Wednesday, December 12, 2018

မြန်မာအလုပ်သမားနှစ်ဦးနေရပ်ပြန်ပို့ရေးအလုပ်သမားသံအရာရှိရုံးနှင့်LPNအဖွဲ့ပူးပေါင်းဆောင်ရွက်




ယနေ့(၁၂.၁၂.၂၀၁၈)ရက်နေ့ နံနက်အချိန်တွင် အလုပ်သမား သံအရာရုံးသို့ မဟာချိုင်မြို့အခြေစိုက် LPN Foundationအဖွဲ့မှ လာရောက်ကာ ကိုယ်အင်္ဂါထိခိုက်ထိခိုက်ဒဏ်ရာရရှိထားသည့် မြန်မာအလုပ်
သမားနှစ်ဦးအား နေရပ်ပြန်ပို့ရာတွင်လိုအပ်သည့် အကူညီများလာရောက်တောင်းခံခြင်းဖြစ်ကြောင်းသိ
ရသည်။

“အလုပ်သမားသံအရာရှိရုံးကနေ ကျနော်တို့ အဆင်ပြေပြေ နဲ့နေရပ်ပြန်နိုင်ရေးအတွက် ကူညီဆောင်
ရွက်ပေးသလို အသုံးစရိတ်ပါထုတ်ပေးလို့ ကျေးဇူးတင်ပါတယ်”လို့ဦးမြင့်စိုး(၄၁နှစ်)ကပြောသည်။


ထိခိုက်ဒဏ်ရာရရှိသည့် အလုပ်သမားနှစ်ဦးဖြစ်သည့် ဦးမြင့်စိုး(၄၁နှစ်)၊ ဦးမျိုးမင်းထွန်း (၃၈နှစ်)တို့ဖြစ်
ပြီး၎င်းတို့ ကိုင်ဆောင်ထားသည့် အထောက်ထားများသက်တမ်းကုန်ဆုံးလျက်ရှိကြောင်းသိရသည်။



“ကျနော်တို့နိုင်ငံသားအလုပ်သမားတွေအခုလို ဖြစ်တာကိုတော စိတ်မကောင်းဖြစ်ရသလို၊သူတို့ကိုအကူညီပေးခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်၊နောက်ပြီး အလုပ်သမားရေးကိစ္စနဲ့ ပက်သက်ပြီးတော့
လည်း LPNအဖွဲ့နဲ့ပူးပေါင်းဆောင် ရွက်မှုကတော့ ယခုမှမဟုတ်ပါဘူး ယခင်ကတည်းရှိပါတယ် ရှေ့ဆက်
ပြီးတော့လည်း အခုလိုအလုပ်သမားရေးကိစ္စရပ်တွေ နဲ့ပက်သက်ပြီးတော့ လူမှုအဖွဲ့အစည်းအသီးသီးတွေနဲ့ ဆက် လက်ပူးပေါင်းဆောင်ရွက်သွားမှာပါ”လို့ အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောသည်။

ထိခိုက်ဒဏ်ရာရရှိထားပြီး နေရပ်ပြန်ကြမည့် ၎င်းအလုပ်သမား (၂)ဦးအတွက် လိုအပ်သည့် စာရွက်စာတမ်းကိစ္စရပ်များအပါဝင် လိုအပ်သည့်ကူညီမှုတို့ကိုလည်းပေးအပ်ခဲ့ကြောင်းသိရသည်။

Subscribe Us