Saturday, November 09, 2019

နခုံပထုန်ရှိနာမည်ကြီးတံဆိပ်အဝတ်အထည်ထုတ်လုပ်သည့်စက်ရုံပိတ်သိမ်းရန်ကြေငြာချက်ထုတ်ပြန်


ထိုင်းနိုင်ငံ နခုံပထုန်ခရိုင် မီ(င်)နယ်မြေ ထနွန်ခတ်ရပ်ကွက် အုပ်စု(၃)အမှတ်(၉၆) Nitpointကုမ္ပဏီလီမိတက့်အမည်ရှိ နိုင်ငံခြားပို့ကုန် နာမည်ကြီးတံဆိပ်အဝတ်အထည်ထုတ်လုပ်သည့်စက်ရုံပတ်သိမ်းရန်(၈.၁၁.၂၀၁၉)နေ့ကကြေငြာချက်တစ်ခုထုတ်ပြန်ခဲ့ကြောင်းသိရသည်

၎င်းကြေငြာချက်ထုတ်ပြန်ခြင်းကြောင်း အလုပ်သမား (၂၃၀)ဦးသည် မိမိတို့ရရှိမည့် လုပ်အားခ ၂လကျော်ခန့် ၄ ဝိစာနှင့်မိမိတို့ရသင့်ရတိုက်သည့်အခွင့်အရေးများနှင့်တရားမျှတမှုရရှိရန် နခုံပထုန်ခရိုင် မြို့တော်ခန်းမတွင် ၎င်းကုမ္ပဏီလုပ်သမားများသွားရောက်တောင်းဆိုခဲ့ကြောင်းသိရသည်



ကုမ္ပဏီအနေနှင့် အလုပ်ရုံပိတ်သိမ်းရခြင်းနှင့်အလုပ်သမားများအားအလုပ်ဆက်လက်မပေးနိုင်ခြင်းမှာ လုပ်ငန်းဆုံးရှုံးမှုဖြစ်ပေါ်လာသည်မှာ ကာလအတန်ကြာပြီဖြစ်သည့်အတွက်အလုပ်ရုံစီးပွားရေးအခြေနေအရ အလုပ်သမားများအား အလုပ်ဆက်လက်မခိုင်းစေနိုင်တော့ပဲ့ အလုပ်ရုံပတ်သိမ်းရန်လိုအပ်လာကြောင်း သိရသည်



၎င်းအလုပ်ရုံအလုပ်သမားများ၏ လုပ်အားခများရှင်းပေးရန် အလုပ်ရုံအနေဖြင့် စက်ရုံ နှင့် စက်ပစ္စည်းများရောင်းချကာအလုပ်သမားများအား ညီတူညီမျှရှင်းပေးရန် ယနေ့(၉.၁၁.၂၀၁၉)တွင် ဆက်လက်ထုတ်ပြန်မည်ဖြစ်ကြောင်းသိရသည်

အဆိုပါစက်ရုံ၌ မြန်မာအလုပ်သမား(၄၁)ဦးဝင်ရောက်
အလုပ်လုပ်ကိုင်လျက်ရှိ ၎င်းအလုပ်သမားကိစ္စများ
နှင့်ပက်သပ်၍ မြန်မာအလုပ်သမားသံအရာရှိရုံးမှ
သွားရောက်ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။

Subscribe Us