Tuesday, September 04, 2018

မြဝတီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ ရွှေ့ပြောင်းအလုပ်သမား ၃၄၁ ဦး ပြန်လည် ဝင်ရောက်မှု(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့)


ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနှင့်မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဝင်ပေါက်ဂိတ်အသီးသီးမှ ပြန်လည်ဝင်ရောက်လာလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ၀၆၀၀ အချိန်မှ ၁၈၀၀ အချိန်အထိ မြဝတီမြို့ (၄)ရပ်ကွက်ရှိ ရွှေ့ပြောင်းအလုပ်သမားရုံးသို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၂၅ ဦး(ကျား ၂၄၁၊ မ ၈၄)နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ သွပ်ပြားပေါက်မှ ၁၆ ဦး(ကျား ၉၊မ ၇)တို့ ပြန်လည်ဝင်ရောက်လာခဲ့ပါသည်။


Monday, September 03, 2018

မြဝတီမြို့၌ ရွှေ့ပြောင်းအလုပ်သမား ၈၈ ဦး ပြန်လည်ဝင်ရောက်မှု (၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့)



ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနှင့်မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဝင်ပေါက် ဂိတ်အသီးသီးမှ ပြန်လည်ဝင်ရောက်လာလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ ၀၆၀၀ အချိန်မှ ၁၈၀၀ အချိန်ထိ မြဝတီမြို့၊ (၄)ရပ်ကွက်ရှိ ရွှေ့ပြောင်းအလုပ်သမားရုံးသို့ အမှတ်(၁)ချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၈ ဦး(ကျား ၅၃၊ မ ၃၅)တို့ ပြန်လည်ဝင်ရောက်လာခဲ့ပါသည်။


ထိုင်းနိုင်ငံမှလုပ်ငန်းရှင်များနှင့် မြန်မာအလုပ်သမားများစုပေါင်း၍ ရေဘေးသင့်အိမ်ထောင်စုများအတွက် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများကူညီထောက်ပံ့



မောင်စိန်ဝင်း -ကျိုက်မရော စက်တင်ဘာ ၃

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့ သည့် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားခဲ့ရသည့် ရေဘေးသင့် ပြည်သူများအတွက် ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်များဖြစ်ကြသော ခယ် ခေါမ်အီလက်ထရွန်နစ် ကုမ္ပဏီ လီမိတက်၊ မန်းမီ MUNGMEE (2557)ကုမ္ပဏီလီမိတက်၊ ကဘီ ပရဟိတမြန်မာလူငယ်များအဖွဲ့၊ နောင်စုန်းနယ်မြေလူမှုအဖွဲ့အစည်း များနှင့် ထိုင်းနိုင်ငံရောက်မြန်မာ အလုပ်သမားများစုပေါင်း၍ ရေ ဘေးသင့်ဒေသဖြစ်သော ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း ရှိကျေးရွာများမှရေဘေးသင့်အိမ် ထောင်စုများအတွက် အလှူငွေ ဘတ်ငါးသိန်း(ငွေကျပ်သိန်း ၂ဝဝ) တန်ဖိုးရှိ စားသောက်ကုန်နှင့်လူ သုံးကုန်ပစ္စည်းများကို သြဂုတ် ၂၉ ရက်မှယနေ့အထိကျေးရွာအရောက် ပေးအပ်ထောက်ပံ့လှူဒါန်းခဲ့ကြ ကြောင်းသိရသည်။


ကားမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၇ဦးဆေးရုံမှဆင်းနိုင်ပြီ


၁.၉.၂၀၁၈ မဲဆောက်

ယမန်နေ့က မဲဆောက်မှဘန်ကောက်သို့ထွက်ခွာရာလမ်းတွင် ကားတိမ်းမှောက်မှုကြောင့် တာ့ခရိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော အလုပ်သမား၁၂ဦးအနက် ၇ဦးမှာ ဒဏ်ရာများသက်သာသဖြင့်ဆေးရုံကြီးမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်သည်။

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၊ မဲခေါင်ကျေးရွာ နေ မောင်အောင်ဆန်းဝေ၊ မွန်ပြည်နယ် မုပ္ပလင်မြို့နယ်၊ ကင်စမ်းရွာနေ မောင်စန်းမြင့်သောင်းနှင့် မောင်လှမျိုး၊ မွန်ပြည်နယ် မော်လမြိုင်မြို့နေ မခင်လေးမွန်၊မဆွေဆွေအောင် တို့၅ဦးသာ တာ့ခ်ခရိုင် ဆေးရုံကြီးတွင် လိုအပ်သော ဆေးကုသမှုများ ဆက်လက်ခံယူ နေကြောင်း၊ အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်းသိရသည်။


အလုပ်​သမားများစီးနင်းလာသည့်ယာဉ် တိမ်းမှောက်​၊ တဦးသေဆုံး ၊၁၃ဦးဒဏ်ရာရ


1.9.2018 မဲဆောက်

ထိုင်းနိုင်​ငံ၊တာ့ခ်​ခရိုင်​၊ မဲဆောက်မြို့မှ ဘန်​ကောက်သို့ ထွက်ခွာလာသော MoU အလုပ်သမားများတင်ဆောင်ထားသော ကားတစီးသည် ၃၁.၈.၂၀၁၈ နေ့ ည ၁၁း၃၀အချိန်လောက်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အလုပ်သမား၁ဦးသေဆုံးပြီး ၁၃ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ တာ့ခရိုင်​ရဲတပ်​ဖွဲ့၊မဲဆောက်​မြို့နယ်​ရဲတပ်​ဖွဲ့၊တာ့ခ်​နှင့်​ မဲဆောက်​ဆေးရုံကြီးမှတာဝန်ရှိသူများ၊ လူမှုကယ်​ဆယ်​ရေး တာဝန်​ရှိသူများရောက်ရှိလာခဲ့ပြီးသေဆုံးသူ၁ဦးနှင့် ဒဏ်ရာရရှိသူ တို့အား တာခ်​ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ကျန်​အလုပ်​သမားအား တာ့ခ်​ရဲစခန်း ရိပ်​သာသို့ပို့ဆောင်​ပေးခဲ့ကြောင်းသိရသည်။


Sunday, August 26, 2018

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက်လာမှု (၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့)


ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေ နှင့်မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဝင် ပေါက် အသီးသီးမှ ပြန်လည်ဝင်ရောက်လျက်ရှိရာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် မြဝတီမြို့ (၄) ရပ်ကွက်ရှိ ရွှေ့ပြောင်းအလုပ်သမားရုံးသို့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၉ ဦး (ကျား ၃၆၊ မ ၁၃) တို့ ရောက်ရှိလာခဲ့ကြ ပါသည်။


ငှက်ကျီးတောင်ရွက် ကြော်ချက်ဟင်းလျာ



ဈေးထဲမှာဝယ်နေကျ ကုန်စိမ်းရောင်းတဲ့ အစ်မကြီးက ရခိုင်စာလေးတွေ ဝယ်သွားဦး လေလို့ နှုတ်ဆက်လို့ကြည့်လိုက်တော့ ငှက်ကျီးတောင်ရွက်နုအစည်းလေးတွေကို တွေ့ရတယ်။ ငှက်ကျီးတောင်ပင်တွေက ရေငန်ဝင်တဲ့ ချောင်းစပ်မြောင်းစပ်နေရာ တွေမှာ ချုံတွေလိုပေါက်နေတတ်တာပါ။ ရခိုင်ဘက်မှာတော့ ဟင်းလျာအဖြစ် အကြိုက် များကြတယ်။ ရခိုင်ကလာတဲ့ ကုန်စိမ်းတွေမို့ ရခိုင်စာရယ်လို့ ဈေးခေါ်ရောင်းတာဖြစ် ပါတယ်။

ငှက်ကျီးတောင်ရွက်နုကလေးတွေကို ရေနွေးဖျောပြီး အတို့အမြှုပ်အဖြစ် စားကြ သလို ပါးပါးလှီးပြီးလည်း သုပ်စားကြပါသေး တယ်။ တချို့က ဟင်းချိုချက်သောက်ကြပြီး တချို့က ဟင်းလှော်လိုမျိုး၊ ကြော်ချက်လိုမျိုး ချက်စားရတာကို ကြိုက်ကြတယ်။ ငှက်ကျီးတောင်ရွက်အရသာက အဖန်ဓာတ် ရှိပြီး ရွက်နုကလေးတွေက အနည်းငယ်ချွဲပါ တယ်။ ဒေသထွက်ကုန် သဘာဝအစာတွေ ဖြစ်လို့ ဘေးဖြစ်စရာဓာတ်ြ<ွကင်းမပါပါလို့ ရောင်းသူအစ်မကြီးက ပြောပါတယ်။