Tuesday, September 04, 2018

မြဝတီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ ရွှေ့ပြောင်းအလုပ်သမား ၃၄၁ ဦး ပြန်လည် ဝင်ရောက်မှု(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့)


ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနှင့်မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဝင်ပေါက်ဂိတ်အသီးသီးမှ ပြန်လည်ဝင်ရောက်လာလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ၀၆၀၀ အချိန်မှ ၁၈၀၀ အချိန်အထိ မြဝတီမြို့ (၄)ရပ်ကွက်ရှိ ရွှေ့ပြောင်းအလုပ်သမားရုံးသို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၂၅ ဦး(ကျား ၂၄၁၊ မ ၈၄)နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ သွပ်ပြားပေါက်မှ ၁၆ ဦး(ကျား ၉၊မ ၇)တို့ ပြန်လည်ဝင်ရောက်လာခဲ့ပါသည်။




၎င်းတို့ထံမှငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အစွန်းရောက်အကြမ်းဖက်သမား များ၊ မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတုပြုလုပ်သူများနှင့် ငွေစက္ကူအတုများပါလာခြင်း မရှိစေရေး အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ပူးပေါင်းအဖွဲ့များမှ စိစစ်ရှာဖွေခြင်း၊ စားစရာ၊ ရေနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့မှာ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာ သွားကြောင်း သတင်းရရှိပါသည်။

Subscribe Us