Thursday, August 01, 2013

ဘယ်အရာမဆို ဖြစ်နိုင်တယ်ဆိုတာ အမှတ်ရပါ




- သင့်ကို စိတ်ချမ်းသာစေတဲ့အရာအပေါ် ယုံကြည်ပါ။
သင့်ကို ပျော်ရွှင်စေတဲ့အရာအပေါ် ယုံကြည်ပါ။
သင်အမြဲတမ်း ဖြစ်လာစေချင်တဲ့၊
အိပ်မက်များအပေါ်မှာ ယုံကြည်ပါ။

- သင့်ဘဝလမ်းခရီးမှာ ဘာတွေ ဖြစ်လာလိမ့်မယ်လို့
ဘဝက ပဋိဉာဉ်ပြုထားတာ မရှိဘူး၊
သင်လိုချင်တာကို သင်ကိုယ်တိုင် ရှာဖွေရွေးချယ်ပြီး၊
ဖြစ်အောင်လုပ်ရလိမ့်မယ်။




- သင်ဘာတွေရလာလိမ့်မယ်လို့
ဘဝက အာမခံချက်ပေးထားတာ မရှိဘူး၊
သင်ရွေးချယ်နိုင်ဖို့နဲ့ အခါအခွင့်ကြုံကြိုက်ဖို့၊
အချိန်ဆိုတာကိုပဲ ပေးထားတယ်၊
ဘဝခရီးလမ်းတလျှောက်ရှိ လိျှု့ဝှက်ချက်တွေကို
ရှာဖွေတွေ့ရှိဖို့ပဲ လိုတယ်။

- ပေးတဲ့အခွင်အရေးများကို
ရယူချင်စိတ်ရှိပြီး၊
သင့်မှာရှိတဲ့ အစွမ်းအစများကို အသုံးချရင်
ထူးခြားတဲ့ အခိုက်အတန့်တွေ၊
မမေ့နိုင်လောက်တဲ့ အချိန်တွေ၊
သင့်ဘဝမှာ အမြဲထာဝရပြည့်ဝနေလိမ့်မယ်။


- ဘဝရဲ့ လျှို့ဝှက်ချက်တွေနဲ့
အဆုံးစွန်အဓိပ္ပါယ်ကို
ဘယ်သူမှ မသိရှိကြဘူး။

ဒါပေမယ့် ကိုယ့်အိပ်မက်တွေကို ယုံကြည်တဲ့၊
ကိုယ့်ကိုယ်ကို ယုံကြည်တဲ့သူများအတွက်
ဘဝဆိုတာ ဘာမဆိုဖြစ်နိုင်တဲ့
အဖိုးတန်လက်ဆောင်တခုဖြစ်တယ်။


-Dena Dilaconi

Subscribe Us