Monday, September 03, 2018

ထိုင်းနိုင်ငံမှလုပ်ငန်းရှင်များနှင့် မြန်မာအလုပ်သမားများစုပေါင်း၍ ရေဘေးသင့်အိမ်ထောင်စုများအတွက် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများကူညီထောက်ပံ့



မောင်စိန်ဝင်း -ကျိုက်မရော စက်တင်ဘာ ၃

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့ သည့် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားခဲ့ရသည့် ရေဘေးသင့် ပြည်သူများအတွက် ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်များဖြစ်ကြသော ခယ် ခေါမ်အီလက်ထရွန်နစ် ကုမ္ပဏီ လီမိတက်၊ မန်းမီ MUNGMEE (2557)ကုမ္ပဏီလီမိတက်၊ ကဘီ ပရဟိတမြန်မာလူငယ်များအဖွဲ့၊ နောင်စုန်းနယ်မြေလူမှုအဖွဲ့အစည်း များနှင့် ထိုင်းနိုင်ငံရောက်မြန်မာ အလုပ်သမားများစုပေါင်း၍ ရေ ဘေးသင့်ဒေသဖြစ်သော ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း ရှိကျေးရွာများမှရေဘေးသင့်အိမ် ထောင်စုများအတွက် အလှူငွေ ဘတ်ငါးသိန်း(ငွေကျပ်သိန်း ၂ဝဝ) တန်ဖိုးရှိ စားသောက်ကုန်နှင့်လူ သုံးကုန်ပစ္စည်းများကို သြဂုတ် ၂၉ ရက်မှယနေ့အထိကျေးရွာအရောက် ပေးအပ်ထောက်ပံ့လှူဒါန်းခဲ့ကြ ကြောင်းသိရသည်။


ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ် အတွင်းရှိ ကွမ်ဖော့ကျေးရွာမှ အိမ် ထောင်စု ၂၃ဝ၊ ဒေါလန်ကျေးရွာမှ အိမ်ထောင်စု ၄ဝဝ၊ ကော့တာ ကျေးရွာမှအိမ်ထောင်စု ၄ဝဝ၊ မွန်စု ကျေးရွာမှအိမ်ထောင်စု ၈ဝ နှင့် ဒေးဖရာကျေးရွာမှ အိမ်ထောင်စု ၁၈၇စု၊ကော့ကရိတ်မြို့နယ်အတွင်း ရှိ ခရစ်ကျောက်တန်းကျေးရွာမှ အိမ်ထောင်စု၃၁၅စု၊ ကော့ဟတော ကျေးရွာမှ အိမ်ထောင်စု ၁၃ဝ၊ ကော့ဂိုကျေးရွာမှ အိမ်ထောင်စု ၄၁၅စု၊ သရက်တောကျေးရွာမှ အိမ်ထောင်စု ၆၆ဝ နှင့် ညောင်ရိပ် ကျေးရွာမှအိမ်ထောင်စု ၇ဝ၊ဘားအံ မြို့နယ်အတွင်းရှိ သံလှယ်ကျေးရွာ မှအိမ်ထောင်စု ၃၅စု၊ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတွင်းရှိ မယ်ကတိုကျေးရွာမှအိမ်ထောင်စု ၃ဝဝ၊ နိဒုန်ကျေးရွာမှအိမ်ထောင်စု ၂၅ဝ၊ကွမ်ငန်ကျေးရွာမှအိမ်ထောင်စု ၃ဝဝနှင့် မယ်ကတန်ကျေးရွာမှ အိမ်ထောင်စု ၃၅ စုတို့အတွက် ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကူညီ ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။

Subscribe Us