား ရောက် တိုင်တန်းနိုင်သည်။
ပြစ်မှုကျူးလွန်ခြင်းခံရသူ၏ နစ်နာကြေးခံစားပိုင်ခွင့် အပိုဒ် ၄၄/၁ ပြဌာန်းချက်

အမှုတိုင်းတွင် တရားရုံးသည် တိုင်ကြားသူအဖြစ် ရုံးတော်သို့ဦးတိုက်၍ တိုင်ကြားရသည်။ တရားခံအား အမိန့်ချမှတ်၍ တရားလိုအား နစ်နာကြေးပေးဆောင် ရန် ဆုံးဖြတ်ပေးသည်။

ယင်းသို့ နစ်နာကြေးပေးဆောင်ရန် အမိန့်ချမှတ်ရခြင်းမှာလည်း တရားခံ အနေဖြင့် တဘက် သားအား သေဆုံးစေရန်၊ ခန္ဓာကိုယ် ထိခိုက်စေရန်၊ စိတ်ထိခိုက်စေရန်၊ နာမည် ပျက်ပျား စေရန် လုပ်ဆောင်ခြင်း တို့ကြောင့်   ဖြစ်သည်။ တိုင်ကြားရာတွင် သက်သေအဖြစ် လိုက်ပါ မည့်သူများ လည်း လိုအပ်သည်။

Subscribe Us