Sunday, July 03, 2022

သဲအင်းဂူဆရာတော်ဘုရားကြီးဦးဥက္ကဌ တရားအားထုတ်ပုံ နှင့် တရားထူးရရှိပုံ (၂)



      ဤသို့ အိပ်ချိန်မှအပ ၂၄ နာရီ ဆက်တိုက် သမာ ဓိ ထူထားသောကြောင့် ဓာတ်သဘော ဖောက်ပြန်မှုများကို အမြင်မှန်မြင်သိလာပါ သည်။ ထို့ပြင်

(၁) ဓာတ်လေးပါး စုဝေးရာ ရုပ်တို့မည်သည် သူ့သ ဘောနှင့် အေးရာမှပူ၊ ပူရာမှအေး၊ ကောင်းရာမှနာ၊ နာရာချုပ် အမျိုးမျိုး ဖောက်ပြန်တတ်သော သဘာဝ လက္ခဏာသာ ရှိပါလား၊ သိတတ်တဲ့သဘော မရှိပါလား၊ လူသေကိုမီးရှို့ နေစဉ် လူသေက ပူလှချည့်ဟု ထအော်၊ ခန္ဓာကိုယ် ပြာကျသွားသည့်တိုင်အောင် ခံပါ့လား၊ ရုပ်ချည်းသက်သက် သိတတ်သော သ ဘောမရှိပါလား။

(၂) သူ့သဘောနှင့်သူ ဖောက်ပြန်နေသော ဓာတ်လေးပါး အစုရုပ်ကြီးဟာ ပူသော လက္ခဏာဖြစ်နေစဉ် ပူတယ်လို့ သိနေတဲ့ သိလုံး၊ ကျဉ်နေသောအခါ ကျဉ်တယ်လို့ သိနေတဲ့သိလုံး၊ တစ်ခု သီးခြားရှိပါလား။

(၃) ဖောက်ပြန်နေသော ဓာတ်သဘောကို လည်း ကောင်း၊ ကျဉ်တယ်လို့ သိနေတဲ့သိလုံး တစ်ခုကို လည်းကောင်း၊ ဝိဇ္ဇာဉာဏ်က ဦးစီး၍ သီးခြားသိနေပါသေးလားဟု အပိုင်းသုံးပိုင်း ကွဲပြီးလာပါသည်။

နဂိုက သတ္တိရှိသူ

       ယောဂီ ဦးအောင်ထွန်း တရားဝင်သောနေရာသည် တောသဘာဝ ခြင်ကိုက်၍ ဝက်သိုက်နှင့် မကင်းသည့်အပြင် မှက်ကိုက်သောဒဏ်ကိုပါ ခံရပါ သည်။ တရားထိုင်နေစဉ် ယင်တစ်ကောင် အနှောင့် အယှက် ပေးလာလျှင် အသိမလွတ်အောင် ထိန်းရသည့်တာဝန်ကို ယောဂီများ သိပြီး ဖြစ်လေသည်။ ထို့ထက် ခြင်နှင့်ပုရွက်ဆိတ် စသည့် သတ္တဝါများ မလိုရာ ကြမ္မာငင် ဆိုသကဲ့သို့ ထင်ရာကိုက်သောအခါ အသိမလွတ်အောင် ထိန်းရသည့် သမာဓိလုပ်ငန်းမှာလည်း မသေးလှပေ။ ဦးအောင်ထွန်းအဖို့မှာကား ယင်တဝီဝီ ပရမ်းပတာ ပျံသန်းနေသည်က တစ်မှောင့်၊ ခြင်နှင့် ပုရွက်ဆိတ်တို့က မလိုရာအုံကြ၊ ခဲကြသည်ကို အကြိမ်ကြိမ်ခံရသည်ကတစ်တန်၊ ဗိုက်ဝပြီး မပျံနိုင်အောင် ကိုက်ခဲနေသော မှတ်က တစ်မျိုး၊ နှိပ်စက်ခြင်းများကို ခံခဲ့ရပါသည်။ မှက်ဆိုသော သတ္တဝါကို မြင်ဖူးကြပါလိမ့်မည်။ ယင်ကောင်ကဲ့သို့ ပုံသဏ္ဌာန်ရှိ၍ ယင်ကောင်ထက်ကြီးပြီး လက် သန်းဖျားခန့်ရှိသည့် အဆိပ်ပြင်းထန်သောအကောင်

တစ်မျိုး ဖြစ်ပါသည်။ ၄င်းသတ္တဝါ ကိုက်လျှင် ရှေး ဦးစွာ ပျားတုပ်သကဲ့သို့ နာပါသည်။ ကိုက်ရုံနှင့် မကျေနပ်ပါ၊ သွေးဝအောင် စုပ်လေ့ ရှိပါသည်။ သွေးဝပြီးသည့်တိုင်အောင် မပျံသေးပါ။ ပါးစပ်မှသွေးကို စုပ်ယူပြီး ဗိုက်ပြည့်သောအခါ ပိုလျှံသော သွေးများကို စအိုမှ ထုတ်ပါသည်။ မှက်၏ ပါးစပ်မှ သွေးစုပ် ၍ စအိုမှ သွေး တစ်စက်တစ်စက် ကျနေသော ကြောင့် ဦးအောင်ထွန်း ဝတ်ထားသော ပိတ်ဖြူလုံ ချည်သည် ဆေးနီပွင့် ရိုက်ထားသကဲ့သို့ သွေးနီကွက်များစွန်းပေနေပါသည်။ ကျွဲကျောင်းသားဘဝက ဦးအောင်ထွန်းသည် ကျွဲများကို ချည်တိုင်တွင် ညလုံးပေါက် ကြိုးချည်ထားခဲ့ရာ ထိုကျွဲများကို မှက်များထင်သလို ကိုက်နိုင်ရန်အခွင့်အရေးပေးခဲ့သည်ကို သတိရမိပါသည်။ (ဤကဲ့သို့ အပြင်အပမှ သွေး စုပ်ကောင်များကြောင့် ဖြစ်ပေါ်သော ဝေဒနာကိုလည်း ရုပ်ရုပ်ချင်း ထိခိုက်၊ ၂-ပါး ပေါင်းဆုံဝေဒနာသာ ရှိပါသလား၊ နာသူမရှိ၊ ကိုက်သူမရှိ၊ ဝေဒနာကို

သိရုံသာ သိနေပါသည်။)

      အထက်ဖော်ပြပါ ဝေဒနာများသည် ခန္ဓာအပြင် အပမှ နှိပ်စက်သော ဒဏ်ရာများ ဖြစ်ပါသည်။ တစ် နည်းအားဖြင့် အပြင်အောင်ခြင်း၊ အသေးစားဖြစ် သည်ဟု သတ်မှတ်နိုင်ပါသည်။ တရားထူးရပြီးနောက် အချုပ်ခန်းထဲ အရိုက်ခံရသည်မှာ ပိုဆိုးပါသေးသည်။ထိုစဉ်က စိတ်ကလေးကို လွတ်ရာမှာ ထားပုံမှာ အံ့ဖွယ်ရာ ဖြစ်ပါသည်။ အကြောင်းဆုံက ဖော်ပြပါဦးမည်။ ယခုတစ်ဖန် အတွင်းရန် နှိပ်စက်ပါတော့မည်။ တရားထိုင်စအခါက ခန္ဓာတွင်းက မိမိ သည်းမခံနိုင်လောက်အောင် မိမိခန္ဓာ၏ ဆန့်ကျင် ဘက် နာကျင်ကိုက်ခဲဝေဒနာများ၏ ဒဏ်ရာဒဏ် ချက်ကို ခံရပါသည်။ (ထိုနာကျင်ကိုက်ခဲများကို ဖောက်ပြန်မှုက သီးခြားသတ်သတ်၊ နာကျင်ကိုက်ခဲ ဝေဒနာသိနေတာက သီးခြားသတ်သတ်ဟု ဝိဇ္ဇာဉာဏ်က ဦးစီးပြီး အနိုင်ယူခဲ့ပါသည်။)

နဂိုက ဘဝင်မမြင့်တတ်သူ

       ယခု တိုက်ရမည့်ရန်သူသည် မိမိဆန္ဒနှင့် ဆန့် ကျင်ဘက် နာကျင်ကိုက်ခဲ မဟုတ်တော့ပါ။ မိမိအလိုဆန္ဒကို လိုက်လျော၍ အတွင်းက တိုက်ဖျက်ပါတော့မည်။ သမာဓိအင်အား ကောင်းသည်နှင့်အမျှ ပေါ်ပေါက်တတ်သော သဘာဝတစ်ခု ဖြစ်ပါသည်။ တရားထိုင်နေစဉ် မိမိရှေ့မှောက်၌ စားသောက်ဖွယ် ပေါ်လာပါသည်။ မထင်မရှား ဝိုးတိုးဝါးတား မဟုတ်ပါ။ ထင်ထင်ရှားရှား ပေါ်လာပါသည်။ ဆန်ပြုတ်၊ နို့ထမင်း၊ သို့မဟုတ် ထမင်းဖြူ၊ ထမင်းကြော် ကွဲကွဲ ပြားပြား သိရသည့်အပြင် ငါးခြောက်၊ ကြက်သား၊ ဆီနှင့်အဖြူထည်၊ သို့မဟုတ် ငရုတ်သီးဖြင့် ချက် သည်။ ဟင်းတုံးအရေအတွက် စသည့် အသေးစိတ် အချက်အလက် စုံစွာ တွေ့မြင်ရပါသည်။ ဤကဲ့သို့ ညပိုင်း တရားထိုင်စဉ်က အာရုံထဲ တွေ့ရသည့်အ တိုင်း နံနက်အရုဏ် ထမင်းပွဲတွင် ထည့်ထားသော ပန်းကန်ပြား အသွေးအရောင် အနေအထားမှမလွဲ ထပ်တူထပ်မျှ လက်တွေ့မြင်ရပါသည်။

         ရွာထဲတွင် ထူးခြားမှုရှိလျှင် ကြိုတင်သိနေရပါ သည်။ တစ်နည်းအားဖြင့် တချို့ပုဂ္ဂိုလ်များ အမွန်အမြတ် အသိအမှတ်ပြုသော မနောဓာတ် အထင် ဓာတ် အမြင်ဓာတ် ပေါက်နေပါသည်။ အကြားအ မြင်ဆရာကြီး အခြေအနေသဘော ဖြစ်နေပါသည်။ ဤအာရုံကို ဦးအောင်ထွန်းမမက်မောခဲ့ပါ။ 

         ပါဠိပါဌ်သား မပါ၊ ရိုးရိုး မြန်မာဘာသာဖြင့် မြတ်စွာဘုရား၊မြတ်စွာဘုရားဟု ပုတီးစပ်သောအခါ လှုပ်လှုပ်ရှားရှားသက်တော်ထင်ရှား မြတ်စွာဘုရားကို ဖူးတွေ့ခဲ့ရလေသည်။ မိမိလျှောက်ထားလိုသော စကားကို လျှောက်ထားရာ မြတ်စွာဘုရားက ပြန် လည်ဖြေကြားခြင်း ပြုလေသည်။ သာမန်ပုဂ္ဂိုလ်များအတွက်ဘဝင်မြင့်စရာ ဖြစ်နေပါသည်။ ယောဂီ ဦးအောင်ထွန်းမှာ ဘုရားထံမှ တရားသာ တောင်းနေပါသည်။ အခြား ဘာမျှ အလိုမရှိတော့ပါ။ မိမိသည် လောကီအာရုံ ကာမဂုဏ်၌ လိုလေသေးမရှိ၊ ကုန်စင် အောင် ခံစားခဲ့ပြီးလေပြီ၊ ဤသို့လျှင် ယောဂီ ဦးအောင်ထွန်းသည် အတွင်းရန် အသေးစားကို အောင်ခဲ့ပြန်ပါသည်။

      ယောဂီဦးအောင်ထွန်းသည် အပြင်ပမှ ခပ်ကြမ်းကြမ်းတွေ့ရသော အဖျက်အဆီးကိုလည်း အောင်ခဲ့သည်။ အတွင်းမှ အနုစား ချော့မြူသော အာရုံကိုလည်း ပယ်ခဲ့သည်။ မိမိခန္ဓာကိုယ်ကြီးကိုလည်း ဖောက်ပြန်နေသော ဓာတ်က သီးခြား သတ်သတ်၊ နာကျင်ကိုက်ခဲဝေဒနာကို ခံစားရသော သိလုံးက သီခြား သတ်သတ်၊ သူ့အကန့်နှင့်သူ ခွဲထားနိုင်စွမ်း ရှိခဲ့လေသည်။ ရုပ်နာမ်နှစ်ပါး ခွဲခြားသိခဲ့ပါသည်။

    ဤရက်အတောအတွင်း၌ပင် နာကျင်ကိုက်ခဲ ပူအေးလှုပ်ရှားမှုတို့ဖြင့် အမျိုးမျိုး ဖောက်ပြန်သော ဓာတ်လေးပါးအပေါ် လက္ခဏာရေး ၃-ပါး ထင်မြင်လာပါသည်။ ဤဓာတ်လေးပါးအပေါ် သစ္စာ ၄-ပါး ပိုင်းလာပါသည်။

တရားရပါတော့မည်

          ဤသို့တရားကျင့်စဉ် အာရုံထဲတွင် ပုံသဏ္ဌာန် ပေါ်လာတတ်သည်ကို တွေ့ကြုံခဲ့ဖူးသည်။ မိမိရှေ့ မှောက်၌ လူတစ်ယောက် ပေါ်လာပါသည်။ ထိုပုဂ္ဂိုလ်သည် အခြားသူမဟုတ် မိမိခန္ဓာကိုယ်တစ်ခု ဖြစ်နေကြောင်း သိရပါသည်။ ထိုအာရုံသည် တစ်ခါ တစ်ရံ ကွယ်ပျောက်ပြီးတစ်ခါတစ်ရံ ပေါ်လာပါ သည်။ ဦးအောင်ထွန်းသည် မိမိခန္ဓာကိုယ်မှ အပြင်ဘက် မည်သည့်အာရုံကိုမျှဂရုမစိုက်ဘဲ မိမိ၏ ခန္ဓာ ကိုယ်ကြီးကိုသာ အာရုံစိုက်၍ တရားထိုင်ပါသည်။မျက်စိက မှိတ်ထားသော်လည်း သမာဓိ အစွမ်းကြောင့် အကြည်ဓာတ်ပေါ်လာပါသည်။

      ဓာတ်မီးရောင်ထက် လင်းလာပါသည်။နေ ရောင်တောက်ပသကဲ့သို့ တောက်ပသော်လည်း စူးစူးရှရှ မျက်စိမကျိန်းပါ။ နေရောင်ကဲ့သို့ လင်းပြီး လရောင်ကဲ့သို့ ကြည်လင်အေးမြပါသည်။ မျက်စိခံသာပါ သည်။ အချိန်ကြာမြင့်စွာ သမာဓိတည်နိုင်သည်နှင့်အမျှအကြည် ဓာတ် တာရှည်စွာ ခံပါသည်။

    ဦးအောင်ထွန်းသည် မိမိခန္ဓာကိုယ်ကိုအာရုံစိုက်ထားနေစဉ် အကြည်ဓာတ် ပေါ်လာပါသည်။ ဤအကြည်ဓာတ်ပေါ်ပြီးနောက် မိမိခန္ဓာကိုယ်ကြီးကို အကြည်ဓာတ်ထဲ မြင်ပါသည်။ မျက်စိမှိတ်ထားသော်လည်း မျက်စိဖြင့် ဖွင့်ကြည့်သကဲ့သို့ ထင်ထင် ရှားရှားမြင်ရပါသည်။ ရှေးဦးစွာ အရေပြား မြင်ရပါသည်။ ထို့နောက်အရေပြား အောက်အသားကို မြင်ရပါသည်။ ၄င်းနောက် အရိုးများမြင်ရပါသည်။ မိမိမြင်ရသော အရေအသား အရိုးများသည် ကြည့်နေရင်း ဖူးဖူးရောင်လာပါသည်။ ပုပ်ပွလာပါသည်။ လောက်များ ကျလာပါသည်။ အရိုးစု ဖြစ်သွားပါ သည်။ ထိုမှတစ်ဖန် အရေးအသားများပေါ်လာပြီး မီးပန်းမီးပေါက်များကဲ့သို့ ပွက်ပွက်ထလာပါသည်။ အညိုအမည်း ဖြစ်သည်အထိ လောင်ကျွမ်းပါသည်။ထို့နောက်ပြာကျသွားပါသည်။ 

          ဤကဲ့သို့ မိမိခန္ဓာကိုယ်ကြီး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပျက်စီးနေသည်ကို မြင်ရသကဲ့သို့ မိမိခန္ဓာ ကိုယ်မှအပ အခြားကမ္ဘာပေါ်ရှိ သက်ရှိသက်မဲ့ ဝတ္ထု ပစ္စည်း သစ်ပင်တိုက်တာ စသည်တို့ကို အာရုံပြုပြပြန်လျှင်လည်း ပျက်စီးချင်းမလှ ပျက်စီးနေသည်ကို တွေ့ရပြန်သည်။ အဖျက်အစီး တွေ့ပါများ၍ တုန် လှုပ် ချောက်ချားနေသောကြောင့် အားကိုးအားထား ရလိုရငြား သိမ်ထဲကဆင်းတုတော်ကို ဖူးမြော်ပြန်သော်လည်း ဆင်းတုတော်ကြီးမှာ ဖရိုဖရဲ ပျက်စီးနေသည်ကို ဖူးရပြန်သည်။ ထို့ကြောင့် ဦးအောင်ထွန်းသည် စိတ်မချမ်းမသာ ဖြစ်နေပါသည်။ ဤအာရုံများကြောင့် စိတ်ဆင်းရဲနေရာ နှာခေါင်းမှ မိမိရှုနေကျ အသိမလွတ်စေဘဲ ခပ်မှန်မှန် ရှုမြဲရှုနေပါ သည်။ တရားခွင်တွင် အချိန်ကြာမြင့်စွာ ထိုင်နေသောကြောင့်တက်နေကျ ဝေဒနာများကလည်း တရစပ် တက်မြဲတက်နေပါသည်။ ထိုအခါ အသက် ရှူရှိုက်ခြင်းနှင့် နာကျင်ကိုက်ခဲ ဝေဒနာကို ဘောင်ချိန်၍ ညှိထားပါသည်။

        ဤနေရာတွင် “ဘောင်ချိန်၍” ဟူသောအသုံးအနှုန်းကိုရှင်းပြပါဦးမည်။ ချိန်ခွင်ဘောင်တွင် တင်ထားသော ပစ္စည်းနှင့် အလေး တစ်ဖက်စောင်း နင်း မဖြစ်စေရန် အညီအမျှ ဖြစ်စေရန်၊ အလေးကို အလျှော့အတင်း ပြုရသကဲ့သို့ ဝေဒနာနှင့် ဝင်လေ ထွက်လေ အညီအမျှဖြစ်စေရန် လေကို ပြုပြင်ရှုပေးသည်ကို “ဘောင်ချိန်“  "ဘောင်ချိန်ပေး” ဟု ဆရာတော်က သူ့ဝေါဟာရနှင့်သူ တရားထိုင်နေစဉ် ဝေဒနာမလိုက်တတ်သေးသော သူများကို လမ်းပြလေ့ ရှိပါသည်။ ရုပ်ဝေဒနာ ဖောက်ပြန်မှုသည် သဘာဝအ‌လျောက် ဖြစ်ချင်သလို ဖြစ်နေသော ကြောင့် ဝေဒနာတက်လျှင် တက်သည်နှင့်အမျှ လေကို ခပ်ဆတ်ဆတ် ခပ်ပြင်းပြင်း ပြုပြင်၍ ရှူပေးပါ သည်။ ဝေဒနာနုံးနေလျှင် ဇောမတင်ဘဲအလိုက်သင့် ရှူသွားပါသည်။

         ဝေဒနာ မည်သည့်အခြေအနေ ရောက်ရောက် နှာသီးဝ အသိကို ချည်တိုင်တွင် မြဲမြဲချည်ထားသော ကြိုးကဲ့သို့ မြဲစေပါသည်။ ဝေဒနာ ကွယ်ပျောက်သွားသည်အထိ လေကို အဓမ္မမရှူသည်ကို သတိပြုသင့်ပေသည်။ ပညာနှင့် သမာဓိ အညီအမျှဖြစ်စေရန် ဘောင်ချိန်ခြင်းသာ ဖြစ်ပါသည်။ ဝေဒနာက ပညာ ဖြစ်လာပါမည်။ ဝင်လေထွက် လေက သမာဓိ ဖြစ်လာပါမည်။ ဤအချက်သည် ဦးအောင်ထွန်းအဖို့ အထက်သို့တက်မည့် မူလအခြေခံလုပ်နည်း

လုပ်ဟန်ပညာ တစ်ရပ်အဖြစ် ထိုးထွင်း၍ သိခဲ့သော အချက်တစ်ခုဖြစ်ပါသည်။ ဤမှ ရှေ့တက်လမ်းမှာ “ပါရမီ”ဟု ဆိုရိုးစကားရှိသော်လည်း ဇွဲနှင့်သတ္တိရှိပြီး တကယ် တရားလိုချင်လျှင် လုပ်သလောက် တကယ်ရမည်ဟု ယုံကြည်မိပါသည်။

စက္ခုံဥဒပါဒိ

       တရားရရန် တစ်ခုတည်းသော ရည်ရွယ်ချက်ရှိသည့် ဦးအောင်ထွန်းသည် …….

(၁) မှိတ်ထားသော မျက်စိဖြင့် မိမိခန္ဓာကိုယ်ကို  

      အာရုံ ဖြင့်စိုက်ကြည့်နေစဉ်

(၂) နာကျင်ကိုက်ခဲသည့် ဝေဒနာများ တက်လာပုံကို 

      ကျသွားပုံကို အသိမလွတ်စေဘဲ

(၃) နှာခေါင်းမှ ဝင်လေထွက်လေကို သူ့သဘောနှင့်

      သူ မှန်မှန်ရှုပြီး တရားရှာနေပါသည်။

      ဦးအောင်ထွန်းသည် အကြည်ဓာတ်ထဲတွင် မိမိခန္ဓာကိုယ်ကြီးသည် ပုံသဏ္ဌာန်အမျိုးမျိုး ပျက်စီးနေသည့်အတွက် မိမိခန္ဓာကိုယ်ကြီးမမြဲကြောင်း သ ဘော ပေါက်နေပါသည်။ မိမိခန္ဓာကိုယ်ကြီး မကြည့်ဝံ့မနာသာ မတွေ့မမြင်ချင်ပေမဲ့ မြင်နေရသည့်အ တွက် ဆင်းရဲနေပါသည်။ နာကျင်ကိုက်ခဲ ဝေဒနာများက မနာချင်မနေရ၊ မကျဉ်ချင်မနေရသော ကြောင့်လည်း ဆင်းရဲနေပါသည်။ မိမိခန္ဓာကိုယ်ကြီးအား မနာမကျင်စေလိုသော်လည်း နာမြဲနာနေပါ သည်။ ကျင်မြဲ ကျင်နေပါသည်။ မိမိဖြစ်ချင်သလို မဖြစ်ဘဲ သူဖြစ်ချင်သလို ဖြစ်နေကြောင်း မျက်မြင် ကိုယ်တွေ့ ဖြစ်နေပါသည်။ ပညာဉာဏ်ရနေပါသည် ။ ခန္ဓာကိုယ်တွင်းက ဖောက်ပြန်နေသော ဓာတ်များအပေါ် လက္ခဏာရေး သုံးသပ်နေပါသည်။

ဉာဏံ ဥဒပါဒိ

       ခန္ဓာဖြစ်ပျက်မှု ဒုက္ခကြီးကို မျက်စိဖြင့် ကြည့်သကဲ့သို့ ပိုင်ပိုင်နိုင်နိုင် တွေ့နေရသဖြင့် ဒုက္ခကို ဒုက္ခမှန်း အမှန်အတိုင်း သိလာပါသည်။ ထိုအခါ ဤဒုက္ခသစ္စာမည်သော တရားတို့သည် ဤရုပ်နာမ်သာလျှင် ဖြစ်သည်။ ဤရုပ်နာမ်ကိုချန်လှပ်၍ ဒုက္ခသစ္စာဖွဲ့ရန်မရှိ စသည်ဖြင့် ထက်ဝန်းကျင်မှ ပိုင်းခြား၍ သိအပ်ပြီ၊ သိပြီးပြီဟုသိမြင်တတ်သော ပညာမျက်စိသည်ထင်ရှားစွာ ဖြစ်ပေါ်လာပါသည်။ ဤဒုက္ခသစ္စာမည်သော တရားတို့သည် ဤရုပ် ဤနာမ်သာ ဖြစ်သည်ဟု အများအားဖြင့် ပိုင်းခြားဝေဖန်တတ်သော ပညာ သည်ထင်ရှားလာ၏။ 

        ဤဒုက္ခသစ္စာမည်သော သဘောတို့သည် ဤရုပ် ဤနာမ်သာလျှင် ဖြစ်သည်။ လောကအားလုံးသည် ဤရုပ်ဤနာမ် အကြောင်းကြောင့် ဖြစ်ပျက်မဆုံး ဒုက္ခတုံးချည်းပါပဲဟု ထင်ရှားစွာဖြစ်ပေါ်လာ၏ ။ ဦးအောင်ထွန်းသည် ပထမအကြိမ် တရားထူးတွေ့စဉ်က အထက်ဖော်ပြပါ ဒုက္ခ၏ အင်္ဂါရပ်များကို ဖြတ်ကျော်ခဲ့သည်။ အသိထူးသည်ကိုသာ သိလိုက် ပါသည်။ သို့သော် အပြားအားဖြင့် ဝေဖန်ပိုင်းခြား၍ မသိခဲ့ပါ။ တတိယအကြိမ် တရားထူးတွေ့ပြီးသည့်

နောက် ကာလသုံးပါး ဆင်ခြင်ပြန်သောအခါ ဒုက္ခ၏ အကျယ်အဝန်းသည် ဤရုပ် ဤနာမ်သာဖြစ် ကြောင်း ဤရုပ်ဤနာမ်ကို အသေးစိတ် တိုင်းထွာမိလေသည်။

ပညာဥဒပါဒိ

        ဦးအောင်ထွန်းသိခဲ့သော ထူးခြားချက်မှာ ဒုက္ခ ၏ အရင်းအမြစ်သည် နာတယ်၊ ကျဉ်တယ်၊ ကိုက်တယ်၊ မခံသာအောင်ဖြစ်တယ်ဟု ဆိုကာ နာတယ်လို့ ငါက သတ်မှတ်နေလို့ နာတာ၊ ကျဉ်တာလို့။ ငါက သတ်မှတ်နေလို့ ကျဉ်တာ၊ ကျဉ်တဲ့အထဲ ငါပါသ လား ရှာကြည့်စမ်း……. ငါလည်း မတွေ့ရပါလား၊ နာတဲ့အထဲ ငါပါသလား ရှာကြည့်စမ်းပါ၊ ကျဉ်တယ်ဆိုတာ အဝိုင်းလေးလား၊ လေးထောင့်လေးလား၊ နာတယ်ဆိုတာ ပုပုလေးလား၊ ရှည်ရှည်လေးလား၊

ဘာမှလည်း မတွေ့ရပါလား၊ တကယ်တော့ မရှိတာ အရှိလုပ်ပြီး ကပ်ငြိတဲ့ သဘောကလှည့်စားတာပဲ၊ ဒီလိုနာကျင်ကိုက်ခဲတဲ့ ဝေဒနာကို မကပ်ငြိတော့ပါဘူးဟု စိတ်က ယတိပြတ် ပိုင်းဖြတ်လိုက်သောအခိုက် ကာလမခြား လျှပ်တစ်ပြက်အတွင်း မူလခံစားနေရသော နာကျင်ကိုက်ခဲ ဝေဒနာများ ပျောက်ချင်းမလှ ပျောက်ကင်းသွားပါသည်။ ပုံသဏ္ဌာန်အမျိုးမျိုး တွေ့နေရသော ခန္ဓာကိုယ်ကြီး မမြင်ရတော့ပါ။ ကိုယ်၏ ပေါ့ပါးခြင်း၊ စိတ်၏ ကြည်လင်ခြင်း ဖြစ်နေပါသည်။ ရှေ့ဆက် တရားအားထုတ်သောအခါ တိုးတက်ထူးကဲ ဆန်းပြားပါသည်။ မှိတ်ထားသော မျက်စိ ရုတ်တရက် ပွင့်သွားပါသည်။ တစ်သက်တွင် တစ်ခါမှ မကြုံဖူးသေးသော အတွေ့ထူး ဖြစ်ပြီဟုသိလိုက်ပါသည်။

အကာလိကော

       ဦးအောင်ထွန်းသည် ဤအတွေ့ထူးကိုတရားဝင်ပြီး ၆-ရက်ကြာ ၁၃၂၁-ခု၊တော်သလင်းလဆန်း (၁၁) ရက်၊ (12th September 1959) နေ့တွင် နေ့လယ် ၁၂-နာရီသာသာ မိမိတရား ဝင်ရာဌာန နှောကုန်ကျေးရွာ ကျောင်းကလေး သိမ်အတွင်း၌ တွေ့ကြုံခဲ့ပါသည်။ ဤအတွေ့ထူး မတွေ့မီ တရားထိုင်စဉ်က ဓာတ်တစ်ပါး ကုန်ဆုံးသည်အထိ အသိကပ်ထားသောကြောင့် ဝေဒနာ ချုပ်ပုံချုပ်နည်းကို ဦးအောင်ထွန်း အကြိမ်ကြိမ် တွေ့ခဲ့ရသော အသိများနှင့် ယခုအထူးသိလိုက်သော အသိသည် အလွန် ကွာခြားခြင်းကြောင့် သတိမူမိသည်။ အကယ်၍ တရားထူးတွေ့နေသော ပုဂ္ဂိုလ်တစ်ဦးအား အပြင် ပွဲကြည့်ပရိသတ် တစ်ဦးက အကဲခတ်လျှင် ရိုးရိုးဝေဒနာချုပ်ပုံနှင့် တရားထူးရပြီ ဝေဒနာချုပ်ပုံ ကွာခြား သည်ကို သိနိုင်ပါလိမ့်မည်။

        တရားဝင်ခါစ ယောဂီ တစ်ဦး တစ်ယောက် ဝေဒနာချုပ်ပုံမှာ ဣန္ဒြေပျက်ပါသည်။အပြင်းအထန် နာကျင်ကိုက်ခဲမှု ရပ်စဲသွားပြီးနောက် မျက်လုံးဖွင့်လာသောအခါကြောင်တက်တက် ဖြစ်နေပါသည်။ ထူးထူး ဆန်းဆန်း ဟိုကြည့် ဒီကြည့် ကြောင်တောင် တောင်ကြည့်နေတတ်ပါသည်။ တရားထူးရသော ပုဂ္ဂိုလ်များမှာ ဤကဲ့သို့ဝေဒနာချုပ်ပုံ အကြိမ်ကြိမ် အဖန်ဖန် တွေ့ကြုံခဲ့ရသောကြောင့် ဝေဒနာမချုပ်မီကပင် ဝေဒနာချုပ်မည့်အချိန်ကာလကို မှန်းဆတတ်သည်။

       ရုပ်နှင့် နာမ်ကွဲကွဲပြားပြား သူ့အကန့်နှင့်သူ ထားတတ်လာသည်။ နာကျင်ကိုက်ခဲမှုသည် သီးခြားသတ်သတ် ဖောက်ပြန်နေသော ဓာတ်သဘောသည် သီးခြားသတ်သတ်၊ သူ့အပိုင်းနှင့်သူ ကွဲပြားပြီး တရားရှာနေခြင်းကြောင့် တရားထိုင်စဉ် မျက်နှာအမူအရာမှာ ရှုံ့မဲ့ခြင်း၊ မခံသာသည့်သဘောမျိုး မရှိဘဲ ဝေဒနာအပေါ် နိုင်နိုင်နင်းနင်း ဆင်ခြင်ပြီး ချုပ်ဆုံးသည့်တိုင်အောင် လက္ခဏာရေး သုံးသပ်ခြင်း၊ သစ္စာပိုင်းခြင်း ကိစ္စများကို ဣန္ဒြေရရ ဆောင်ရွက်လာပါသည်။ ဝင်လေထွက်လေမှာလည်း မမြန်လွန် - မနှေးလွန်းဘဲ သူ့သဘောနှင့်သူ မှန်မှန်ရှုနေပါသည်။ ဦးအောင်ထွန်း တရားထူးရစဉ်က မည်မည်ရရ ပြန်မပြောတတ်စေကာမူ မိမိတော့ ထူးပြီဟု သိထားပါ သည်။

ယုံမှားခြင်းကင်းလေပြီ

      ဦးအောင်ထွန်းသည် မိမိဘာထူးသည်ကို မိမိ ပီပီသသ မသိခဲ့သော်လည်း ဦးအောင်ထွန်း ထင်ထင် ရှားရှားသိသော အချက်နှစ်ရပ်ရှိပါသည်။ ၄င်းတို့မှာ

(၁) ယခုလူအများ ပြောဆိုနေကြ၊ သမုတ်ကြသော “ငါ” ဆိုသော သတ္တဝါသည် နာကျင်ကိုက်ခဲ အပြည့် အဝရှိသော ဓာတ်ပေါင်းစုသာ ဖြစ်သည်။

(၂) ငါ့သဘောနှင့် ငါ ပြုပြင်လို့ရတာ ဘာမျှမရှိပါလား၊ မမြဲခြင်းတရားမှာ ကိုယ်တွေ့၊ ဆင်းရဲခြင်းသဘောမှာ ကိုယ်တွေ့ပါလား၊ မြတ်စွာဘုရား ဟော ကြားတော်မူခဲ့သော တရားတော်များသည် အလွန်မှန်ပါလား၊ တကယ်မှန်ပါလား စသည်ဖြင့် ဦးအောင်ထွန်း ပြတ်ပြတ်သားသား မြင်လာပါသည်။ တွေဝေခြင်း မရှိခဲ့ပါ။

#တတိယအကြိမ်ပူဇော်ပါသည်

#သာဝက‌ဝေနေယျ_ThuKha_2_of_2

#Credit_ဝိပဿနာနှင့်ဉာဏ်ပညာ

Subscribe Us