Sunday, August 26, 2018

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက်လာမှု (၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့)


ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေ နှင့်မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဝင် ပေါက် အသီးသီးမှ ပြန်လည်ဝင်ရောက်လျက်ရှိရာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် မြဝတီမြို့ (၄) ရပ်ကွက်ရှိ ရွှေ့ပြောင်းအလုပ်သမားရုံးသို့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၉ ဦး (ကျား ၃၆၊ မ ၁၃) တို့ ရောက်ရှိလာခဲ့ကြ ပါသည်။




၎င်းတို့ထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အစွန်းရောက်အကြမ်းဖက်သမားများ၊ မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတုပြုလုပ်သူများနှင့် ငွေစက္ကူအတုများ ပါလာခြင်းမရှိစေရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံ ရဲတပ်ဖွဲ့ ဝင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သော ပူးပေါင်းအဖွဲ့များမှ စိစစ်ရှာဖွေခြင်း၊ စားစရာ၊ ရေနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့မှာ နေရပ်ဒေသအသီးသီး ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

Subscribe Us