Monday, September 03, 2018

အလုပ်​သမားများစီးနင်းလာသည့်ယာဉ် တိမ်းမှောက်​၊ တဦးသေဆုံး ၊၁၃ဦးဒဏ်ရာရ


1.9.2018 မဲဆောက်

ထိုင်းနိုင်​ငံ၊တာ့ခ်​ခရိုင်​၊ မဲဆောက်မြို့မှ ဘန်​ကောက်သို့ ထွက်ခွာလာသော MoU အလုပ်သမားများတင်ဆောင်ထားသော ကားတစီးသည် ၃၁.၈.၂၀၁၈ နေ့ ည ၁၁း၃၀အချိန်လောက်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အလုပ်သမား၁ဦးသေဆုံးပြီး ၁၃ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ တာ့ခရိုင်​ရဲတပ်​ဖွဲ့၊မဲဆောက်​မြို့နယ်​ရဲတပ်​ဖွဲ့၊တာ့ခ်​နှင့်​ မဲဆောက်​ဆေးရုံကြီးမှတာဝန်ရှိသူများ၊ လူမှုကယ်​ဆယ်​ရေး တာဝန်​ရှိသူများရောက်ရှိလာခဲ့ပြီးသေဆုံးသူ၁ဦးနှင့် ဒဏ်ရာရရှိသူ တို့အား တာခ်​ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ကျန်​အလုပ်​သမားအား တာ့ခ်​ရဲစခန်း ရိပ်​သာသို့ပို့ဆောင်​ပေးခဲ့ကြောင်းသိရသည်။




ထိခိုက်ဒဏ်ရာရရှိသူများအား မဲဆောက်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစေလျှက်ရှိပြီး တာ့ခရိုင်​မှူးကျလိန်​လစ်စခွန်စဝ်နှင့်အတူစစ်ဘက်၊ နယ်ဘက်မှတာဝန် ရှိသူများ၊New Three Diamond အေဂျင်စီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးကို နှင့်အတူတာဝန်​ရှိသူများက ကူညီဆောင်​ရွက်​ပေးလျက်​ရှိကြောင်း သိရသည်။

အခင်းဖြစ်ရာ ကားပေါ်တွင် New Three Diamond Co.ltd မှ MoUစနစ်​ဖြင့်​စေလွှတ်​သူ အလုပ်​သမားကျား(၁၀)မ(၃၈)ပြင်​ပခရီးသည်​(၁၂)ဦး၊ပေါင်း(၆၀)ဦးတို့ လိုက်​ပါလာကြောင်း၊ Isuzu (၁၂)ဘီးထိုင်းယာဉ်​ အမှတ်​ 30-0427 ဖြစ်ကြောင်း၊အရှိန်​လွန်​တိမ်းမှောက်​ခဲ့ကြောင်း၊ယာဉ်​တိမ်းမှောက်​မှုကြောင့်​ အဆိုပါကုမ္ပဏီမှ စေလွှတ်သူမကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ မဲခေါင်ကျေးရွာနေ မောင်​ကျော်​ဇောဟိန်း(ဘ)ဦးစံမောင်​၊PP.No MD.014456 သည် ပွဲခြင်းပြီး သေဆုံးခဲ့ရကြောင်း သတင်းရရှိပါသည်။ ။

MOEAF ပြန်ကြားရေးကော်မတီ

Subscribe Us