Friday, March 15, 2019

မြန်မာအလုပ်သမားအချင်းချင်းဓားဖြင့်ထိုးသက်





ထိုင်းနိုင်ငံ စမူပုရာကန်ခရိုင် ဖတ်ပဒဲ့နယ်မြေ ဘန်ခလုရပ်ကွက် စူစဝပ် ၇၀လမ်းအတွင်းယမန်နေ့(၁၄.၃ .၂၀၁၉) ည၈နာရီခန့်ကအမျိုးသားအလောင်းတစ်ဦးမြောင်းထဲကျနေသည်ကို ထိုင်းနိုင်ငံသားတစ်ဦးမှ တွေ့ရှိရပြီးတာဝန်ရှိရဲအရာရှိများထံ ဆက်သွယ်အကူညီတောင်း ခဲ့ကြောင်းသိရသည်။






အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးရာမြန်မာအလုပ်သမားဟုထင်ရသည် မျက်နှာရင်အုံဘယ်လက်မောင်း လည်ပင်း ဓားဒဏ်ယာ ၁၀ ချက်ခန့်ဖြင့်မှောက်လျက်အနေထားသေဆုံးနေကြောင်းသိရသည်။


စစ်ဆေးချက်အရ အခင်းအဖြစ်မီ(၁)နာရီခန့်က သေဆုံးသူ(မောင်ဝင်း)အမည်ရှိ မြန်မာအလုပ်သမား သူငယ်ချင်းနှစ်ဦးနှင့် အရက်ဝယ်ပြီးအတူလျှောက်သွားသည်ကို အနီးနားကCCTV မှတစ်ဆင့်တွေ့ရှိရပြီးအခင်းဖြစ်ပွားသည့်နေရာနှင့်(၃၀၀)မစ်အကွာတွင်နေထိုင်သည့်သံသယရှိသည့်မြန်မာအလုပ်သမားအခန်းသို့ သွားရောက်စစ်ဆေးရာ သွေးစွန်နေသည့် ဘောင်းဘီများနဲ့အတူ ကိုရှိန်းကိုကို နှင့်ကိုအောင်ဝင်းသန်းတို့နှစ်ဦးသက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိကြောင်းသိရသည်။


အခင်းမဖြစ်မီ မြန်မာအလုပ်သမား သေဆုံးသူနှင့်တရားခံ(၂)ဦးသည် အရက်သေစာသောက်စားရင်းသေဆုံးသူမှမိမိနှင့်အလုပ်အတူလိုက်လုပ်ရန်ခေါ်၍ ၎င်းတရားခံနှစ်ဦး ကမှ ငြင်းဆိုကာ သေဆုံးသူမှ သူငယ်ချင်းနှစ်ဦးအား ဆံပင်အရှည်နဲ့ မိန်းမလျာလိုလိုနဲ့ စပြောရာမှ ဒေါသဖြစ်ကာထိုးကြိတ်ကြရင်း အောင်ဝင်းသန်းဆိုသူမှကျောထုတ်ကာ ရှိန်းကိုကိုမှ ဓားဖြင့်ထိုးခဲ့ပြီး အခန်းပြန်နေခဲ့ကြောင်း ထွက်ဆိုသွားသည်။

 ထိုကြောင့်တာဝန်ရှိရဲအရာရှိများမှ တရားခံများအား ထိုင်းတည်ဆဲဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်

Subscribe Us