Monday, April 20, 2020

ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုနှုန်းကျဆင်းလာ



ဧပြီ ၂၀ ရက်တွင် ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၇ ဦး ထပ်မံတွေ့ရှိကြောင်း
ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် တာဝီဆင် ဗီဆနူယိုသင်က အတည်ပြုပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ၃ရက်အတွင်း သေဆုံးသူမရှိကြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်းသည် ၂၇၉၂ ဦးဖြစ်ပြီး ၁၉၉၉ ဦး ပြန်လည်ကျန်းမာလာပြီ ၇၄၉ဦး သည် ဆေးရုံများတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း ဆက်လက်ပြောသည်။




နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုနှုန်းသည် ယခုရက်အနည်းငယ်၌ သိသာထင်ရှားစွာကျဆင်းလာသော်လည်း  ဧပြီ ၃၀ ရက်တွင် သက်တမ်း ကုန်ဆုံးမည့် အရေးပေါ်အခြေအနေ ကြေညာချက်ကို ထပ်မံသက်တမ်းတိုးခြင်း ရှိ၊ မရှိကို အာဏာပိုင်များအနေဖြင့် မဆုံးဖြတ်ရသေးကြောင်းသိရသည်။