Sunday, July 21, 2013

လူ့တန်ဖိုးရှိမှ လူပီသမယ်


လူသားတွေမှာ တန်ဖိုးရှိတယ် ။ လူ့တန်ဖိုးရှိမှ လူပီသမယ်။ လူ့တန်ဖိုး မရှိရင် လူဖြစ်ပါလျှက် တိရစ္ဆာန် မခြား ဖြစ်နေမှာပေါ့။ ဆိုကြစတမ်းဆိုရင် တချို့လူတွေဟာ လူ့တန်ဖိုး မရှိကြဘူး။ လူ့တန်ဖိုးမရှိပေမယ့် ပကာသန လောကကြီးမှာ တွင်ကျယ်နေခွင့်သာ ကြတယ်။ဒါဖြင့် လူ့တန်ဖိုးဆိုတာဘာလဲ ၊လူမှာပြင်ပ တန်ဖိုးရှိတယ်။ အတွင်း တန်ဖိုးလည်း ရှိတယ်။ ပြင်ပ တန်ဖိုး ဆိုတာ ရုပ်ပစ္စည်းဥစ္စာ တွေကောင်းတဲ့  ဘ၀အခြေအနေ တွေပါပဲ။အတွင်းတန်ဖိုး မရှိတဲ့ သူဟာ အပြင်တန်ဖိုးကုန်ဆုံး     ပျောက်ပျက်သွားရင် “အလကားလူ” လို့ခေါ်စရာ   အဖြစ် ကိုရောက်သွားနိုင်တယ်။ ရောက်လည်းေ၇ာက်သွားတာပဲ။
မိဘတွေ ချမ်းသာတယ်၊လူကုံတံတွေ ဖြစ်တယ်။ ပကာသနလောကမှာ ဂုဏ်ရှိတယ် ။အဲဒီ မိဘများ က မွေးလို့ မိဘ အရှိန်နဲ့ လူရာဝင်နေတာပါ။ အဲဒီ ရုပ်ပစ္စည်းဆိုတာ ပျက်စီးခြင်း ပျက်စီးသွားတာပဲ မဟုတ်လား။    မိဘတွေ လက်ထက်မှာ ဂုဏ်ရှိရှိနေနိုင်တယ်။ ပညာ ကောင်းကောင်း မတတ်၊အကျင့် စာရိတ္တဆိုးဆိုး၊ အဲဒိလို လူတွေဟာကုဋေရှစ်ဆယ် သူဌေးသား ဟာ သူတောင်းစားဘ၀နဲ့ သေဆုံး၇တယ် ဆိုတာ မျိုးလို ဖြစ်သွားတယ်။ အဲဒီလို သာဓကတွေ မနည်းဘူး။ ဆရာကြီး မျက်စိအောက်မှာပဲ   တွေ့ရပါ တယ်။

သူဌေးသား တစ်ယောက်ဟာ သူ့မိဘတွေရှိတုန်းက စီးပွားရေးလုပ်ငန်းတွေ အစဉ်ပြေလို့ စီးပွားတက်တယ်။ သားကတော့ ကျောင်းမှာလည်း အဖျင်း၊ ဖျင်းတာကတော့ စာမကြိုးစားလို့ပါပဲ။ ဒါထက်ဆိုးတာက ငယ်ငယ်ရွယ်ရွယ် နဲ့အရက်သေစာ အလွန်အကျွံသောက်တယ်။ ဖဲကစား တယ်။ ဖဲရှုံးရင် မိဘရဲ့ ငွေကြေးတွေကို ခိုးတယ် ။သားက“အိမ်တွင်းသူခိုး” ဖြစ်နေတော့ ဖခင်ကြီး စိတ်မချမ်းသာ ဖြစ်ရ တယ်။ မိဘစကားကိုလည် နားမထောင် ၊ရပ်ရွာမှာဆိုးဝါးသောင်းကျန်း လို့ပြ ဿနာအမျိုးမျိုးဖြစ်ရတယ်။ အဲဒီလို အမျိုးမျိုးဘက်မှာ ဆိုးနေတော့ မိဘနှစ်ပါးမှာ သူ့အတွက် စိတ်မချမ်းသာပြီးကွယ်လွန် ကြရှာတယ်။

မိဘနှစ်ပါး ဆုံးပြီးတဲ့နောက် မကြာပါဘူး။ အလုပ်အကိုင်မရှိ။ လုပ်လည်းမလုပ်တတ်၊ ဘယ်သူကမှလည်း သူ့ကိုလူရာမသွင်း၊အရက်စွဲတာက ချွတ်လို့ မရဘူး။ အရက်ကျွန်.ဖြစ်နေတော့ ရှိတဲ့ ပစ္စည်းကလေးတွေ   ရောင်း ပြီး ရတဲ့ပိုက်ဆံနဲ့ အရက်သောက်တယ်။ အရက်ကျွန်ဖြစ်နေပြီး အရက် နာကျတယ်။ မိဘတို့ရဲ့ ပစ္စည်းတွေလည်း သူတစ်ပါးတို့ကိုေ၇ာင်းစားလိုက်ရတယ်။ တကယ်ကိုပဲကုဋေရှစ်ဆယ် သူဌေးသား အတိုင်းပဲ။ နောက်ဆုံးတော့ သင်္ချိုင်း ဇရပ်မှာသာသေနေတာတွေ့ကြရတယ်။

အဲဒါက တကယ့်ဖြစ်ရပ်ပဲ။ တခြားလူတွေလည်း အလားတူဖြစ်ရပ်မျိုးကိုမြင်တွေ့ကြမှာပါ။ အဲဒီလို လူ့တန်ဖိုး မရှိအောင် လုပ်ပစ်ကြတယ်။ လူမိုက်တွေ ရှိကြပါတယ် ၊မင်းတို့လည်း ကြားဖူးချင် ကြားဖူးမယ် ၊တွေ့ဖူးချင် တောင် တွေ့ဖူးမှာပါ။ ပုံပြင်ထဲက ဖြစ်ရပ်တွေကို ပြန်ပေါ်လာတာ ပဲ။

ကဲ-တန်ဖိုးရှိအောင် မင်းတို့နေကြရမယ်။ ဘယ်လိုနေမလဲ။ မွေးလာကြတုန်းက လူတွေဟာ ပစ္စည်းဥစ္စာ ချမ်းသာတာ ဆင်းရဲတာ ပဓာန မဟုတ် ဘူး။  ဆင်းရဲသားရဲ့ သားသမီးတွေ လူတော် လူကောင်းဖြစ်ကြတာ      အများကြီးထူးချွန်ထင်ရှားသူ အများဟာ ကိုယ့်တန်ဖိုး ကို ပြုစုမြှင့်တင် ကြတယ်။ သူတို့ရဲ့ ကြိုးပမ်းမှုတွေ ကို လူငယ်လူရွယ်တို့က ဖတ်ရှုလေ့လာပြီး သူတို့ဟာ သူတို့ရဲ့ တန်ဖိုးကို ဘယ်လိုပြုစုတယ်။

 တန်ဖိုးထက်သည်ထက်ထက်အောင်ကြိုးစားကြတယ် ဆိုတာ ဘ၀သင်ခန်းစာတွေ အဖြစ်လေ့လာသုံး သပ်ကြရမယ်။ ကမ္ဘာမှာ ထူးချွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေ ရဲ့ အထ္တုပ္ပတ္တိတွေဟာ တိုး တက် ကြီးပွားေ၇း သင်ခန်းဟာ တွေပါပဲ။ မင်းတို့များများဖတ်ကြပါ။ စိတ်အားထက်သန်မှု တက်လာပါလိမ့်မယ်။အချုပ် ကို ပြောပြရင် ကိုယ့်တန်ဖိုး တိုးတက်စေတဲ့ နည်းကို ပြောပြပါမယ်။ မင်းတို့လည်း သိပြီးသားဖြစ်မှာပါ။

ဆရာကြီးသိတဲ့နည်းဟာ ရှေးကျတဲ့ နည်းလို့ ဆိုရမှာ ပါ။ ရှေးကျတယ်ဆိုတိုင်း ဟောင်းကြီးပဲ။အသုံး မ၀င်တော့ပါဘူးလို့ ထင်ရင်မှားမယ်။ ရှေးကျပြီး အခုထိ ကောင်းတယ် မှန်တယ်။ နောင်လည်း ဆက်လက် မှန်မှာ သေချာတယ်လို့ဆိုနိုင်ရင် ထာဝရ မှန်တဲ့ နည်းလမ်းပဲလို့ မှတ်ကြပါ။

လူ့တန်ဖိုးအစစ်ဟာ ဒီသုံးခုမှာ ရှိတယ်။ အဲဒီသုံးခု ကတော့ “ သီလ ၊  သမာဓိ။ပညာ” ပါပဲ။   ဘာသာရေး တရား ဟောနေတာ မဟုတ်ပါဘူး၊ လောကီ ဆိုတာ လောကုတ္တရာဟာ  တခြားစီမှာ မဟုတ်တာ။   လောကီဆိုတာ လောကရဲ့အကြောင်းခြင်းရာတွေနဲ့ သက်ဆိုင်တယ်။  လောကီမှ လောကုတ္တရာ   ရောက်၇ တာ။ လောကုတ္တရာဆိုတာ လောက ကိုကျော်လွန်မြင့်တတ်တဲ့ အခြေအနေပါပဲ။

ကဲ- အဲဒီသုံးခုက “သီလ”၊“သမာဓိ”၊ “ပညာ” အဲဒီ      သုံးပါးကို မြန်မာပြန်ပြီး ပြောလိုက်ရင်အထူး အထွေတောင် စဉ်းစားစရာ မလိုပါဘူး။ ရှင်းနေတာပဲ။ “သီလ” ဆိုတာ “ကိုယ်ကျင့်တရား” ။“သမာဓိ” ဆိုတာ“စိတ်တည်ကြည်မှု”“ပညာ” ဆိုတာ “အကောင်းအဆိုး” ခွဲခြား သိတတ်သော စွမ်းရည်”။
ရှင်းပါတယ်။ ကိုယ်ကျင့်တရားကောင်းဖို့ကြိုးစားပါ။ သမာဓိဆိုတာ တည်ကြည်တဲ စိတ်ရှိရမယ်။ မဖောက်ပြန်ရဘူး။မကောင်းမှုဘက်ကို မလိုက် စားဘဲ တည်ကြည်ခိုင်မြဲ ရမယ်။ ပညာဆိုတာ ကောင်းမှု၊ မကောင်းမှု ၊သမာတရားနဲ့မသမားတရားခွဲ ခြားပြီးအကောင်းအမှန် ဘက်မှာ အမြဲရပ်တည် ။ အဲဒါပဲ။ ဒီအတိုင်းကျင့်ကြံကြိုးစားကြပါ။
                                                                                                                                                                    ချစ်ဖြူ

Subscribe Us