ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူ ၃၂ ဦးကို ထပ်မံတွေ့ရှိခဲ့ပြီး နိုင်ငံတွင်းရောဂါကူးစက်ခံရသူဦးရေ ၂၇၆၅ ဦး ထိရောက်ရှိလာကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာ သာဝီးဆင်ဝီဆာနူယိုသင်က ယနေ့၌ပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ယနေ့ အထိ သေဆုံးသူ ဦးရေမှာ ၄၇ ဦးရှိပြီး ဆေးရုံ၌ဆေးကုသမှုခံယူနေသည့်လူနာ ၇၉၀ ဦးရှိကြောင်းကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူဦး၁၉၂၈ဦးကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ထိုင်းနိုင်ငံတွင် ဇန်နဝါရီလမှစတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားမှုသည့် ခရိုင် ၆၈ခုသို့ကူးစက်ပြန့်နှံ့ခဲ့သော်လည်း ယခုလ၁၄ရက်အတွင်း ကူးစက်ရောဂါအသစ်ထပ်မံမတွေ့ရသည့် ခရိုင် ၂၉ခုရှိကြောင်းနှင့် ယနေ့အချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားမှု မရှိသည့် ခရိုင် ၉ ခုရှိကြောင်းသိရသည်။
Image :AP ၊ စောမောင်( အလုပ်သမားဟစ်တိုင်)
#Covid19 #Corona virus todaynews #Labour Hittai #Labour Hittai TV News #Thailand COVID19