Saturday, November 09, 2019

ကော့သောင်းနယ်စပ်ဂိတ်မှ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ပြန်လည်လက်ခံ



ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများက မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၉၅ ဦး ၊ အမျိုးသမီး ၁၃ဦးနှင့်ကလေးငယ် ၂ ဦး အပါအဝင် စုစုပေါင်း အလုပ်သမား ၁၁၀ ဦး ကို ယမန်နေ့ ညနေပိုင်းက ကော့သောင်းနယ်စပ်ဂိတ်သို့ ရေလမ်းခရီးဖြင့် လာရောက် ပြန်လည်လွှဲပြောင်းပေးအပ်ရာ ကော့သောင်း မြို့နယ်တာဝန်ရှိအဖွဲ့အစည်းများကပြန်လည် လက်ခံခဲ့ကြောင်း သိရသည်။



အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်း လွန်ခြင်းနှင့် အထောက်အထား မဲ့နေထိုင်ခြင်း တို့ကြောင့် ထိုင်းနိုင်ငံဥပဒေများအရ အရေးယူခံရပြီး မြန်မာနိုင်ငံသို့ပြန်လည်လွဲပြောင်းပေးခဲ့ခြင်းဖြစ်ရာ လာရောက် လွှဲပြောင်း ပေးသည့်အလုပ်သမားများအား ကော့သောင်းခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ အလုပ်သမား ညွှန်ကြားမှုဦးစီး ဌာနနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများကကြိုဆို လက်ခံကြကာ ပြည်သူ့ ကျန်းမာရေး ဌာနမှ လိုအပ်သည်ကျန်းမာရေးပြုစုရှောက်မှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရန်ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။


ကျော်စိုး(ကော့သောင်း)

Subscribe Us