Tuesday, September 04, 2018

မြန်မာအလုပ်သမားတစ်ဦး CIစာအုပ်နှင့်မြန်မာနိုင်ငံသားစိစစ်ရေးကတ်အသိမ်းခံရ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလန်ဆန်နယ်မြေ ဇာတုပတီကျောင်းဝန်းအတွင်းရှိထမင်းဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦး၏သက်သေခံစာရွက်စာတမ်းများအသိမ်းဆည်းခံထားရသဖြင့် ယနေ့၌ အလုပ်သမားသံအရာရှိရုံးသို့လာရောက်အကူညီတောင်းခံခဲ့ကြောင်းသိရသည်။


“ဒီဆိုင်မှာအလုပ်လုပ်လာတာကြာနေပြီး အခုတလောကျမ္မားရေးမကောင်းလို့ အလုပ်နှစ်ရက် တောင်းနားတယ်၊ အလုပ်ပြန်ဆင်းတော့၊ အလုပ်ထုတ်လိုက်ပြီးပြောလို့ ကျမCIစာအုပ်နဲ့မြန်မာမှတ်ပုံတင်တောင်းတာပြန်မပေးတဲ့အပြင်ရဲနဲ့ပါခြိမ်းခြောက်လာလို့ အခုလို အလုပ်သမားသံအရာရှိရုံးမှာလာရောက်အကူညီတောင်းပါလို့ ” ဒေါ်ငယ်(ခ)ဒေါ်အေးတူးကပြောသည်။



ဒေါ်ငယ်(ခ)ဒေါ်အေးတူး၏ CIစာအုပ်နှင့်မြန်မာနိုင်ငံသားစိစစ်ရေးကတ်တို့ကို သိမ်းယူထားသည့် အလုပ်ရှင်ဖြစ်သူထံဖုန်းဆက်သွယ်၍ ဖြေရှင်းပေးခဲ့ကြောင်းသိရသည်။


“ အလုပ်သမားရဲ့စာရွက်စာတမ်းတွေကို သိမ်းဆည်းထားတယ်ဆိုတာ ဥပဒေချိုးဖောက်ရာရောက်တယ်ဆိုတဲ့အကြောင်း၊ အလုပ်ရှင်နဲ့အလုပ်သမားနှစ်ဦးနှစ်ဖက်ပြေလည်စေဖို့ညှိနှိုင်ပေးခဲ့ပါတယ်”လို့ အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးက ပြောသည်။


ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအနေဖြင့် အခက်ခဲတစုံတရာရှိပါက အလုပ်သမားသံအရာရှိရုံးသို့ဖုန်းဖြစ်ဆက်သွယ်မှုအပြင်၊  LA-Thailand အမည်ရှိ Facebookစာမျက်နှာနှင့် Viber/Lineတို့မှတဆင့်ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက်အကူညီတောင်းခံနိုင်ကြောင်းသိရသည်။

Subscribe Us