Thursday, July 25, 2013

**. တောက်ခေါက်သံ { ၁၀ } ချက် **


{ ၁ } ငယ်စဉ်ကလျှင် ပညာ သင်
မသင်နောင်တ တောက်ခေါက်ရ ။

{ ၂ } စီးပွားဥစ္စာ ရှာချိန်မှာ
မရှာနောင်တ. တောက်ခေါက်ရ ။

{ ၃ } နှစ်ဦးချစ်ခြင်း. ဖြိုဖျက်ခွင်း
မယွင်းနောင်တ. တောက်ခေါက်ရ ။

{ ၄ } သတ်ပုတ်ညှင်းဆဲ. ထိုသူလဲ
မလွဲနောင်တ. တောက်ခေါက်ရ ။

{ ၅ } သူ့ကြင်မယား လွန်ပြစ်မှား
ကြီးမားနောင်တ. တောက်ခေါက်ရ ။

{ ၆ } ဥစ္စာပေါသူ မပေးလှူ
ထိုသူနောင်တ တောက်ခေါက်ရ ။

{ ၇ } မိဘကိုပင် မကြွေးချင်
သေလျှင်နောင်တ. တောက်ခေါက်ရ ။
{ ၈ } မိဘစကား ပစ်ပယ်ရှား.
ကြီးမားနောင်တ. တောက်ခေါက်ရ ။

{ ၉ } သူကောင်းကျမ်းတတ် မဆည်းကပ် မှတ်လေနောင်တ. တောက်ခေါက်ရ ။

{ ၁၀ } ကုသိုလ်ကောင်းမှု. ဘာတစ်ခု
မပြုနောင်တ တောက်ခေါက်ရ ။

** တောက်ခေါက်ခြင်း { ၁၀ } ပါးမှ ..
တောက်လျှောက်ကင်းဝေးကြပါစေ ။

- ကြည်လင်သော မေတ္တာဓာတ်ဖြင့် ..


- ဦးကျော်ကျော်စိုး ။
ခေတ္တ - ဝါးခယ်မမြို့ ။
၁၉ . ဇူလိုင် . ၂၀၁၃ , သောကြာနေ့။
ညနေ - ၃ နာရီ ၂၃ မိနစ် ။

Subscribe Us